Friday, November 15, 2024

JMEV ကား မြန်မာပြည်သို့ စတင်မိတ်ဆက်

မြန်မာပြည်၏ EV ကားဈေးကွက်အတွင်း Brand တစ်ခုဖြစ်သည့် JMEV ကားအမျိုးအစားသစ်ကို စတင်မိတ်ဆက်ခဲ့‌ကြောင်း သိရသည်။ အဆိုပါ EV ကားအမျိုးအစား မိတ်ဆက်ပွဲ နှင့်...

လူကုန်ကူးခံရသူ မြန်မာအမျိုးသားသုံးဦးအား ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့...

လူကုန်ကူးခံရသူ မြန်မာအမျိုးသား (၃) ဦးအား ထိုင်းအာဏာပိုင်များက မြန်မာဘက်မှ ဒေသဆိုင်ရာ တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။ ယမန်နေ့ နိုဝင်ဘာ (၁၄)ရက်၊ နံနက်ပိုင်းက မဲဆောက်မြို့ရှိ...

လုပ်ဆောင်ချက် အစီအစဉ်သစ် တိုင်းပြည်သို့ ချပြမည်ဟု...

ယူကရိန်းအတွက် အစီအစဉ်သစ်တစ်ခုကို နိုင်ငံသို့ ချပြတော့မည်ဟု သမ္မတ ဇလန်းစကီးကကြေညာခဲ့သည်။ “စုစုပေါင်း အချက် ၁၀ ချက်ကို နောက်အပတ်မှာ ချပြသွားမှာဖြစ်ပါတယ်" ဟု သူ၏...

၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်...

ဖီလစ်ပိုင်နိုင်ငံမှ နိုဝင်ဘာ ၁၆ ရက်မှ ၂၁ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ ရလဒ်ကောင်းရရှိရန် အကောင်းဆုံးကြိုးစားသွားမည်ဟု...
HomeNewsLocal Newsချောင်းအား လက်ပစ်ကူး၍ ဖြတ်သန်းသည့်​ကျောင်းသားထဲမှ...

ချောင်းအား လက်ပစ်ကူး၍ ဖြတ်သန်းသည့်​ကျောင်းသားထဲမှ ရေနစ်သွားသည့် (၂) ဦး၏ ရုပ်အလောင်းများအား ၂ရက်ကြာမှ တွေ့ရှိ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ရေနစ်ပျောက်ဆုံးနေသည့် ကလေးငယ်နှစ်ဦး၏ ရုပ်အလောင်းများကို ယနေ့ ဇူလိုင်လ (၁၀) ရက် နံနက်ပိုင်းက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံ လူမှုကူညီရေးအသင်းများမှ သိရသည်။

ကျောက်ဖြူမြို့ ၊ ငလပွေ့ရပ်ကွက်တွင် နေထိုင်သည့် ကလေး (၂) ဦးမှာ ဇူလိုင်လ (၈) ရက် နေ့လယ်ပိုင်းကပင် ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ဒေသခံ လူမှုကူညီရေးအသင်းများက ရှာဖွေမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ငလပွေ့ရပ်ကွက်နေ မောင်ညီကိုဝင်းနှင့် မောင်ပုတုတို့သည် ဇူလိုင် (၈) ရက်နေ့လယ် (၁) နာရီခန့်တွင် အခြားကျောင်းသားအချို့နှင့် ငလပွေ့ချောင်းအား လက်ပစ်ကူး၍ ဖြတ်သန်းစဥ် ရေနစ်ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ယင်းခဲ့သို့ ရေနစ်ပျောက်ဆုံးသွားသည့်အတွက် တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ချောင်းရိုးတစ်လျှောက်၌ လိုက်လံရှာဖွေခဲ့ကြသော်လည်း တွေ့ရှိခဲ့ခြင်း မရှိဘဲ ယနေ့နံနက်ပိုင်းတွင်မှ သေဆုံးနေသည့် ရုပ်အလောင်းများအား ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“စတင်ပျောက်ဆုံးတာကို သိတဲ့အချိန်ကစပြီး ရှာဖွေရေးတွေဆက်တိုက်လုပ်ခဲ့တယ်။ ဒီနေ့မနက် (၆) နာရီမှာ ကလေးတစ်ယောက်ရဲ့ ရုပ်အလောင်းကိုတွေ့တယ်။ မနက် (၈)နာရီမှာ နောက်ထပ်တစ်ယောက်ရဲ့ရုပ်အလောင်းကိုတွေ့တာ”ဟု ဒေသခံလူမှုကူညီရေး အသင်းဝင်တစ်ဦးကပြောသည်။

ရေနစ်ပျောက်ဆုံးသွားရာမှ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရသည့် ကျောင်းသား ၂ ဦး၏ ရုပ်အလောင်းများအား ကျောက်ဖြူဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

JMEV ကား မြန်မာပြည်သို့ စတင်မိတ်ဆက်

မြန်မာပြည်၏ EV ကားဈေးကွက်အတွင်း Brand တစ်ခုဖြစ်သည့် JMEV ကားအမျိုးအစားသစ်ကို စတင်မိတ်ဆက်ခဲ့‌ကြောင်း သိရသည်။ အဆိုပါ EV ကားအမျိုးအစား မိတ်ဆက်ပွဲ နှင့် Launch Event ကို ယမန်နေ့ နိုဝင်ဘာ (၁၄) ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ Sedona Hotel တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်း JMEV သည် ကမ္ဘာ့နာမည်ကြီး JMC ကား၏ နည်းပညာများနှင့် ပေါင်းစပ်ထားခြင်းဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံတွင် EV3 နဲ့ EV Eazy...

လူကုန်ကူးခံရသူ မြန်မာအမျိုးသားသုံးဦးအား ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း

လူကုန်ကူးခံရသူ မြန်မာအမျိုးသား (၃) ဦးအား ထိုင်းအာဏာပိုင်များက မြန်မာဘက်မှ ဒေသဆိုင်ရာ တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။ ယမန်နေ့ နိုဝင်ဘာ (၁၄)ရက်၊ နံနက်ပိုင်းက မဲဆောက်မြို့ရှိ တပ်(ခ်)ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာန အစည်းအဝေးခန်းမတွင် ကရင်ပြည်နယ်၊ မြဝတီမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာမှ တာဝန်ရှိသူများနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားလုံခြုံရေးဝန်ကြီးဌာနလက်အောက်ရှိ Chiang Rai တွင် လက်ခံစောင့်ရှောက်ထားသူများအနက် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်အတည်ပြုချက်ရရှိပြီး လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ လွှဲပြောင်းပေးအပ်ရာတွင် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီး ဌာနမှ...

လုပ်ဆောင်ချက် အစီအစဉ်သစ် တိုင်းပြည်သို့ ချပြမည်ဟု ဇလန်းစကီးကြေညာ

ယူကရိန်းအတွက် အစီအစဉ်သစ်တစ်ခုကို နိုင်ငံသို့ ချပြတော့မည်ဟု သမ္မတ ဇလန်းစကီးကကြေညာခဲ့သည်။ “စုစုပေါင်း အချက် ၁၀ ချက်ကို နောက်အပတ်မှာ ချပြသွားမှာဖြစ်ပါတယ်" ဟု သူ၏ Telegram ချန်နယ်တွင် တင်ထားသော ဗီဒီယိုတစ်ခုတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အစီအစဉ်တွင် လုံခြုံရေး၊ စွမ်းအင်နှင့် လက်နက်တပ်ဆင်ရေး စသည့်အချက်များ ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ လက်နက်များနှင့်ပတ်သက်၍မူ အဆိုပါ အစီအစဉ်သည် ယူကရိန်းတွင် ထုတ်လုပ်မှုအပေါ် အာရုံစိုက်မည်ဖြစ်ပြီး မိတ်ဖက်များနှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ ယူကရိန်းလွှတ်တော်အမတ် Alexey Goncharenko (ရုရှားတွင် အကြမ်းဖက်သမားများနှင့် အစွန်းရောက်များစာရင်းတွင် ပါ၀င်သည်)က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071