ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ငလျင်ဒဏ်သင့် အိမ်ထောင်စုများကို ယနေ့ ဧပြီ ၂၄ ရက်က ထောက်ပံ့လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများ(၁၀၄)ကျောင်းကို တစ်ကျောင်းလျင် အလှူငွေကျပ်(၁၀)သိန်းစီ၊ အိမ်ထောင်စု(၃၃၀)အား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ(၁)သိန်းကျပ်စီအပါအဝင် ဆေး၊ ဖျာ၊ ခြင်ထောင်၊ မိုးကာ၊ ကြာဇံတို့ကိုလည်းထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထို့အတူ ကျိုက်ထီးဆောင်းဆရာတော်ကြီးသည် မဟာစည်းခုံကြီးဘုရား ဘက်စုံပြုပြင်မွန်းမံမှုများပြုလုပ်နိုင်ရန် အလှူငွေကျပ်သိန်း(၂၀)ကိုလည်း ဘုရားဂေါပကအဖွဲ့ထံ လှူဒါန်းခဲ့ကြောင်း သိရသည်။
