Wednesday, January 1, 2025

ပြိုင်ပွဲဝင်(၁၃၆၄)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဇွဲကပင်တောင် အတက်/အဆင်းပြိုင်ပွဲ

ကရင်ပြည်နယ် ကျက်သရေဆောင်ဆံတော်ရှင်ဇွဲကပင်တောင် အတက်/အဆင်းပြိုင်ပွဲကို (၇၇)နှစ် မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ယနေ့ ဇန်နဝါရီ ၁ ရက်နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ခြေ၌ကျင်းပခဲ့ကြောင်း...

ချည်မျှင်နှင့် အထည်အလိပ် ဒီပလိုမာသင်တန်း ယခုလတွင်...

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံမှ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ ပေးလျက်ရှိရာ ယခုနှစ်အတွက်...

အောင်သာကျေးရွာအတွက် ရေပေးဝေရေးနှင့်သောက်သုံးရေဘေးကင်းရေးအာမခံစီမံကိန်းကို လွှဲပြောင်းပေးအပ်

လန်ချန်း-မဲခေါင် အမျိုးသားကျေးရွာပြည်သူ့အကျိုးပြုစံပြစီမံကိန်း(ဒုတိယအသုတ်)အဖြစ် နေပြည်တော် အောင်သာကျေးရွာအတွက် ရေပေးဝေရေးနှင့်သောက်သုံးရေဘေးကင်းရေးအာမခံစီမံကိန်းကို ဒီဇင်ဘာ ၂၇ ရက်ကလွှဲပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံမှ သိရသည်။ သောက်သုံးရေအခက်အခဲရှိနေသည့် အောင်သာကျေးရွာအတွက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ၏...

နှစ်သစ်ကူးနေ့၌ ကမ္ဘာ့လူဦးရေ ၈ ဒသမ...

နူးယော့ခ်၊ဒီဇင်ဘာ ၃၁ ကမ္ဘာ့လူဦးရေသည် ၂၀၂၄ ခုနှစ်၌ ၇၁ သန်းကျော်အထိ တိုးလာခဲ့ပြီး နှစ်သစ်ကူးနေ့တွင် ၈ ဒသမ ၀၉ ဘီလျံ ဖြစ်လာမည်ဟု...
HomeCelebrities' Newsကျွန်တော်တို့က မဏ္ဍပ်တွေပေါ်မှာပဲ DJ...

ကျွန်တော်တို့က မဏ္ဍပ်တွေပေါ်မှာပဲ DJ ဖွင့်ချင်တာပါ DJ Wine

Dj Wine

သင်္ကြန်ကျတော့မယ်ဆိုတာနဲ့ နှစ်စဉ်ရိုးရာမပျက် DJ Wine တို့၊ DJ သမားတွေ လက်စွမ်းပြရမယ့် ကာလတစ်ခုကို ရောက်ရှိလာခဲ့ပြန်ပါပြီ။ ဒီနှစ်ကတော့မဏ္ဍပ်ကိစ္စနဲ့ ပတ်သက်လို့ သင်္ကြန်လမ်းညွှန်ချက်တွေ၊ ခွင့်ပြုမိန့်တွေကြောင့် Organizers တွေ၊ အနုပညာရှင်တွေ၊ မဏ္ဍပ်ထိုင်ချင် သူတွေဆီကအသံတွေများစွာကြားနေရပါတယ်။ DJ Wine ကတော့ ဒီနှစ်သင်္ကြန် Barrack မှာရှိမှာ ဖြစ်သလို TMF မှာလည်း တစ်ရက်ရှိပါမယ်လို့ ဆိုပါတယ်။ သူကသင်္ကြန်ဆိုရင် မဏ္ဍပ်ပေါ်မှာ တီးရတဲ့ မုဒ်ကို အကြိုက်ဆုံးပါလို့ ပြောပြီး သူ့ခံစားချက်ကို

” ကျွန်တော်တို့က မျှော်စင်ကျွန်းထဲမှာပါ။ သူက Festival ဖြစ်သွားပြီ။ မဏ္ဍပ်မဟုတ်တော့ဘူး။ မဏ္ဍပ်မုဒ်တော့ ပြန်ပေးမှာပေါ့။ တကယ်တမ်း ကျွန်တော်တို့က မဏ္ဍပ်တွေမှာပဲ ဖွင့်ချင်တာပါ။ ပင်တော့ပင်ပန်းတယ်။ ဒါပေမဲ့ ငယ်ငယ်တုန်းကမုဒ်ပေါ့။ အင်းလျားလမ်း၊ ဆရာစံလမ်း၊ တက္ကသိုလ်ရိပ်သာလမ်းတို့ ခေတ်ကိုပြန်ပြီး တော့ လွမ်းတယ်။ အဲဒီလိုပဲ ပြန်လုပ်ချင်တယ်။ Festival ပွဲက လူသက်သာတယ်။ ဒါပေမဲ့ မဏ္ဍပ်လောက်မကြိုက်ဘူး။ မဏ္ဍပ်ကလူတွေနဲ့က ထိတွေ့မှု၊ ရင်းနှီးမှုပိုရှိတယ်။ လေးရက်စလုံး ကိုယ့်မိသားစုလိုဖြစ်နေတယ်” လို့ ပြောပြပါတယ်။ သင်္ကြန်မှာသူတို့ ဖွင့်မယ့်သီချင်းပုံစံတွေ အကြောင်းကိုလည်း DJ Wine က..

” ဒီနှစ်ကတော့ Future House တွေ ဖွင့်မယ့်နှစ်ပါ ပဲ။ ပုံမှန် ကျွန်တော်တို့စတိုင်တွေပါပဲ။ သိပ်အပြောင်းအလဲ မရှိပါဘူး။ Debris လာမယ်ဆိုတော့ Debris နဲ့ ကျွန် တော်တို့က Back to Back ဖွင့်နေကျ။ အတူတူဖွင့်မယ်။ သီချင်းတွေလည်း သင်္ကြန်ပြီးရင် ထုတ်ဖို့ ရှိပါတယ်” လို့ ပြောပါတယ်။ ထူးခြားတာတစ်ခုကို ပြောရမယ်ဆိုရင် DJ Wine က သင်္ကြန်မှာ မွေးဖွားလာသူပါ။ ငယ်ငယ်ကတည်းက သင်္ကြန်မှာ မွေးဖွားလာသူဆိုတော့ သင်္ကြန်ပိုးက သူ့မှာ အပြည့်ရှိပါတယ်။ သင်္ကြန်အကျနေ့ ဧပြီလ ၁၅ရက်မှာ ကျရောက်မယ့် ဒီနှစ် မွေးနေ့အတွက်ကော အစီအစဉ်ဆွဲ ပြီးပြီလားလို့ မေးတဲ့အခါ ..

” နှစ်တိုင်းကျွန်တော့်အိမ်ကပဲ အလှူလုပ်ပေးနေကျပါ။ ကျွန်တော်တို့ အိမ်နားမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ သင်္ကြန်တွင်းတရားစခန်းဝင်နေတဲ့ ယောဂီတွေကို ဆွမ်း လှူတာပေါ့။ အမေကလည်း သင်္ကြန်တွင်း တရားစခန်းဝင်နေတော့လေ။ ပြီးရင် ကျွန်တော့်ကို လှမ်းသတင်းပို့တယ်။ ကျွန်တော်က သာဓုခေါ်ပေါ့။ ဒီနှစ်လည်း လှူဖြစ်မှာပါ” လို့ DJ Wine က ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071