Wednesday, January 15, 2025

ရန်ကုန်ယူနိုက်တက်အသင်း ဂိုးသမား ပြည့်ဖြိုးအောင် အသင်းဖြင့်...

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဂိုးသမားပြည့်ဖြိုးအောင်တို့ ယခုလ ဇန်နဝါရီ (၁၃) ရက်မှစတင်၍ နှစ်ဖက်သဘောတူညီမှုဖြင့် စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်က တရားဝင် အသိပေးထုတ်ပြန်ထားသည်။ ၎င်းအနေဖြင့် ရန်ကုန်အသင်းဖြင့် ယခုဘောလုံးရာသီကုန်သည်အထိ...

မကာအိုအသင်းကို (၁၈) ဂိုး ဂိုးမရှိဖြင့်...

ယနေ့ ဇန်နဝါရီ (၁၅) မွန်းလွဲ (၂)နာရီအချိန်၌ ရန်ကုန်မြို့ ၊ MFF Futsal Indoor Stadium တွင် AFC...

ထရမ့်ပ်ကို သတ်ရန် မည်သည့်အခါကမျှ မကြံစည်ခဲ့–...

အီရန်သည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ခရမ့်ပ်ကို သတ်ဖြတ်ရန် မည်သည့်အခါကမျှ ကြံစည်ခဲ့ခြင်းမရှိဟု အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က အင်န်ဘီစီသတင်းဌာနနှင့် ဇန်နဝါရီ ၁၄ ရက်က...

မြန်မာ-တရုတ်ပူးပေါင်း၍ လျှပ်စစ်မီးနှင့်လမ်း များကဲ့သို့ ကျေးလက်အခြေခံအဆောက်အအုံများတည်ဆောက်ရန်ဆွေးနွေး

မြန်မာ-တရုတ်ပူးပေါင်း၍ လျှပ်စစ်မီးနှင့်လမ်း များကဲ့သို့ ကျေးလက်အခြေခံအဆောက်အအုံများတည်ဆောက်ရန် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ် Ms. Ma Jia တို့ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့်...
HomeNewsLocal Newsကျောက်ပန်းတောင်း မြို့နယ်တွင် ပုပ္ပါး...

ကျောက်ပန်းတောင်း မြို့နယ်တွင် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံကိန်းမှ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ယင်း ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းကို Zeya & Associates နှင့် Rosatom Renewable Energy ကဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်က လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များကို အသုံးပြု၍ နည်းလမ်းအသွယ်သွယ်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လေအားလျှပ်စစ်စီမံကိန်းလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လေစွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်နိုင်ရန် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု ဆောင်ရွက်ဆဲ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် MOU လက်မှတ်ရေးထိုးထားသည့် လေအားလျှပ်စစ်စီမံကိန်း (၈) ခုတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပုပ္ပါး ၂၀၀ မဂ္ဂါဝပ် လေအားလျှပ်စစ်စီမံကိန်းတစ်ခုလည်း ပါဝင်ကြောင်း သိရသည်။

ဆက်လက်၍ လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ စီမံကိန်းဆောင်ရွက်ရန် လိုအပ်သည့်မြေနေရာ အခြေအနေများ၊ လေအားလျှပ်စစ်စီမံကိန်းလည်ပတ်နိုင်ရန်အတွက် မြေပြင်ကွင်းဆင်းလေ့လာတွေ့ရှိချက်များနှင့် စီမံကိန်းဆိုင်ရာ အချက်အလက်များကို Z & A ကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်ယူနိုက်တက်အသင်း ဂိုးသမား ပြည့်ဖြိုးအောင် အသင်းဖြင့် နှစ်ဖက်သဘောတူစာချုပ်ဖျက်သိမ်း

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဂိုးသမားပြည့်ဖြိုးအောင်တို့ ယခုလ ဇန်နဝါရီ (၁၃) ရက်မှစတင်၍ နှစ်ဖက်သဘောတူညီမှုဖြင့် စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက်က တရားဝင် အသိပေးထုတ်ပြန်ထားသည်။ ၎င်းအနေဖြင့် ရန်ကုန်အသင်းဖြင့် ယခုဘောလုံးရာသီကုန်သည်အထိ စာချုပ်ချုပ်ဆိုထားသည်ဟု သိရှိထားသော်လည်း ပြိုင်ပွဲကာလအတွင်း ယခုကဲ့သို့ စာချုပ်ဖျက်သိမ်းရခြင်းနှင့်ပတ်သက်၍ အသင်းက ထုတ်ဖော်အသိပေးခြင်းမရှိသေးပေ။ ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၄ ခုနှစ် ဘောလုံးရာသီအတွက် ရာသီကြိုပြင်ဆင်မှုအဖြစ် ဟံသာဝတီယူနိုက်တက်အသင်းဂိုးသမား ပြည့်ဖြိုးအောင်ကို (၂) စာချုပ်ဖြင့် ခေါ်ယူထားခြင်းလည်းဖြစ်သည်။ အသက် (၃၃)နှစ်ရှိပြီဖြစ်သည့် ဝါရင့်ဂိုးသမား ပြည့်ဖြိုးအောင်သည် အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှ ပေါ် ထွန်းခဲ့သည့် ကစားသမားတစ်ဦးဖြစ်ပြီး...

မကာအိုအသင်းကို (၁၈) ဂိုး ဂိုးမရှိဖြင့် တရုတ်အသင်းအနိုင်ယူ

ယနေ့ ဇန်နဝါရီ (၁၅) မွန်းလွဲ (၂)နာရီအချိန်၌ ရန်ကုန်မြို့ ၊ MFF Futsal Indoor Stadium တွင် AFC Women's Futsal Asian Cup ခြေစစ်ပွဲ အုပ်စု(D)ပွဲစဉ်ကို မကာအိုနှင့် တရုတ် (တိုင်ပေ)အမျိုးသမီး ဖူဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တရုတ်(တိုင်ပေ)အသင်းက (၁၈) ဂိုးသွင်းယူခဲ့ပြီး ပြိုင်ဘက် မကာအိုအသင်းမှာ ပွဲပြီးဆုံးချိန်အထိ ချေပဂိုး သွင်းယူနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။ ယနေ့ နောက်ထပ် အုပ်စု(D)ပွဲစဉ်တစ်ခုကိုလည်း ညနေ(၅) နာရီအချိန်၌ မြန်မာနှင့် ဗီယက်နမ်...

ထရမ့်ပ်ကို သတ်ရန် မည်သည့်အခါကမျှ မကြံစည်ခဲ့– အီရန်သမ္မတ

အီရန်သည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ခရမ့်ပ်ကို သတ်ဖြတ်ရန် မည်သည့်အခါကမျှ ကြံစည်ခဲ့ခြင်းမရှိဟု အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန်က အင်န်ဘီစီသတင်းဌာနနှင့် ဇန်နဝါရီ ၁၄ ရက်က အင်တာဗျူးတွင် ပြောဆိုလိုက်ပြီး ထရမ့်ပ်နှင့် အမေရိကန်အစိုးရ၏ အခိုင်အမာစွပ်စွဲခဲ့မှုများကို ငြင်းဆိုသွားခဲ့သည်။ ထရမ့်ပ်ကို လုပ်ကြံသတ်ဖြတ်ရန် အီရန်တော်လှန်ရေးတော်လှန်ရေးအစောင့်တပ်က ညွှန်ကြားခိုင်းစေခဲ့သည့် အစီအစဉ်တစ်ခုနှင့် ဆက်နွယ်သည်ဆိုကာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်တရားရေးဌာနက အီရန်အမျိုးသားတစ်ဦးကို စွဲချက်တင်ခဲ့သည်။ တိုက်ခိုက်မှုများ အကောင်အထည်မဖော်သေးမီတွင် တရားဥပဒေစိုးမိုးရေးအဖွဲ့များက အဆိုပါအကြံအစည်ကို ဟန့်တားနိုင်ခဲ့သည်ဟု ဆိုသည်။ သူ့ကို သတ်ဖြတ်ရန် ကြိုးပမ်းမှုများ၏နောက်ကွယ်တွင် အီရန်ပါဝင်နိုင်သည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071