Sunday, November 24, 2024

အာရှတွင် အကျပ်အတည်းများဖြစ်လာစေရန် အမေရိက,က ထိုင်ဝမ်ကို...

အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ကို အသုံးချ၍ အာရှတွင် ဆိုးဝါးသောအကျပ်အတည်း ပေါ်ပေါက်လာစေရန် လုပ်ဆောင်နေကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Andrei Rudenko က ပြောဆိုသည်ဟု...

နိုင်ငံခြားခရီးသွားများ သေဆုံးခဲ့ရသည့် အရက်အဆိပ်သင့်မှုအတွက် တရားမျှတမှုဖော်ဆောင်မည်ဟု...

မီသနောအဆိပ်သင့် အရက်သောက်သုံးမိမှုကြောင့် နိုင်ငံခြားခရီးသွားများ သေဆုံးခဲ့ရခြင်းအတွက် အလွန်တရာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနှင့် ယင်းကိစ္စတွင် တာဝန်ရှိသူများကို တရားစွဲဆိုသွားမည်ဟု လာအိုအစိုးရက ကတိပြုခဲ့သည်။ နာမည်ကျော် ခရီးသွားမြို့ Vang...

ဒဂုံမြောက်ပိုင်းတွင် ဆိုင်ကယ်အသုံးပြု၍ ဖုန်းလုယက်သူအား ဖမ်းဆီးရမိခဲ့

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဆိုင်ကယ်အသုံးပြု၍ လမ်းသွားလမ်းလာများထံမှ ဖုန်းများကိုလုယက်ခဲ့သူအား ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ဆိုင်ကယ်အသုံးပြု၍...

မနီလာ ဆင်းရဲသားရပ်ကွက်တွင် မီးအကြီးအကျယ်လောင်

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာအနီးဝန်းကျင်တွင်ရှိသည့် ဆင်းရဲသားရပ်ကွက်တစ်ခုတွင် နိုဝင်ဘာ ၂၄ ရက်က မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ခဲ့သောကြောင့် လိမ္မော်ရောင် မီးတောက်မီးလျှံများနှင့် အမည်းရောင် မီးခိုးလုံးများ ကောင်းကင်သို့ ထိုးတက်ခဲ့သည်။ နေအိမ်တစ်လုံး၏...
HomeNewsLocal Newsကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား နိုဝင်ဘာလအတွင်း ဘုရားဖူးပြည်သူ...

ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား နိုဝင်ဘာလအတွင်း ဘုရားဖူးပြည်သူ (၁၂၀၀၀၀)ကျော် လာရောက်ဖူးမြော်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား နိုဝင်ဘာ (၂၄)ရက်အထိ လာရောက်ဖူးမြှော်သူ (၁၂၅၄၅၀)ဦး ရှိကြောင်း ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာ လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရသည်။

ထိုသို့ လာရောက်ဖူးမြှော်ရာ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ (၁၇) ရက်မှ နိုဝင်ဘာ (၂၃) ရက်အထိ ဘုရားဖူး (၁၇၀၀၅၅)ဦးရှိပြီး ပြည်တွင်းဘုရားဖူး(၁၆၉၄၃၀)ဦးနှင့် ပြည်ပဘုရားဖူးက (၆၂၅)ဦးရှိကြောင်း သိရသည်။

“ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို စနေ၊ တနင်္ဂနွေနဲ့ အများပြည်သူအလုပ်ပိတ်ရက်တွေမှာ အများဆုံး လာရောက်ကြတယ်”ဟု ဂေါပကအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ လာရောက်ဖူးမြှော်ကြရာတွင် ပြည်သူများ၊ အန္တရာယ် ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာဘုရားဖူးမြော်နိုင်ရန် စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲနှင့် တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် တောင်တက်မော်တော်ယာဉ် အစီး (၁၅၀)ဖြင့် နေ့စဉ်ပြေးဆွဲပေးနေပြီး သတ်မှတ်လူဦးရေနှင့် ယာဉ်စီးနင်းခများကိုလည်း သတ်မှတ်နှုန်းထားဖြင့် အလွယ်တကူ လိုက်ပါစီးနင်းနိုင်ရန် စီမံထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာရှတွင် အကျပ်အတည်းများဖြစ်လာစေရန် အမေရိက,က ထိုင်ဝမ်ကို အသုံးချနေ–ရုရှား

အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ကို အသုံးချ၍ အာရှတွင် ဆိုးဝါးသောအကျပ်အတည်း ပေါ်ပေါက်လာစေရန် လုပ်ဆောင်နေကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Andrei Rudenko က ပြောဆိုသည်ဟု တာ့စ် သတင်းဌာနက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြခဲ့ပြီး ထိုင်ဝမ်နှင့် ပတ်သက်သော တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို မော်စကိုက ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ဝါရှင်တန်သည် ၎င်းတို့ထောက်ခံထားသည့် တရုတ်တစ်နိုင်ငံတည်းမူကို ချိုးဖောက်၍ လက်ရှိအနေအထားကို ထိန်းသိမ်းထားသည်ဆိုသော ကြွေးကြော်မှုအောက်တွင် ထိုင်ဝမ်နှင့် စစ်ရေး၊ နိုင်ငံရေးဆက်ဆံမှု အားကောင်းလာသကဲ့သို့ လက်နက်ရောင်းချပေးမှုများလည်း တိုးမြှင့်လာသည်ကို မြင်တွေ့နေရသည်ဟု Rudenko က...

နိုင်ငံခြားခရီးသွားများ သေဆုံးခဲ့ရသည့် အရက်အဆိပ်သင့်မှုအတွက် တရားမျှတမှုဖော်ဆောင်မည်ဟု လာအို ကတိပြု

မီသနောအဆိပ်သင့် အရက်သောက်သုံးမိမှုကြောင့် နိုင်ငံခြားခရီးသွားများ သေဆုံးခဲ့ရခြင်းအတွက် အလွန်တရာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနှင့် ယင်းကိစ္စတွင် တာဝန်ရှိသူများကို တရားစွဲဆိုသွားမည်ဟု လာအိုအစိုးရက ကတိပြုခဲ့သည်။ နာမည်ကျော် ခရီးသွားမြို့ Vang Vieng သို့ သွားရောက်လည်ပတ်ခဲ့ကာ အဆိပ်သင့်အရက်များ သောက်သုံးမိခဲ့သောကြောင့် ဒိန်းမတ်နှစ်ဦး၊ သြစတြေးလျနှစ်ဦး၊ ဗြိတိန်တစ်ဦးနှင့် အမေရိကန်တစ်ဦးတို့ သေဆုံးခဲ့သည်။ “ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့နဲ့ ပါဝင်ပတ်သက်သူတွေကို ဥပဒေနဲ့အညီ တရားမျှတမှုဖော်ဆောင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု အစိုးရက ပြောဆိုခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အစိုးရ၏ ပထမဆုံး လူသိရှင်ကြားထုတ်ဖော်ပြောဆိုမှုအဖြစ် နိုဝင်ဘာ ၂၄...

ဒဂုံမြောက်ပိုင်းတွင် ဆိုင်ကယ်အသုံးပြု၍ ဖုန်းလုယက်သူအား ဖမ်းဆီးရမိခဲ့

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဆိုင်ကယ်အသုံးပြု၍ လမ်းသွားလမ်းလာများထံမှ ဖုန်းများကိုလုယက်ခဲ့သူအား ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ဆိုင်ကယ်အသုံးပြု၍ လမ်းသွားလမ်းလာများထံမှ ဖုန်းလုယက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သ တင်းအရ ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာမှ နိုဝင် ဘာ ၆ ရက်ည ၆ နာရီခွဲကျော်ခန့်တွင် ရွှေပေါက္ကံမြို့သစ်နေ ဆန်းထက်ဝေ(၂၃)နှစ်အား မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ကြသည်။ စစ်ဆေးချက်အရ ဖုန်းလုယက်မှုဖြစ်စဥ်များနှင့် လုယက်မှုများကျူးလွန်စဉ် စီးနင်းအသုံးပြုခဲ့သည့် Bashan (ဖြူ/ပြာရောင်)ဆိုင်ကယ်နှင့်အ တူ လမ်းသွားလမ်းလာများထံမှ လုယက်ယူ ဆောင်ကာ မြောက်ဥက္ကလာပမြို့နယ်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071