မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က ကျင်းပသည့် ခရီးရှည်အရည်အချင်းစစ် မြင်းစီးအားကစားပြိုင်ပွဲကို ပုဂံရှေးဟောင်းယဉ်ကျေးမူနယ်မြေအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ယခုလ ဒီဇင်ဘာ (၃၀) ရက်နေ့တွင် (၁၀၀) ကီလိုမီတာ ခရီးရှည်မြင်းစီးပြိုင်ရမည်ဖြစ်ကာ ၊ ပြိုင်ပွဲဝင်မြင်း နှင့် အားကစားသမားများ သတ်မှတ်အရည်အချင်းပြည့်မီပါက ကမ္ဘာ့မြင်းစီးအားကစားအဖွဲ့ချုပ်မှ ပြုလုပ်သည့် နိုင်ငံတကာပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
” ဒီပြိုင်ပွဲက နိုင်ငံတကာကိုထွက်ဖို့အတွက် မြင်းရော လူရော စတားရဖို့လိုပါတယ်။ နိုင်ငံတကာပြိုင်ပွဲထွက်ဖို့ စတားရဖို့ လေးပွဲစီး ရပါတယ်။ (၄)ပွဲစလုံးကို တဆင့်ပြီးတဆင့် အောင်ဖို့လိုပါတယ်။ အခုပြိုင်ပွဲက (၄)ပွဲမြောက်ပါ။ ဒီပွဲအတွက် ကမ္ဘာ့မြင်းစီးအားကစားအဖွဲ့ချုပ်က စိစစ်မယ် “ဟု ပြိုင်ပွဲကျင်းပရေးကော်မတီတာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြိုင်ပွဲဝင်မည့် မြင်းနှင့် အားကစားသမားအတွက် ပြိုင်ပွဲမဝင်မီ တစ်ရက်အလို ဒီဇင်ဘာ (၂၉)ရက်တွင် ကျန်းမာရေးများ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲအမှတ်တရအနေဖြင့် ထုတ်လုပ်သည့် MEF Logo ပါ Polo Shirt နှင့် ဦးထုပ်များအား မြင်းစီးအားကစားဝါသနာရှင်များအပြင် မည်သူမဆိုဝယ်ယူအားပေးနိုင်ရန် ကြိုတင်စာရင်းပေးသွင်းမှာယူနိုင်ကြောင်း အဖွဲ့ချုပ်က နှိုးဆော်ထားသည်။