တရုတ်တို့၏ဘိုးဘေးကန်တော့ခြင်းချင်းမိန်ပွဲတော်နေ့သည် ယခုနှစ် ဧပြီလ ၄ရက်နေ့တွင် ကျရောက်ပြီးအားလပ်ရက်များပိတ်ပေးသည့် တရုတ်ရိုးရာပွဲတော်တစ်ခုလည်းဖြစ်သည်။ ယင်းနေ့တွင် ကွယ်လွန်လေပြီးသော ဘိုးဘွားမိဘများ၏ဂူသင်္ချိုင်းများအား သန့်စင်ခြင်း၊ ခြုံနွယ်များရှင်းလင်းပြီးကွယ်လွန်သွားသောဘိုးဘေးဘီဘင်များကို ကန်တော့ဖွယ်များဖြင့် သွားရောက်ကန်တော့ကြပြီး ရွှေစက္ကူများဖြင့် မီးရှို့ပူဇော်ကန်တော့ကြသည့်ရိုးရာတစ်ပါးဖြစ်သည်။
ယခုနှစ်ပွဲတော်အားလပ်ရက်တွင်တရုတ်နိုင်ငံတွင်း နေထိုင်သူများ၊ နိုင်ငံခြားခရီးသွားများက Longmen ဂူနံရံများထွင်း၍ ရုပ်တုများ ပြုလုပ်ထားသည့် အနုပညာ လက်ရာ ယဥ်ကျေးမှုတို့ကို သွားရောက်လည်ပတ်ကြည့်ရှုကြသူများပြားလျှက်ရှိသည်။
အေဒီ ၄၉၃ ထဲက ထိုဂူများတွင် ဂူနံရံထွင်း အနုပညာများ စတင်ခဲ့သည်။ ထို့နောက် ၁၄ရာစုနှစ်များတွင် မတူညီသောလက်ရာများ ဆက်လက် လက်စွမ်းပြခဲ့ကြရာ ယခုအခါ ကမ္ဘာလှည့်ခရီးသွားအကြိုက်နေရာဖြစ်လာသည်။
Yihe မြစ်ဘေးရှိ တောင်ကုန်းနှစ်ခု၏ မတ်စောက်သော ချောက်ကမ်းပါးများတွင် ဂူ နှင့်လျှိုပေါက်ပေါင်း ၂၃၀၀ ကျော်ရှိသည်။
Yi မြစ် သည် တရုတ်နိုင်ငံ၊ Henan ခရိုင် Luo မြစ်၏ မြစ်လက်တက်တစ်ခုဖြစ်ပြီးYi-Luo မြစ်ဝှမ်းသည် ရှေးဟောင်းသုတေသန ယဥ်ကျေးမှုအမွေအနှစ်အရ အရေးပါသောနေရာဖြစ်သည်။
Ref: chinadaily