Saturday, January 18, 2025

ပုပ္ပားတောင် ပရဆေးဥယျာဉ်အနီး မြန်မာ့ရွှေသမင်များအား လာရောက်...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁)မိုင်ခန့်အကွာတွင် ကမ္ဘာကျော် မီးငြိမ်းတောင်ဖြစ်သည့် ပုပ္ပားတောင်ပရဆေး ဥယျာဉ်အနီး ရွှေသမင်ဘေးမဲ့တော ဥယျာဉ်တွင် ရွှေသမင်များ...

ထိုင်းကုန်သွယ်မှုပြပွဲတွင် မြန်မာလုပ်ငန်းရှင်များ ပြခန်း အခမဲ့ရရှိမည်

"Thai FEX-Anuga Asia 2025” တွင် ပြသမည့် မြန်မာလုပ်ငန်းရှင်များအား ပြခန်းအခမဲ့ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်...

၂၀၂၅ ဆီဂိမ်းအတွက် မြန်မာယူ-၂၃ အသင်း...

၂၀၂၅ ဆီဂိမ်းအတွက် မြန်မာယူ-၂၃ အမျိုးသားအသင်း နည်းပြအဖြစ် ဂျပန်နည်းပြတစ်ဦး ခန့်အပ်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်လျက်ရှိကြောင်း အဖွဲ့ချုပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။ ကနဦးတွင် ပြည်တွင်းနည်းပြတစ်ဦးကိုသာ...

မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့်အညီ အာဆီယံ၏တူညီဆန္ဒ (၅)...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်မောင်ဆွေ သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ တည်ခင်း ဧည့်ခံသည့် နှစ်သစ်ကူး အလုပ်သဘောညစာစားပွဲသို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် အာဆီယံနှင့်ပတ်သက်၍...
HomeNewsLocal Newsကျောက်ထီးတန္တု သာသနာပြုစေလိုသည့် နဝဓုတင်္ဂါစာရ...

ကျောက်ထီးတန္တု သာသနာပြုစေလိုသည့် နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်ကြီး၏ ထေရုပ္ပတ္တိတော်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်၏ သြဝါဒါစရိယ နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်ကြီး ဘဒ္ဒန္တ ပညာသာရ သက်တော်(၇၆)နှစ်၊ ဝါတော်(၅၂)ဝါသည် သီ တင်းသုံးနေထိုင်တော်မူလျက်ရှိသည့် ဇောတိကာရုံကျောင်းဆောင်တွင် ထိုင်လျှက်အနေအထားဖြင့် ဓူတင်ကျင့်ဆောင်တော်မူနေစဥ် ဇန်နဝါရီ ၁၃ ရက်နံနက် ၅ နာရီ ၄၀ မိနစ်က ထိုင်လျှက်အနေအ ထားဖြင့်ပင် ရုတ်တရက် ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့သည်။

နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်ကြီးအား ၁၉၄၉ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက် ကြာသာပတေးနေ့တွင် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၌ အဖ ဦးလှရွှေ၊ အမိ ဒေါ်အေးတင်တို့မှ သားဦးရတနာအဖြစ်ဖွားမြင်တော်မူခဲ့ပြီး မွေးချင်းညီအကို(၃)ဦးတွင် အကြီးဆုံးဖြစ်သည်။

အသက်(၇)နှစ်သားအရွယ်တွင် ယုန်သလင်း ကိုးတောင်ပြည့်ကျောင်းဆရာတော်ဦးသြဘာသကို ဥပဇ္စျာယ်ပြု၍ သာမဏေအဖြစ်ရောက်ရှိကာ ဘွဲ့တော်မှာ ရှင်ပညာစက္ကဖြစ်သည်။

မဟာထေရ်မြတ်ကြီးလောင်းလျာသည် မြန်မာ၊ ပါဋ္ဌိ၊ အင်္ဂလိပ်၊ ဝေဒ၊ သာမုန္ဒြိက၊ ဘေသဇ္ဇ၊ စိတ္တဗေဒ အစရှိသော လောကီ၊ လောကုတ္တရာကျမ်းပေါင်းများစွာကို ငယ်စဥ်မှစ၍ သေချာစွာကျယ်ကျယ်ပြန့်ပြန့်လေ့လာလိုက်စားခဲ့သည်။

၁၃၃၁ ခုနှစ်တွင် မြင့်မြတ်သောရဟန်းဘဝအား စတုတ္ထမြောက် ဘုရားကြီးဆရာတော်ဘုရားအား ဥပဇ္စျာယ်ပြုကာ ရောက်ရှိတော်မူခဲ့သည်။ ထို့ပြင် ဟ င်္သာတမြို့၊ ကျေးဇူးရှင်ဆရာတော်ကြီးများနှင့် ပြည်မြို့၊ နိဗ္ဗိန္ဒ ဆရာတော်ဘုရားကြီး၊ ပါဒ ဆရာ တော်ဘုရားကြီးတို့၏ ဥပနိဿယများကိုရရှိ၍ ဓုတင်(၁၃)ပါးကို (၃၆၅)ရက်တိတိဆောက်တည်ပြီး သမထ၊ ဝိပဿနာကျင့်စဥ်များကို အောင် မြင်တော်မူခဲ့ပြီး ဓုတင်(၉)ပါးကို ကျင့်ကြံအားထုတ်တော်မူခဲ့သည်။

နေ့စဥ် မလဲမလျောင်းဘဲကျင့်ကြံပွားများအား ထုတ်ခဲ့သည်မှာ ဓုတင်ရက်ပေါင်း(၁၈၆၀၀) ကျော်ရှိခဲ့သည်။ ဗုဒ္ဓဥာဏ်တော်(၆)ပါး၊ ဓုတင် (၉)ပါး၊ ကမ္မဌာန်း(၁၁)ပါးနှင့် မဟာပဋ္ဌာန်းကျမ်းတော်မြတ်ကြီးကို နေ့စဥ် ကျင့်ကြံပွားများအား ထုတ်ခဲ့သည်မှာလည်း နှစ်ပေါင်း(၅၀)ကျော်ရှိတော်မူခဲ့သည်။

ပဋိပတ္တိသာသနာတော်ကို ကြိုး စားအားထုတ်တော်မူသည့်နည်းတူ ပရိယတ္တိသာသနာအဖြစ် ဓမ္မဒါနမျိုးပေါင်း(၁၀၀)ကျော်ကိုရေးသားပြုစု၍ ပြည်တွင်း၊ ပြည်ပ ဓမ္မဒါနများပြုလုပ်လှူဒါန်းတော်မူခဲ့သည်။ စတုတ္ထဘုရားကြီးဆရာတော်မှ ရွှေထီးတော်မြတ်ဆုကို ဓမ္မပူဇာအဖြစ် ချီးမြှင့်တော်မူခဲ့သည်။

ထို့အတူ  နဝဓုတင်္ဂါစာရ မဟာထေရ်မြတ်ကြီးသည် တရားဟောကြားချီးမြှင့်တော်မူခြင်းအပြင် စိတ်ထားပြည့်ဝတရားရ၊ ပန်းဝင်အရေးကြီးတယ် စသည့်စာစောင်ငယ်များကို အင်္ဂလိပ်-မြန် မာ နှစ်ဘာသာဖြင့် ဓမ္မဒါနဖြန့်ဝေလှူဒါန်းတော်မူခြင်းများကို ပြည်ပသာသနာပြုလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်တော်မူခဲ့သည်။

ထို့ပြင် ဆွမ်းလွတ်အဓိဋ္ဌာန်ကို ပြည်ပတွင်(၇)ရက်၊ ပြည်တွင်းတွင်(၁၇)ရက်(စုစုပေါင်း ၂၄ ရက်)ကျင့်တော်မူခဲ့သည်။ရန်ကုန်တွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဗုဒ္ဓညီလာခံ တွင် ကမ္ဘာ့ ဂန္တဝင် သာသနာ့သင်ခန်းစာ ကျမ်းစာအုပ်ကြီးများ ကို CD ချပ်များနှင့်တကွ ဓမ္မဒါန ပြုခဲ့သည်။ ဗုဒ္ဓ တရားတော်များ၏ အနှစ်အသား တို့ကို အစီစဥ်တကျ ပူဇော် နိုင်ရန် ဓမ္မစေတီတော် ၆ဆူ ဘုရားရှစ်ခိုး ကို အနှစ်ထုတ်ပေးခဲ့ရာ တပည့်ဒကာ များအလွန်အကျိုးများလျှက်ရှိသည်။ သမထ ၊ ဝိပဿနာ နှစ်ဖက်လုံး အတွက် မေးသမျှမေးခွန်းကို ကျေနပ်အောင် ဖြေဆိုရှင်းပြနိုင်သော ဆရာတော်ကြီးလည်းဖြစ်သည်။

နိုင်ငံတော်အစိုးရမှ နဝဓုတင်္ဂါစာရ မ ဟာထေရ်မြတ်ကြီးအား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါ ရီ ၄ ရက်တွင် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့ တံဆိပ်တော်၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်တော်မူခဲ့ကြသည်။

မဟာထေရ်မြတ်ကြီးသည် သာသနာနှစ် ၂၆၀၀ ပြည့်နှစ် ဌာပနာ တိုက်ပိတ်ပွဲအဖြစ် “မင်းနှင့်ပြည်သူ ကြည်ဖြူစွာ လက်တွဲအားခဲထားကြ၊ အဲဒါ ဗျာဒိတ်သဘောဘဲ”ဟု သာသနာ့မော်ကွန်းသစ္စာကို မိန့်ကြားချီးမြှင့်တော်မူကာ သာသနာ့သစ္စာ မော်ကွန်းတော်ကြီးအနေဖြင့် (၉)ပေအမြင့်ရှိသော ကျောက်စာတော်ကြီးကို အထူးရေးသားပူဇော်တော်မူခဲ့သည်။

ကျမ်းပေါင်းများစွာကိုလည်း ရေးသားပြုစုတော်မူခဲ့ပြီး ညစဥ် ပဋ္ဌာန်းတရားရွတ်ပွားပူဇော်တော်မူခြင်းအပါအဝင် ဝိပဿနာတရား‌တော်များကို ဟောကြားချီးမြှင့်တော်မူ၍ ရဟန်းရှင်လူများက အထူးကြည်ညိုလေးစားပူဇော်ကြသည့် သာသနာ့အာဇာနည် သာသနာ့ကျက်သရေဆောင် မထေရ်မြတ်ကြီးဖြစ်သည်။

ကျေးဇူးတော်ရှင် မထေရ်မြတ်ကြီး ပျံလွန်တော်မူခဲ့ခြင်းမှာသာသနာတော်အတွက် အားလျော့ရသော်လည်း ဆရာတော်ကြီး၏ မဟာကရုဏာ ဓါတ်ကြီးက လွှမ်းပတ်ခြုံပေးထားမည်ဟု ယုံကြည်ရင်း ဆရာတော်ကြီး၏ အာဘော်အတိုင်း ​အေး​အေးချမ်းချမ်း၊ခိုင်ခိုင်မာမာ ကျောက်ထီးပမာ သာသနာပြု နိုင်ကြပါစေ ဟု ဆန္ဒပြု ပူဇော်လိုက်ရပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုပ္ပားတောင် ပရဆေးဥယျာဉ်အနီး မြန်မာ့ရွှေသမင်များအား လာရောက် လေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁)မိုင်ခန့်အကွာတွင် ကမ္ဘာကျော် မီးငြိမ်းတောင်ဖြစ်သည့် ပုပ္ပားတောင်ပရဆေး ဥယျာဉ်အနီး ရွှေသမင်ဘေးမဲ့တော ဥယျာဉ်တွင် ရွှေသမင်များ လာရောက်လေ့လာနိုင်ကြောင်း သိရသည်။ အဆိုပါ ရွှေသမင်ဘေးမဲ့တောဥယျာဉ်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ထိန်းသိမ်းကာကွယ်ခြင်းများ ဆောင်ရွက်နေသည့် နေရာဖြစ်ပြီး ရွှေသမင်များ၊ ဆတ်များ ကျင်လည်ကျက်စားနေကြောင်း သိရသည်။ ထို့ပြင် ယင်းနေရာတွင်ပင် (၁၇)ဧကခန့် ကျယ်ဝန်းသည့် စန္ဒကူးတောနှင့် ရွှေသမင်များ၊ ဆတ်များ၊ စန္ဒကူးတို့အား စိုက်ပျိုးထိန်းသိမ်းထားရှိထားကြောင်း...

ထိုင်းကုန်သွယ်မှုပြပွဲတွင် မြန်မာလုပ်ငန်းရှင်များ ပြခန်း အခမဲ့ရရှိမည်

"Thai FEX-Anuga Asia 2025” တွင် ပြသမည့် မြန်မာလုပ်ငန်းရှင်များအား ပြခန်းအခမဲ့ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ သိရသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန (DITP) မှ ကြီးမှူး၍ “Thai FEX -Anuga Asia 2025” ကို ၂၀၂၅ ခုနှစ်၊ မေလ (၂၇) ရက်မှ (၃၁) ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ပြပွဲတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအတွက် ပြခန်းတစ်ခန်းလျှင် (၂.၂၅ မီတာ x...

၂၀၂၅ ဆီဂိမ်းအတွက် မြန်မာယူ-၂၃ အသင်း နည်းပြအဖြစ် ဂျပန်နည်းပြတစ်ဦး ခန့်အပ်ရန် စီစဉ်နေ

၂၀၂၅ ဆီဂိမ်းအတွက် မြန်မာယူ-၂၃ အမျိုးသားအသင်း နည်းပြအဖြစ် ဂျပန်နည်းပြတစ်ဦး ခန့်အပ်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်လျက်ရှိကြောင်း အဖွဲ့ချုပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။ ကနဦးတွင် ပြည်တွင်းနည်းပြတစ်ဦးကိုသာ တာဝန်ပေးခန့်အပ်ရန် လျာထားခဲ့သော်လည်း ယခုအခါ ဂျပန်လူမျိုးနည်းပြကို ခန့်အပ်ရန်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာယူ-၂၃ အမျိုးသားအသင်းအတွက် လက်ရှိဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေသည့် ဂျပန်လူမျိုးနည်းပြနှင့် သဘောတူညီမှုရရှိပြီးပါက တရားဝင်သတင်းထုတ်ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာယူ-၂၃ အသင်းအနေဖြင့် ဆီးဂိမ်းအကြိုပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံကို သွားရောက်နေထိုင်လေ့ကျင့်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။ (၃၃) ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲကို လာမည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071