Monday, November 18, 2024

စစ်ကိုင်းတိုင်း ဒေသကြီးတွင် မိုးစပါးဧက (၁၈)သိန်းကျော်စိုက်ပျိုးထား

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ်မိုးစပါး ဧက (၁၈)သိန်းကျော်စိုက်ပျိုးထားရာ လတ်တလော ဧက (၁၄၀၀၀) ကျော်ရိတ်သိမ်းထားပြီးဖြစ်ကြောင်း စစ်ကိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး (၁၄)ခရိုင်တွင်...

AICHR အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား...

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် AICHR အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ရှိ လာအိုနိုင်ငံထံမှ မလေးရှားနိုင်ငံက လွှဲပြောင်းတာဝန်ယူမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်...

အမေရိကန် စစ်ဖက်ဆိုင်ရာကဏ္ဍအနေဖြင့် တတိယကမ္ဘာစစ်ဖြစ်လာစေရေးကို ကြိုးပမ်းနေပုံရကြောင်း...

အမေရိကန် စစ်ဖက်ဆိုင်ရာကဏ္ဍအနေဖြင့် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုမီတွင်ပင်တတိယကမ္ဘာစစ်ဖြစ်လာစေရေးကို ကြိုးပမ်းနေပုံရကြောင်း သားဖြစ်သူ ဒေါ်နယ်ထရမ့်ဂျူနီယာကသူ၏ X လူမှုကွန်ရက်အကောင့်တွင် ရေးသားဖော်ပြခဲ့သည်။ “ကျွန်တော့်အဖေက ငြိမ်းချမ်းရေးနဲ့ အသက်တွေကို ကယ်တင်ဖို့...

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်ရန်...

ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ တင်လှူပူဇော်ခြင်း အခမ်းအနားကို ယနေ့တွင်ကျင်းပခဲ့ပြီး ရွှေစင် (၄၇၃၉) ချပ် အလှူရရှိထားကြောင်း သိရသည်။ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန...
HomeNewsLocal Newsချင်းတွင်းမြစ်ကူးတံတား(ထမံသီ)တည်ဆောက်မှု (၇၀)ရာခိုင်နှုန်းပြီးစီး

ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)တည်ဆောက်မှု (၇၀)ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ လေရှီးမြို့ – ပန်ဆပ် – ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ တည်ဆောက်ထားသည့်ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်မှုမှာ (၇၀)ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတား အရှည် – ၈၀၁ မီတာ၊ အကျယ် – ၉.၄ မီတာ၊ တံတားအခန်းပေါင်း – ၁၅ ခန်း ၊ ရေ လမ်းကင်းလွတ် အမြင့် ၄၀ ပေ(HFL)ဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း ‌သိရသည်။

နိုဝင်ဘာလ (၁၈) ရက်၊ နံနက်ပိုင်းက အဆိုပါ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ လာရောက်စစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးညီညီဇော်က ချတံတား တည်ဆောက်ရေး လုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်နေမှုနှင့်ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများ၊ တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) ပင်းမရွာဘက်ခြင်းနှင့် ထမံသီရွာဘက်ခြမ်းတို့တွင် ချဉ်းကပ် လမ်းများဖောက်လုပ်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြ ကြောင်း သိရသည်။

“ဘဏ္ဍာနှစ်အလိုက်ရရှိတဲ့ ရန်ပုံငွေတွေကို စနစ်တကျသုံးစွဲသွားကြဖို့နဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို သတိပြုဆောင်ရွက်စေလိုပါတယ်”ဟု ဝန်ကြီးချုပ်ဦးမြတ်ကျော်က မှာကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် နယ်မြေဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက်များစွာ အထောက်အကူပြုသည့် တံတားကြီးတစ်စင်းဖြစ်ကာ ဒေသ၏ ထုတ်ကုန်များအား လွယ်ကူမြန်ဆန်စွာ သယ်ယူပို့ဆောင်နိုင်ကာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကိုပါ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးမြတ်ကျော်ကထည့်သွင်းပြောကြားခဲ့သည်။

ချင်းတွင်းတံတား (ထမံသီ)၏ သံမဏိသံပေါင်တပ်ဆင်နေမှုများနှင့် တံတားတည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများ ၊ပစ္စည်းများရောက်ရှိမှု အခြေအနေများနှင့် ချဉ်းကပ်လမ်းဆောင်ရွက်နေမှု လုပ်ငန်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးကာ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းတိုင်း ဒေသကြီးတွင် မိုးစပါးဧက (၁၈)သိန်းကျော်စိုက်ပျိုးထား

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုနှစ်မိုးစပါး ဧက (၁၈)သိန်းကျော်စိုက်ပျိုးထားရာ လတ်တလော ဧက (၁၄၀၀၀) ကျော်ရိတ်သိမ်းထားပြီးဖြစ်ကြောင်း စစ်ကိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး (၁၄)ခရိုင်တွင် ယခုနှစ် မိုးစပါး (၁၈ ၀၈၂၅၇) ဧက လျာထားစိုက်ပျိုးခဲ့ပြီး ယခုအခါ (၁၄၇၇၅) ဧ က ရိတ်သိမ်းပြီးစီးကြောင်း သိရသည်။ "မှော်ဘီ-၂၊ ဆင်းဧကရီ-၃၊ ဧရာမင်း၊ ဆင်းသုခ၊ မနောသုခ၊ ရွှေဘိုပေါ်ဆန်း၊ တောင်ယာစပါး၊ ရက်(၉၀)၊ ကောက်ညှင်း၊ GW-11၊ ရွှေသွယ်ရင်၊ လုံးသွယ်မွှေး၊ ရွှေရင်‌အေး၊ YSR-1 မျိုးတွေစိုက်ကြတာပါ။အထွက်နှုန်းကောင်းမွန်ရေး၊...

AICHR အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား မလေးရှားနိုင်ငံမှ ဆက်လက် တာဝန်ယူ ဆောင်ရွက်မည်

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် AICHR အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ရှိ လာအိုနိုင်ငံထံမှ မလေးရှားနိုင်ငံက လွှဲပြောင်းတာဝန်ယူမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အထူးအစည်းအဝေး(၂/၂၀၂၄) နှင့် ဆက်စပ်အစည်းအဝေးများကို လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ လွမ်ပရာဘန်မြို့တွင် နိုဝင်ဘာ (၁၂) ရက်မှ (၁၅)ရက်အထိ ကျင်းပခဲ့ပြီး AICHR အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အထူးအစည်းအဝေး (၂/၂၀၂၄) နှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၊ မြန်မာကိုယ်စားလှယ် ဦးညွန့်ဆွေ...

အမေရိကန် စစ်ဖက်ဆိုင်ရာကဏ္ဍအနေဖြင့် တတိယကမ္ဘာစစ်ဖြစ်လာစေရေးကို ကြိုးပမ်းနေပုံရကြောင်း ဒေါ်နယ်ထရမ့်ဂျူနီယာဆို

အမေရိကန် စစ်ဖက်ဆိုင်ရာကဏ္ဍအနေဖြင့် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာကျိန်ဆိုခြင်းမပြုမီတွင်ပင်တတိယကမ္ဘာစစ်ဖြစ်လာစေရေးကို ကြိုးပမ်းနေပုံရကြောင်း သားဖြစ်သူ ဒေါ်နယ်ထရမ့်ဂျူနီယာကသူ၏ X လူမှုကွန်ရက်အကောင့်တွင် ရေးသားဖော်ပြခဲ့သည်။ “ကျွန်တော့်အဖေက ငြိမ်းချမ်းရေးနဲ့ အသက်တွေကို ကယ်တင်ဖို့ အခွင့်အရေး မရသေးခင် တတိယကမ္ဘာစစ်ကို ဖြစ်လာစေချင်ပုံရတယ်” ဟု ရုရှားသို့ နက်ရှိုင်းစွာ ဝင်ရောက်တိုက်ခိုက်ရန် အမေရိကန် တာဝေးပစ် ဒုံးကျည်များ အသုံးပြုခြင်းအပေါ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၏ ခွင့်ပြုချက်နှင့် ပတ်သက်၍ သူကမှတ်ချက်ပေး ပြောကြားခဲ့ပါသည်။ "အသက်တွေဟာ တန်ဖိုးမဲ့တဲ့ အရာတွေမဟုတ်ဘူး။ အဖိုးအတန်ဆုံး"ဟုလည်း သူကဆိုသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ရုရှားနိုင်ငံအတွင်း တိုက်ခိုက်မှုအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071