Monday, April 28, 2025

အာဆီယံ-ဘရစ် ပူးပေါင်းမှု မြှင့်တင်ရေး တွန်းအားပေးမည်–မလေးရှား

မလေးရှားနိုင်ငံသည် ဒေသဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ရည်ရွယ်၍ အာဆီယံနှင့် ဘရစ်အကြား ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ရန် တက်တက်ကြွကြွဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆရီမိုဟာမက်...

စံချိန်တင် နေ့အပူချိန်မြင့်တက်ခဲ့သည့်ချောက်မြို့တွင် အပူချိန်အနည်းငယ်ပြန်လည် ကျဆင်းလာ

စံချိန်တင် နေ့အပူချိန် ၄၅ ဒဿမ ၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့သည့် မကွေးတိုင်း၊ ချောက်မြို့တွင် ဧပြီ(၂၇) ရက်က ၄၄ ဒဿမ...

Sky Villa ကွန်ဒိုမှ အပျ-က်အစီးများအောက်မှ...

မတ်လ (၂၈) ရက် လှုပ်ခတ်ခဲ့သည့် အင်းအားပြင်းငလျင်ကြောင့် ပြိုကျခဲ့သည့် မန္တလေးမြို့မှ Sky Villa ကွန်ဒိုအပျ-က်အစီးများအောက်မှ ရှာတွေ့သည့် ရုပ်အလေ-ာင်း (၁၀၀)...

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပြီးစီး

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပြီးစီးပြီဖြစ်ကြောင်း စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များထံမှ သိရသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဘက်စုံပြန်လည်ပြုပြင်နေမှုများကို သာသနာရေးနှင့်ယဥ်ကျေးမှုဝန် ကြီးဌာန ဒု-ဝန်ကြီးဦးအေးထွန်းမှ ဧပြီ ၂၇ ရက်နံ နက်ပိုင်းကကြည့်ရှုစစ်ဆေးစဥ်...
HomeNewsLocal Newsကျိုက်ထီးဆောင်းဆရာတော်ကြီးမှ ငလျင်ဒဏ်သင့်သူများအတွက် ပထမအကြိမ်အဖြစ်...

ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ ငလျင်ဒဏ်သင့်သူများအတွက် ပထမအကြိမ်အဖြစ် အလှူငွေ သိန်းပေါင်း (၁၅၀၀) ကျော်လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၊ နေ ပြည်တော်နှင့် စစ်ကိုင်းတိုင်းတို့မှ ငလျင်ဒဏ်သင့်သူများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ပေးနေသည့် လူမှုကူညီရေးအသင်းတို့ထံသို့ ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ ပထမအကြိမ်အဖြစ် အလှူငွေများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျိုက်ထီးဆောင်းဆရာတော်ကြီးနှင့် ငါးသုံးလီတပည့် ဒကာ၊ ဒကာမများစုပေါင်း၍ မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးမြို့ရှိ မစိုးရိမ်တိုက်သစ်အတွက် အလှူတော်ငွေကျပ်သိန်း(၃၀၀)၊ ငလျင်ဒဏ်သင့်သူများကုသမှုခံယူနေကြသည့် မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးအရိုးအထူးကုဆေးရုံကြီးရှိ လူနာ(၄၀၀)ဦးအတွက် အလှူငွေကျပ်သိန်း(၄၀၀)၊ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ အလှူတော်ငွေကျပ်သိန်း(၁၀၀)တို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ အလှူတော်ငွေကျပ်သိန်း(၁၅၀)၊ ကျန်းမာရေးဝန်ကြီးဌာနသို့ အလှူတော်ငွေကျပ်သိန်း(၃၀၀)၊ စစ်ကိုင်းပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြသည့် ငလျင်ဒဏ်သင့်လူနာ(၁၀၀)ဦးအတွက် အလှူတော်ငွေကျပ်(၁၀၀)သိန်း၊ စစ်ကိုင်းပြည်သူ့ဆေးရုံကြီးသို့ အလှူတော်ငွေကျပ်သိန်း(၁၀၀)တို့ကိုလည်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ ငလျင်ဒဏ်သင့်ဒေသများတွင် ရှာဖွေကယ်ဆယ်ရေးလုပ် ငန်းများဆောင်ရွက်လျက်ရှိသည့် ဘိုဘိုဝင်း(မော်လမြိုင်)ဦးဆောင်သည့်အဖွဲ့၊ မွန်(၂)ဖွဲ့၊ ကရင်(၂)ဖွဲ့ တို့အား ငွေကျပ်(၇၅)သိန်းနှင့် ငွေကျပ်သိန်း(၄၀) တန်ဖိုးရှိ လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကိုလည်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ဘရစ် ပူးပေါင်းမှု မြှင့်တင်ရေး တွန်းအားပေးမည်–မလေးရှား

မလေးရှားနိုင်ငံသည် ဒေသဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ရည်ရွယ်၍ အာဆီယံနှင့် ဘရစ်အကြား ထိတွေ့ဆက်ဆံမှုကို မြှင့်တင်ရန် တက်တက်ကြွကြွဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ် ဆရီမိုဟာမက် ဟာဆန်က ပြောကြားလိုက်သည်။ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးတွင် ကျင်းပပြုလုပ်မည့် ဘရစ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွက် ဧပြီလ ၂၈၊ ၂၉ နှစ်ရက်တာ သူ၏ ခရီးစဉ်အတွင်း အစည်းအဝေးတွင် တင်သွင်းမည့် အကြောင်းအရာများ၌ အဆိုပါအကြောင်းအရာလည်း ပါဝင်မည်ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်အာဆီယံအလှည့်ကျ ဥက္ကဌမလေးရှားနိုင်ငံသည် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်...

စံချိန်တင် နေ့အပူချိန်မြင့်တက်ခဲ့သည့်ချောက်မြို့တွင် အပူချိန်အနည်းငယ်ပြန်လည် ကျဆင်းလာ

စံချိန်တင် နေ့အပူချိန် ၄၅ ဒဿမ ၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့သည့် မကွေးတိုင်း၊ ချောက်မြို့တွင် ဧပြီ(၂၇) ရက်က ၄၄ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်သို့ ပြန်လည်ကျဆင်းလာခဲ့ကြောင်းနှင့် ယင်းသည် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်အထိ ပိုနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ အသိပေးချက်အရ သိရသည်။ ဧပြီ(၂၆)ရက်က နေ့အပူချိန် စံချိန်တင်မြင့်တက်ခဲ့သည့်ချောက်မြို့သည် ဧပြီ(၂၇)ရက်‌ တစ်ရက်အတွင်း ၁ ဒီဂရီစင်တီဂရိတိပြန်လည်ကျဆင်းခဲ့ခြင်းလည်းဖြစ်သည်။ အလားတူ ထူးခြားသည့် နေ့အပူချိန်များအဖြင့် တောင်တွင်းကြီးမြို့နှင့် မြင်းမူမြို့တို့တွင်...

Sky Villa ကွန်ဒိုမှ အပျ-က်အစီးများအောက်မှ ရုပ်အလေ-ာင်း (၁၀၀) ကျော် ရှာတွေ့ထား

မတ်လ (၂၈) ရက် လှုပ်ခတ်ခဲ့သည့် အင်းအားပြင်းငလျင်ကြောင့် ပြိုကျခဲ့သည့် မန္တလေးမြို့မှ Sky Villa ကွန်ဒိုအပျ-က်အစီးများအောက်မှ ရှာတွေ့သည့် ရုပ်အလေ-ာင်း (၁၀၀) ကျော်ရှိလာပြီ ဖြစ်သည်။ ယမန်နေ့ ဧပြီလ (၂၇) ရက်အထိ ရှာဖွေတွေ့ရှိသည့် ရုပ်အလေ-ာင်း (၁၀၇) လေ-ာင်းအထိ ရှိလာကြောင်းလည်း မန္တလေးမြို့တော် စည်ပင်သာရေးကော်မတီက ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်တွင် ယင်းကွန်ဒိုမှ လူ (၅၂) ဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကာ နောက်ထပ်လည်း ‌ေ-သဆုံးသူ များ၏ ရုပ်အလေ-ာင်းများကို ရှာဖွေနေကြောင်းလည်း ဆိုသည်။ အဆိုပါ Sky Villa...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071