ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ စပါယ်ရှယ်တောင်အဆင်းတွင် မတ် ၁ ရက်ည ၈ နာရီ ၁၀ မိ နစ်ခန့်က အဝေးပြေးခရီးသည်တင်ကား လမ်းဘေးထိုးကျခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။
ကျိုင်းတုံမြို့နယ်၊ စပါယ်ရှယ်တောင်အဆင်း၊ လက်ပံကွေ့(၁)၊ ပြည်ထောင်စုလမ်းမကြီးအ တိုင်း တာချီလိတ်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ကားမောင်းသူအပါအဝင် အမျိုးသား(၁၄)ဦးနှင့် အမျိုးသမီး(၁၈)ဦးလိုက်ပါလာသည့် အဝေးပြေးခရီးသည်တင်ကားသည် မိုင်တိုင်အမှတ် ၃၆၆/ ၆ နှင့် ၃၆၆/၇ ကြားအရောက် လမ်းဘေးသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ထိုးကျသွားခဲ့သဖြင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း သတင်းအရ ကျိုင်းတုံခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ယနေ့ မတ် ၂ ရက်နံနက် ၂ နာရီခန့်တွင် သေဆုံးခဲ့သည့် အမျိုးသား(၅)ဦးနှင့် အမျိုး သမီး(၂)ဦး၊ ထိခိုက်ဒဏ်ရာရသူများအား သယ်ထုတ်ကယ်ဆယ်ပြီးနောက် ဒေသခံလူမှုကူညီရေးအသင်းကားများဖြင့် ကျိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။