Wednesday, January 1, 2025

ရှေ့ဆက်လျှောက်လှမ်းရမည့်ခရီး၏ အခက်အခဲများကို မိမိတို့အားလုံးက စုစည်းညီညွတ်သည့်ပူးပေါင်းစွမ်းအားဖြင့်...

ရှေ့ဆက်လျှောက်လှမ်းရမည့်ခရီး၏ အခက်အခဲများကို မိမိတို့အားလုံးက စုစည်းညီညွတ်သည့်ပူးပေါင်းစွမ်းအားဖြင့် ကျော်ဖြတ်နိုင်မည်ကိုယုံကြည်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁...

တရုတ်နှင့် အာဆီယံ နိုင်ငံများအကြား စီးပွားရေးနှင့်...

တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ စီးပွားရေး ပညာရှုထောင့်မှ အမြင်ချင်းဖလှယ်ဆွေးနွေးသည့် ဖိုရမ်သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း...

မြန်မာနိုင်ငံနှင့် ကမ္ဘာသူကမ္ဘာသားအားလုံးဘေးရန်ကင်းကွာကျန်းမာချမ်းသာစွာဖြင့် လိုရာဆန္ဒပြည့်ဝကြပါစေ

မြန်မာနိုင်ငံနှင့် ကမ္ဘာသူကမ္ဘာသားအားလုံးဘေးရန်ကင်းကွာကျန်းမာချမ်းသာစွာဖြင့် လိုရာဆန္ဒပြည့်ဝကြပါစေဟု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးမှ ၂၀၂၅ ခုနှစ်၏ နှစ်သစ်မင်္ဂလာဆုတောင်းလွှာအဖြစ် ဆုတောင်းမေတ္တာပို့သခဲ့သည်။ ယနေ့သည် ၂၀၂၄ ခုနှစ်ဟုဆိုအပ်သော နှစ်ဟောင်းကုန်ပျောက်၍ ၂၀၂၅...

မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအသုံး ပြု၍ လိ-မ်လည်သူများကိုထိရောက်စွာအရေးယူခြင်းအား အရှိန်မြှင့်ဆောင်ရွက်မည်

လတ်တလောဖြစ်ပွားလျက်ရှိသည့် မိုဘိုင်းငွေ ကြေးဝန်ဆောင်မှုလုပ်ငန်းများအသုံးပြု၍ လိ-မ်လည်မှုများဖြစ်ပေါ်နေသဖြင့် လိ-မ်လည်သူများကိုထိရောက်စွာအရေးယူခြင်းအား အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ဗဟိုဘဏ်က ယနေ့ ဒီဇင်ဘာ ၃၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။ မသမာသူများသည် မသိနားမလည်သူများအား...
HomeNewsLocal Newsချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်မှုမှာ...

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်မှုမှာ ၆၆ ရာခိုင်နှုန်း ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင် ၊ ဟုမ္မလင်းမြို့နယ်အတွင်း တည်ဆောက်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်မှုမှာ ၆၆ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လေရှီးမြို့ – ပန်ဆပ် – ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်ကိုဖြတ်၍ တည်ဆောက်နေခြင်းဖြစ်သည်။

“ဒေသ ထုတ်ကုန်တွေကို အလွယ်တကူသယ်ယူပို့ဆောင်နိုင်မှာဖြစ်ပြီးဒေသဖွံ့ဖြိုးတိုးတက်မှုကို အများကြီးအထောက်အကူပြုမယ့် တံတားကြီးတစ်စင်းဖြစ်တဲ့ အပြင် လေရှီးမြို့နယ် အစွန်အဖျားမှာရှိတဲ့ ဆွမ္မရာမြို့နဲ့ ပန်ဆပ်ကျေးရွာ၊ အနီးပတ်ဝန်းကျင် ကျေးရွာတွေကဒေသခံပြည်သူတွေဟာဟုမ္မလင်း၊ ခန္တီးနဲ့ မော်လိုက်ခရိုင်တွေကို လွယ်လွယ်ကူကူ သွားလာနိုင်မှာဖြစ်ပါတယ်”ဟု ထမံသီကျေးရွာဒေသခံတစ်ဦးကပြောသည်။

ယခုတည်ဆောက်နေသော ချင်းတွင်းမြစ်ကူး တံတား(ထမံသီ)သည် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတား အရှည် (၈၀၁) မီတာ၊ အကျယ် (၉.၄) မီတာ၊ တံတားအခန်းပေါင်း (၁၅)ခန်း၊ ရေလမ်းကင်းလွတ် အမြင့် (၄၀) ပေ (HFL) ဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နယ်နှင့်လေရှီးမြို့နယ်တို့မှ ဒေသခံပြည်သူများသည် ကူးသန်းသွားလာမှု လွယ်ကူမြန်ဆန်လာမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှေ့ဆက်လျှောက်လှမ်းရမည့်ခရီး၏ အခက်အခဲများကို မိမိတို့အားလုံးက စုစည်းညီညွတ်သည့်ပူးပေါင်းစွမ်းအားဖြင့် ကျော်ဖြတ်နိုင်မည်ကိုယုံကြည်

ရှေ့ဆက်လျှောက်လှမ်းရမည့်ခရီး၏ အခက်အခဲများကို မိမိတို့အားလုံးက စုစည်းညီညွတ်သည့်ပူးပေါင်းစွမ်းအားဖြင့် ကျော်ဖြတ်နိုင်မည်ကိုယုံကြည်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်ကျရောက်သည့် နှစ်သစ်ကူးအခါသမယတွင် နစက ဥက္ကဋ္ဌမှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နစက တာဝန်ယူချိန်မှစတင်ကာ ရှေ့လုပ်ငန်းစဉ်များကို ခိုင်ခိုင်မာမာဖြင့် ကြိုးစားလျှောက်လှမ်းခဲ့သဖြင့် သိသာထင်ရှားသည့် ရည်မှန်းချက်ပန်းတိုင်များကို တွေ့မြင်နေရပြီဖြစ်ကာ ပြည်သူများမှလည်း တက်တက်ကြွကြွနှင့်ဝိုင်းဝန်းကူညီပေးခဲ့ကြသည်ဟု ပြောသည်။ " ရှေ့ဆက်လျှောက်လှမ်းရမယ့်ခရီးမှာ စိန်ခေါ်မှုတွေ၊ အကြပ်အတည်း၊ အခက်အခဲတွေကို ရင်ဆိုင်တွေ့နိုင်ရပေမယ့် ကျွန်တော်တို့အားလုံးရဲ့ စုစည်းညီညွတ်တဲ့ ပူးပေါင်းစွမ်းအားနဲ့ကျော်ဖြတ်နိုင်မယ်လို့ယုံကြည်ပါတယ်"ဟု နစက ဥက္ကဋ္ဌက...

တရုတ်နှင့် အာဆီယံ နိုင်ငံများအကြား စီးပွားရေးနှင့် ပတ်သက်၍ စီးပွားရေးပညာရှုထောင့်မှ အမြင်ချင်းဖလှယ်ဆွေးနွေးသည့် ဖိုရမ် ကျင်းပ

တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ စီးပွားရေး ပညာရှုထောင့်မှ အမြင်ချင်းဖလှယ်ဆွေးနွေးသည့် ဖိုရမ်သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ Guangxi University ၌ ဒီဇင်ဘာ (၂၈) ရက်က ကျင်းပခဲ့သည့် China-ASEAN Economic and Trade Cooperation International Forum & 2024 Annual Meeting of the China...

မြန်မာနိုင်ငံနှင့် ကမ္ဘာသူကမ္ဘာသားအားလုံးဘေးရန်ကင်းကွာကျန်းမာချမ်းသာစွာဖြင့် လိုရာဆန္ဒပြည့်ဝကြပါစေ

မြန်မာနိုင်ငံနှင့် ကမ္ဘာသူကမ္ဘာသားအားလုံးဘေးရန်ကင်းကွာကျန်းမာချမ်းသာစွာဖြင့် လိုရာဆန္ဒပြည့်ဝကြပါစေဟု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးမှ ၂၀၂၅ ခုနှစ်၏ နှစ်သစ်မင်္ဂလာဆုတောင်းလွှာအဖြစ် ဆုတောင်းမေတ္တာပို့သခဲ့သည်။ ယနေ့သည် ၂၀၂၄ ခုနှစ်ဟုဆိုအပ်သော နှစ်ဟောင်းကုန်ပျောက်၍ ၂၀၂၅ ခုနှစ်ဟုဆိုအပ်သော ကမ္ဘာ့နှစ်သစ်သို့စတင်ရောက်ရှိသည့် မင်္ဂလာရှိသောနေ့ထူးနေ့မြတ်ဖြစ်၍ ကမ္ဘာ့နှစ်သစ်မင်္ဂလာအချိန်အခါမှစ၍ မြန်မာနိုင်ငံသူ၊နိုင်ငံသားများနှင့် ကမ္ဘာသူ၊ကမ္ဘာသားအားလုံးကျရောက်ဆဲ, ကျရောက်လတ္တံ့ဖြစ်သော ဘေးဥပါဒ်အန္တရာယ် ရန်စွယ်အပေါင်းမကောင်းဟူသမျှ ပြစ်ဒေါသတို့မှကင်းစင်ပကြလျက် မိမိတို့အလိုရှိအပ်တောင့်တအပ်သော အတတ်ပညာ၊ စည်းစိမ်ချမ်းသာ၊ ကျော်စောသတင်း၊ မိတ်ကောင်းဆွေကောင်းများရရှိနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့သည်။ ထိုသို့ ရရှိနိုင်ရန် မဃဒေဝလင်္ကာသစ်၌ ဘုရားဟောပါဠိတော်နှင့်အညီမိန့်ဆိုထားသည့်အတိုင်း ပညာရှိထံနည်းနာခံ၍ အတတ်ပညာကိုသင်ယူရန်၊ စည်းစိမ်ချမ်းသာဥစ္စာများရရှိစေနိုင်ရန် ထကြွလုံ့လဝီရိယနှင့် ကြိုးစားလုပ်ဆောင်ရန်၊ ကောင်းသတင်းနှင့် ပြည့်စုံရေးအတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071