စစ်ကိုင်းတိုင်း၊ခင်ဦးနှင့်ရွှေဘိုမြို့နယ်တို့ရှိ ကျေး ရွာ ၁၂ ရွာမှ စစ်ဘေးရှောင်နေရသည့် လူဦးရေ ၂ သောင်းကျော်အတွက် အနွေးထည်နှင့်စောင်များအရေးပေါ်လိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။
“အခုအရေးပေါ်လိုတာက အနွေးထည်နဲ့စောင်တွေပေါ့ ဆောင်းတွင်းရောက်ပြီဆိုတော့ ဒီဘက်ကအရမ်းအေးတယ် ကြုံတဲ့နေရာမှာယာယီတဲလေးတွေထိုးပြီးနေရတာဆိုတော့ အအေးဒဏ်က တော်တော်ခံနေကြရတာ”ဟု စစ်ဘေးရှောင်ကူညီ သူတစ်ဦးကပြောသည်။
စစ်ဘေးရှောင်လူဦးရေ ၂ သောင်းကျော်တွင် က လေးငယ်များ၊သက်ကြီးရွယ်အိုများနှင့်သံဃာ တော်များ၊ကိုရင်လေးများလည်း ပါဝင်ကြောင်း သိရသည်။
လက်ရှိအချိန်၌ စစ်ဘေးရှောင်လူဦးရေ ၂ သောင်းကျော်သည် ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၈ ရွာတွင်နေ ထိုင်သူများနှင့်ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၄ ရွာ၌ နေထိုင်သူများဖြစ်ကာ နေအိမ်များပျက်စီးခြင်းနှင့်တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အခြေအနေများကြောင့် နေအိမ်များမှကြိုတင်စွန့်ခွာလာကြသူ များဖြစ်ကြောင်း သိရသည်။
“လိုအပ်ချက်ကတော့များတာပေါ့ဗျာ စားရေးသောက်ရေးအတွက်လည်းလိုတယ် ဆေးဝါးအ တွက်လည်းလိုတယ် လူငယ်တွေနဲ့လူလတ်ပိုင်းတွေက ခံနိုင်ရည်ရှိပေမယ့် ကလေးတွေနဲ့လူကြီးတွေကြတော့ခံနိုင်ရည်မရှိကြဘူး”ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။
Photo-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး