Sunday, December 22, 2024

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ...

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော်...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅...

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ...

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက...

အေးချမ်းသည့်ဆောင်းရာသီ၌ စောင်အထည် (၂၀၀၀)လှူဒါန်းခဲ့သည့် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

နေပြည်တော်ရှိ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း...
HomeNewsLocal Newsကြံစိုက်ပျိုးရန် လယ်ယာမြေအသုံးချခွင့် ဖြေလျှော့ပေးနိုင်ရေး...

ကြံစိုက်ပျိုးရန် လယ်ယာမြေအသုံးချခွင့် ဖြေလျှော့ပေးနိုင်ရေး တင်ပြထား

သကြားစက်ရုံနယ်မြေတစ်ခုချင်းအလိုက် ကြံစိုက်ပျိုးရေး၊ ဝယ်ယူရေးနှင့် ကြိတ်ဝါးရေးဆိုင်ရာ နယ်နိမိတ်သတ်မှတ်၍ စက်ရုံပတ်လည်ကြံစိုက်ဧရိယာ ပိုမိုစုဖွဲ့နိုင်စေသော လယ်ယာမြေအသုံးချခွင့်သတ်မှတ်ချက်အချို့ကို ဖြေလျှော့ပေးပါရန် မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ တင်ပြထားသည်။

သကြားစက်ရုံနှင့်အနီးတစ်ဝိုက်တွင် ကြံစိုက်ပျိုးထုတ်လုပ်ကြိတ်ဝါးခွင့်ရခြင်းဖြင့်ကြံဝယ်ယူရေးနှင့် သယ်ယူရေးအဆင်ပြေခြင်း၊ တောင်သူအတွက် ကြံကုန်ကြမ်းထုတ်လုပ် စရိတ်သက်သာခြင်း၊ စက်ရုံအတွက်သကြားတစ်တန် ထုတ်လုပ်ကုန်ကျစရိတ်သက်သာခြင်း၊စားသုံးသူအတွက်သကြားဝယ်ယူဈေး သက်သာခြင်း၊ နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်စွမ်းအားကောင်းမွန်ခြင်းစသော အကျိုးရလဒ်များ ရလာမည်ဖြစ်ကြောင်း တင်ပြချက်အရ သိရသည်။

သို့သော် လက်တွေ့တွင်ဆည်ရေသောက်စနစ်များ တိုးချဲ့လာခြင်းကြောင့်သကြားစက်ရုံအနီးရှိမူလကြံစိုက်ဧရိယာများမှာ ရေသွင်းကြောင်းဖြတ်သန်းရာတစ်လျှောက်ဖျက်သိမ်းခံရ၍ ကြံစိုက်ဧကအများစုသည် ဝေးလံသောဒေသတွင် ပေါ်ပေါက်ခဲ့ရကြောင်း၊ ဥပမာအနေဖြင့် ရေတာရှည်၊ မြို့လှ၊ အုတ်တွင်း၊သကြားစက်ရုံနယ်မြေများ ဖြစ်သည်ဟု မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းက ဆိုသည်။

ထို့အပြင် ဆိုးကျိုးများအဖြစ် ဝေးလံသောဒေသမှ ကြံကို ဝယ်ယူ၊သယ်ယူ၊ကြိတ်ဝါးရ၍ ထုတ်လုပ်စရိတ်ကြီးမြင့်လာခြင်း၊ နီးစပ်ရာကြံများကို စက်ရုံအချင်းချင်းအလုအယက်ဝယ်ယူကြ၍ ကန်ထရိုက်လယ်ယာစနစ်ပျက်ပြားသွားခြင်း၊ကြံစိုက်ပျိုးရေး၊ဝယ်ယူရေး၊ သယ်ယူရေး၊ကြိတ်ဝါးရေးအစီအစဉ်များဟန်ချက်ပျက်သွား၍ သကြားထုတ်လုပ်မှုစရိတ်ကြီးမြင့်လာခြင်း၊ကြံတောင်သူများ၏ အကျိုးအမြတ်ဝေစုကို ကြံသယ်ယာဉ်ကားသမားအားခွဲဝေပေးလိုက်ရ၍ အကျိုးအမြတ်နည်းသွားခြင်း၊စက်ရုံနယ်မြေတစ်ခုလုံးအတွက် ယှဉ်ပြိုင်မှုစွမ်းအားကျဆင်းခြင်းတို့ကိုလည်း ကြုံတွေ့နေရသည်ဟု ဆိုသည်။

” ကြံစိုက်ဧကတွေက ဒီနှစ်မှာလျော့လာတယ်။ ဘာလို့ဆို သွင်းအားစုစရိတ်တွေမြင့်တက်လာတာကြောင့် သိပ်မစိုက်နိုင်တော့ဘူး။ အခက်အခဲတွေတော့ ရှိတာပေါ့။ မကြာခင်ဆိုရင်ပဲ ကြံကြိတ်ရာသီရောက်တော့မယ်။ ဈေးဘယ်လောက်ပေးမလဲတော့မသိဘူး။ မနှစ်ကထက်ပိုပေးရင်တော့ မဆိုးဘူးပေါ့”ဟု ပြည်မြို့နယ်မှ ကြံစိုက်တောင်သူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။

နှစ်စဥ် ဒီဇင်ဘာ၊ ဇန်န၀ါရီနှင့် ဖေဖော်၀ါရီလသည် ကြံကြိတ်ရာသီဖြစ်ကြောင်း၊ မြန်မာ့ ပြည်တွင်းစားသုံးမှုဖူလုံမှသာ ပြည်ပသို့တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ပတင်ပို့မှု့အနေဖြင့် ဗီယက်နမ်သို့ အဓိက တင်ပို့နေပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှား အပါအဝင် အာဆီယံနိုင်ငံတွေက ဝယ်ယူရန်ကမ်းလှမ်းထားကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကြံစိုက်ဧက လေးသိန်းသုံးသောင်းကျော်ရှိပြီး၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းဒေသကြီးတွင် အဓိကစိုက်ပျိုးနေခြင်းဖြစ်ကြောင်း သိရသည်။

Photo credit-မြို့တော်သတင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ ရွှေ့ခိုင်း

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော် မဲလ်ဘုန်း၏ အနောက်ဘက် ၂၄၁ ကီလိုမီတာခန့်နှင့် လူဦးရေ ၄၉၅ ဦးရှိသည့် Halls Gap ကဲ့သို့ ကျေးလက်မြို့လေးများအပါဝင် Grampians အမျိုးသားဥယျာဉ်အနီး ဧရိယာများအတွက် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “အန္တရာယ်အရမ်းများတဲ့ အခြေအနေမရောက်ခင် အလုံခြုံဆုံးနေရာကို ချက်ချင်းထွက်ခွာပါ” ဟု ဗစ်တိုးရီးယားပြည်နယ် အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောဆိုခဲ့သည်။ မီးလောင်ပြင်များအနက်တစ်ခုသည် အင်္ဂါနေ့က မိုးကြိုးပစ်မှုများကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး တစ်ညလုံး...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း ရုံးပိတ်ရက်ရှည် (၄) ကြိမ်ရရှိစေရန် ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေး

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တစ်ဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်သည့် ရုံးဖွင့်ရက်များကို အနီးစပ်ဆုံး စနေနေ့တစ်ရက်စီဖြင့် အစားထိုးရုံးပိတ်ရက်များအဖြစ် ပြန်လည် သတ်မှတ်ထားကြောင်းလည်း သိရသည်။ ပထမရုံးပိတ်ရက်ရှည်တွင် ပိတ်ရက် ၅ ရက်ရှိမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက် (ကရင်နှစ်သစ်ကူးနေ့)နှင့် လာမည့်...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲမှ ထွက်ခွာရ

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၅)ဂိုးပြတ်ဖြင့် ရှူံးနိမ့်ခဲ့ရသည်။ ယနေ့ ပွဲစဉ်အတွင်း ပထမပိုင်းပွဲပြီးချိန်အထိ နှစ်ဘက်အသင်း သွင်းဂိုးမရရှိဘဲ ဒုတိယပိုင်း ပွဲချိန်၌ ဗီယက်နမ်အသင်း က (၅)ဂိုး သွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗီယက်နမ်အသင်းသည် ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ပြီး မြန်မာအသင်းမှာ အုပ်စုအဆင့်မှသာ အိမ်ပြန်ခဲ့ရခြင်းဖြစ်သည်။ အာဆီယံ မစ်ဆူဘီရှီဖလား ပြိုင်ပွဲအုပ်စု (ဘီ)တွင် အင်ဒိုနီးရှားအသင်းက ရမှတ် (၄)မှတ်ဖြင့် အုပ်စုတွင်းထိပ်ဆုံးနေရာတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071