တိုင်းပြည်နေက ပူပူ
ပန်းချီအရောင် တောက်တောက်ဖြင့်
မယ်တော်လှဆီ ထွက်ခဲ့ကြ။
ဧရာဝတီ မြစ်ကမ်းပေါ်က
နတ်ကွန်းနဲ့အလှ
ကုက္ကိုပင်မြစ်တွေနဲ့ သောင်စပ်မှာ
ကဗျာတေးစပ်ကောင်းသလို
အလွမ်းပန်းချီကားလည်း ဆေးခြယ်ရဲ့။
သစ်မြစ်ဆုံမှာ
အရိပ်ခိုပန်းချီကားက အေးမြ
အမြဲရင်ပူတတ်တဲ့ နှလုံးသားထဲ
မျက်ဝန်းဟာ
နွမ်းလျသစ်ခြောက်ပင်အိုလိုဖြစ်တော့
ကျွန်တော်တို့
တိုင်းပြည်နေပူကြီးထဲ ထွက်ခဲ့ကြ
အလှတရားဆိုတာ
ကျည်ဆန်တွေနဲ့
ရေးဆွဲကြတဲ့ ပန်းချီကားမဟုတ်ဘူး။
ခိုင်နေဒီ