Sunday, December 22, 2024

ဘုရင့်နောင်မင်းတရားကြီးစီးနင်းခဲ့သည့် မြင်း (၁၆)ကောင်ဆွဲလှည်းယာဉ်တော်ကြီးအား မူလပုံစံအရွယ်အစားအတိုင်းတည်ဆောက်နေ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာ၌ ပဲခူး တိုင်းအစိုးရအဖွဲ့အစီအစဥ်ဖြင့် ဘုရင့်နောင်မင်း တရားကြီးစီးနင်းခဲ့သည့် မြင်း(၁၆)ကောင်ဆွဲလှည်းယာဉ်တော်ကြီးအား မူလပုံစံအရွယ်အစားအတိုင်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တည်ဆောက်နေမှုအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဒီဇင်ဘာ...

ဘရာဇီး၌ ဘက်စ်ကားမတော်တဆမှုကြောင့် လူ ၃၈...

ဆော်ပိုလို၊ဒီဇင်ဘာ ၂၁ ဘရာဇီး၌ ဘက်စ်ကားမတော်တဆမှုတစ်ခုကြောင့် လူ ၃၈ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်းသိရပြီး အဆိုးရွားဆုံးယာဉ်မတော်တဆမှုတစ်ခုဖြစ်သည်ဟု သမ္မတကပြောကြားခဲ့သည်။ ယခုယာဉ်တို-က်မှုသည် ၂၀၀၇ နောက်ပိုင်း အဆိုးရွားဆုံးယာဉ်တို-က်မှုတစ်ခုဖြစ်သည်ဟုလည်းသိရပြီး ၃၈ ဦး‌ေ-သဆုံးကာ...

မော်လမြိုင်တွင် အဆင့်မြင့်ငါးဈေးသစ်ကြီး တည်ဆောက်လျက်ရှိ

မွန်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်း၍ မော်လမြိုင်အဆင့်မြင့် ငါးဈေးသစ်ကြီးကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်...

YPS ကတ် နှင့် Qr...

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များတွင် YBS ယာဉ်စီးခငွေပေးချေရန် YPS ကတ် အသုံးပြုသူ နှစ်သိန်းကျော်ရှိလာပြီး QR Code အသုံးပြုရန်...
HomeNewsLocal Newsခရီးသည်တင်ကားနှင့်စက်ဘီးတိုက်မိ၍ စက်ဘီးစီးလာသူသေဆုံး

ခရီးသည်တင်ကားနှင့်စက်ဘီးတိုက်မိ၍ စက်ဘီးစီးလာသူသေဆုံး

ခရီးသည်တင်ကားနှင့်စက်ဘီးတိုက်မိ၍ စက်ဘီးစီးလာသူသေဆုံး

ပဲခူးတိုင်း၊အုတ်တွင်းမြို့တွင် ဇွန် ၁၀ ရက်(ယနေ့) နံနက်ပိုင်းက ခရီးသည်တင်ကားနှင့်စက်ဘီးတိုက်မိ၍ စက်ဘီးစီးလာသည့် အသက်(၇၀)နှစ်ရှိ အ မျိုးသားသေဆုံးခဲ့သည်ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)မှ သိရသည်။

အုတ်တွင်းမြို့ရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း၏ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ရှေ့၌ ရန်ကုန်ဘက်မှတောင်ငူဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကားနှင့် သံတိုင်ခင်ကျေးရွာဘက်မှအုတ်တွင်းမြို့ဘက်သို့ နင်းလာသည့်စက်ဘီးတို့ ငြိမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ငြိမိခဲ့သဖြင့် စက်ဘီးနင်းလာသည့် အသက်(၇၀)နှစ်ရှိ အမျိုးသားသည် ကွန်ကရစ်လမ်းပေါ်သို့လဲကျကာ ဦးခေါင်း၌ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သည်။

ထို့ကြောင့် ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)မှ ထိခိုက်ဒဏ်ရာရသူအား ဆေးကုသမှုခံယူရန် အုတ်တွင်းမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးနောက် တောင်ငူမြို့ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကြသည်။

ထိုသို့ ပို့ဆောင်စဥ် ထိခိုက်ဒဏ်ရာရရှိခဲ့သူသည် သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား အုတ်တွင်းမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo-ရင်ခုန်သံရှင်ရေးကူညီမှုအသင်း(အုတ်တွင်းမြို့)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘုရင့်နောင်မင်းတရားကြီးစီးနင်းခဲ့သည့် မြင်း (၁၆)ကောင်ဆွဲလှည်းယာဉ်တော်ကြီးအား မူလပုံစံအရွယ်အစားအတိုင်းတည်ဆောက်နေ

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာ၌ ပဲခူး တိုင်းအစိုးရအဖွဲ့အစီအစဥ်ဖြင့် ဘုရင့်နောင်မင်း တရားကြီးစီးနင်းခဲ့သည့် မြင်း(၁၆)ကောင်ဆွဲလှည်းယာဉ်တော်ကြီးအား မူလပုံစံအရွယ်အစားအတိုင်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ တည်ဆောက်နေမှုအား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ဒီဇင်ဘာ ၂၁ ရက်ကကြည့်ရှုစစ်ဆေး၍ ရှေးမူလက်ရာအတိုင်းဆောက်လုပ်ရာတွင် သမိုင်းဆိုင်ရာအချက်အလက်မှန်များကို ကိုးကားဆောင်ရွက်ရန်၊ ခိုင်ခန့်မှုကိုဦးစားပေးရန်၊ မြန်မာလက်မှု အနုပညာလက်ရာအနုစိတ်များထည့်သွင်းဆောင်ရွက်ရန် မှာကြားသည်။ ထို့ပြင် အေဒီ ၁၅၆၆ ခုနှစ်တွင် ကမ္ဘောဇသာဒီနန်းတော်၊ ဟံသာဝတီမြို့တော်သစ်နှင့် ဒုတိယမြန်မာနိုင်ငံအားတည်ထောင်သူ ဘုရင့်နောင်မင်း တရားကြီး(ဆင်ဖြူများရှင်)စီးနင်းသည့် ပုံစံတူရထားလုံးတော်ကြီးဖြစ်၍ ခန့်နားထည်ဝါစွာတည်ဆောက်နိုင်ရန် သမိုင်းပညာရှင်များ၊ တာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့အတူ ပဲခူးတိုင်းဝန်ကြီးချုပ်သည် သိန္နီတံခါး ပေါက်အနီးရှိ ဟံသာဝတီရှေးဟောင်းမြို့ရိုး၊ တောင်ငူတံခါးပေါက်...

ဘရာဇီး၌ ဘက်စ်ကားမတော်တဆမှုကြောင့် လူ ၃၈ ဦး‌ေ-သဆုံး

ဆော်ပိုလို၊ဒီဇင်ဘာ ၂၁ ဘရာဇီး၌ ဘက်စ်ကားမတော်တဆမှုတစ်ခုကြောင့် လူ ၃၈ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်းသိရပြီး အဆိုးရွားဆုံးယာဉ်မတော်တဆမှုတစ်ခုဖြစ်သည်ဟု သမ္မတကပြောကြားခဲ့သည်။ ယခုယာဉ်တို-က်မှုသည် ၂၀၀၇ နောက်ပိုင်း အဆိုးရွားဆုံးယာဉ်တို-က်မှုတစ်ခုဖြစ်သည်ဟုလည်းသိရပြီး ၃၈ ဦး‌ေ-သဆုံးကာ ၈ ဦးကိုဆေးရုံတင်ထားရသည်ဟုလည်းသိရသည်။ ကားသည်ဘီးကျွတ်ထွက်သွားပြီး ထိန်းချုပ်ရန်ခက်ခဲကာ ထရပ်ကားတစ်စီးကိုသွားဝင်တို-က်မိရာမှ မီးလောင်ကျွမ်းခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ကသွားရောက်မီးငြှိမ်းခဲ့ရသည်ဟုလည်းသိရသည်။ ‌ေ-သဆုံးသွားသူများထဲတွင် ဘက်စ်ကားယာဉ်မောင်းလည်းပါဝင်ပြီး အနည်းဆုံး ကလေးငယ်တစ်ဦးထက်မနည်းလည်းပါဝင်သည်ဟုသိရသည်။ဘရာဇီးသမ္မတကမူ ၎င်းအနေဖြင့် ယခုမတော်တဆမှုအတွက် စိတ်ထိခိုက်မိကြောင်းဆိုကာ ဒဏ်ရာရသူများလည်း အမြန်ပြန်လည်ကျန်းမာလာစေလိုကြောင်းဆိုခဲ့သည်။ Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်

မော်လမြိုင်တွင် အဆင့်မြင့်ငါးဈေးသစ်ကြီး တည်ဆောက်လျက်ရှိ

မွန်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြတ်အဏ္ဏဝါမင်း ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်း၍ မော်လမြိုင်အဆင့်မြင့် ငါးဈေးသစ်ကြီးကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် အဆိုပါ အဆင့်မြှင့် ငါးဈေးသစ်စီမံကိန်း တည်ဆောက်နေမှုကို ဒီဇင်ဘာ (၂၁)ရက်က ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး၊ စံချိန်စံညွှန်းမီ တည်ဆောက်ရေး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ ရတနာထွန်း သား၊ ငါး၊ ပုစွန်နှင့် ရေထွက်ပစ္စည်းများ ရောင်းချသည့်ဈေးမှာ မြို့အတွင်းတွင်ရှိသဖြင့် ယာဉ်ကြောပိတ်ဆိုမှုများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071