Friday, January 10, 2025

ကရင်ပြည်နယ်သို့ ၂၀၂၄ ခုနှစ်၏ (၁၁)လတာအတွင်း...

ကရင်ပြည်နယ်သို့ ၂၀၂၄ ခုနှစ်၏ (၁၁)လတာအတွင်း ခရီးသွား(၄)သိန်းခွဲကျော်လာရောက်လည်ပတ်ခဲ့၍ ပြည်နယ်ခရီးသွားလုပ်ငန်းမှာ ၁၀၀ ရာခိုင်နှုန်းကျော်တိုးတက်လာကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ၂၀၂၄ ခုနှစ်၏ (၁၁)လတာအတွင်း ပြည်တွင်း/ပြည်ပခရီးသွား(၄)သိန်းခွဲကျော်...

အာဆီယံဒေသတွင်း၌ မြန်မာနိုင်ငံ၏အခန်းကဏ္ဍမြှင့်တင်နိုင်ရန် နိုင်ငံခြားရေးဒု-ဝန်ကြီး အထူးအလေးထားတိုက်တွန်း

အာဆီယံဒေသတွင်း၌ မြန်မာနိုင်ငံ၏အခန်းကဏ္ဍမြှင့်တင်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု- ဝန်ကြီးဦးကိုကိုကျော်မှ ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့က နေပြည်တော်၌ကျင်းပသည့် “အာဆီယံအတွင်း မြန်မာနိုင်ငံ၏...

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် (၂)ရက်အတွင်း မီးလောင်မှု (၂)ကြိမ်ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် (၂) ရက်အတွင်း မီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ (၉) ရက်၊...

တက္ကဆပ်စ်၌လေယာဉ်ခရီးစဉ် ၁,၆၅၀ ထက်မနည်းဖျက်သိမ်းရ

ဟူစတန်၊ဇန်နဝါရီ 9 အမေရိကန်နိုင်ငံ တက္ကဆပ်စ်ပြည်နယ်၌ ဆောင်းရာသီမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၁,၆၅၀ ထက်မနည်း ကိုဖျက်သိမ်းခဲ့ရကြောင်း FlightAware မှ သတင်းထုတ်ပြန်ချက်များအရသိရသည်။ ကြာသပတေးနေ့နံနက်ပိုင်းအထိ ပြည်နယ်၏ အဓိကလေဆိပ်များတွင်...
HomeNewsLocal Newsချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားပြီး အခန်း...

ချမ်းအေးသာစံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားပြီး အခန်း (၈)ခန်း မီးလောင်ပျက်စီးခဲ့ရ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊လမ်း (၃၀) ၊ (၆၈)လမ်းနှင့် (၆၉)လမ်းကြားတွင် လူနေအိမ် မီးလောင်မှုဖြစ်ပွားရာ Level 1 အဆင့် ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး လူနေအခန်း (၈)ခန်း မီးလောင်ပျက်စီးခဲ့ကြောင်း နယ်မြေခံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီ (၁၀)ရက်၊ နံနက် (၉)နာရီ မိနစ် (၅၀) အချိန်ခန့်က ချမ်းအေးသာစံမြို့နယ်၊ လမ်း (၃၀)ပေါ်ရှိ လူနေအိမ် အခန်းတွဲများ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့မှ Level 1 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် (၉)နာရီ (၅၉)မိနစ်အချိန်တွင် မီးညွှန့်ကျိုးကာ မီးထိန်းနိုင်ခဲ့ပြီး နံနက် (၁၀)နာရီ (၃) မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် သွပ်မိုး (၄)ခန်းတွဲ ပျဉ်ကာ (၂)ဆောင်၊ စုစုပေါင်း အခန်း (၈)ခန်း မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ကနဦး ဒေသတွင်း သတင်းများအရ သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်ပျက်စီး ဆုံးရှုံးမှု တန်ဖိုးနှင့် မီးလောင်မှု အကြောင်းအရင်း အသေးစိတ်ကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ (၈)ရက် ညနေပိုင်းအချိန်ကလည်း ချမ်းမြသာစည်မြို့နယ် (၁၁၂) လမ်းနှင့် (၅၉) လမ်းကြားရှိ ဆိုင်ခန်းတစ်ခန်းတွင် Level 1 အဆင့်ရှိ မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သေးကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကရင်ပြည်နယ်သို့ ၂၀၂၄ ခုနှစ်၏ (၁၁)လတာအတွင်း ခရီးသွား(၄)သိန်းခွဲကျော်လာရောက်လည်ပတ်ခဲ့၍ ၁၀၀ ရာခိုင်နှုန်းကျော်တိုးတက်လာ

ကရင်ပြည်နယ်သို့ ၂၀၂၄ ခုနှစ်၏ (၁၁)လတာအတွင်း ခရီးသွား(၄)သိန်းခွဲကျော်လာရောက်လည်ပတ်ခဲ့၍ ပြည်နယ်ခရီးသွားလုပ်ငန်းမှာ ၁၀၀ ရာခိုင်နှုန်းကျော်တိုးတက်လာကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ၂၀၂၄ ခုနှစ်၏ (၁၁)လတာအတွင်း ပြည်တွင်း/ပြည်ပခရီးသွား(၄)သိန်းခွဲကျော် ကရင်ပြည်နယ်သို့ ဝင်ရောက်လည်ပတ်ခဲ့၍ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၏ဝင်ငွေရရှိမှုမှာ ငွေကျပ်(၄၇၆၁၉ ဒဿမ ၁၈)သိန်းအထိရရှိခဲ့သဖြင့် ၁၀၀ ရာခိုင်နှုန်းကျော်တိုးတက်ရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ကရင်ပြည်နယ်၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် လက်ရှိအချိန်၌ ဟိုတယ်နှင့်တည်းခိုရိပ်သာ(၆၀)လုံး၊ အိပ်ခန်းပေါင်း(၂၁၅၉)ခန်းရှိရာ လုပ်ငန်းလိုင်စင်ထုတ်ပေးနိုင်မှုတွင်လည်း (၂၂ ဒဿမ ၄၅)ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း သိရသည်။ ထိုသို့ ကရင်ပြည်နယ်၌ ခရီးသွားလုပ်ငန်းတိုးတက်လာခဲ့သဖြင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ)သင်တန်းများဖြစ်သည့် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊...

အာဆီယံဒေသတွင်း၌ မြန်မာနိုင်ငံ၏အခန်းကဏ္ဍမြှင့်တင်နိုင်ရန် နိုင်ငံခြားရေးဒု-ဝန်ကြီး အထူးအလေးထားတိုက်တွန်း

အာဆီယံဒေသတွင်း၌ မြန်မာနိုင်ငံ၏အခန်းကဏ္ဍမြှင့်တင်နိုင်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒု- ဝန်ကြီးဦးကိုကိုကျော်မှ ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်တို့က နေပြည်တော်၌ကျင်းပသည့် “အာဆီယံအတွင်း မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့် စွမ်းရည်မြှင့်တင်ရေး”ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် အထူးအလေးထားတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် “လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ”ကို ကျင့်သုံးလျက်ရှိရာ ကမ္ဘာ့နိုင်ငံများနှင့် နှစ်နိုင်ငံချင်းသာမက ကုလသမဂ္ဂ၊ အာဆီယံ၊ ဘင်းမ်စတက်နှင့် မဲခေါင်ဒေသခွဲဆိုင်ရာအဖွဲ့အစည်းများ၊ အာရှ-ဥရောပ အစည်းအဝေး(အေဆမ်)၊ အာရှပူး ပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ(အေစီဒီ)၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အက်စ်စီအို) စသည့် ဒေသတွင်း၊ ဒေသခွဲဆိုင်ရာနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင်လည်း တက်ကြွစွာပူးပေါင်းပါဝင်လျက်ရှိသည်ဟု ပြောသည်။ ထို့ပြင်...

မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် (၂)ရက်အတွင်း မီးလောင်မှု (၂)ကြိမ်ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် (၂) ရက်အတွင်း မီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် နယ်မြေခံ လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီ (၉) ရက်၊ ည (၈) နာရီ၊ (၂၅) မိနစ်ခန့်က မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ပုသိမ်ညွန့် (၂ )လမ်းတွင် မီးလောင်မှု ဖြစ်ပွား၍ မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(ရန်ကုန်)မှအသင်းဝင်များက ပူးပေါင်းငြှိမ်းသ -တ်ခဲ့ကြပြီး ည (၈) နာရီ (၂၈) မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုဖြစ်စဉ်အပြီး ယနေ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071