Tuesday, November 19, 2024

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုသည့် အဆောက်အဦများ၊ လမ်းတံတားများကို...

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများရှေ့သို့မရောက်နိုင်ခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းကပြုလုပ်သည့် နစက အစည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။ နစက ဥက္ကဋ္ဌက...

တိုင်းရင်းသားကိုယ်စားလှယ်များ နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာနိုင်ရန်လိုအပ်ဟု နစက...

ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရန် တိုင်းရင်း သားကိုယ်စားလှယ်များ နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာနိုင်ရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ...

မြန်မာအသင်း၏ ခြေစွမ်းနှင့်ကစားပုံကိုချီးကျူးဟု လက်ဘနွန်နည်းပြချုပ်ပြော

မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်အ သင်းတို့သည် ယနေ့ နိုဝင်ဘာ ၁၉ ရက်ညနေ ၅ နာရီက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ ခြေစမ်းပွဲယှဥ်ပြိုင်ကစားခဲ့ရာ လက်ဘနွန်အသင်းက...

တရုတ်တွင်ကျောင်းရှေ့ ယာဉ်တိုက်၍ ကလေးငယ်များစွာ ဒဏ်ရာရ

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် Changde မြို့ရှိ မူလတန်းကျောင်းတစ်ကျောင်း အပြင်ဘက်တွင် နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းက ယာဉ်တိုက်မှုဖြစ်ခဲ့သောကြောင့် ကလေးငယ်အများအပြား ဒဏ်ရာရခဲ့သည်ဟု...
HomeNewsFootballခြေစမ်းပွဲ၌ လက်ဘနွန်အသင်းကိုရှုံးနိမ့်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်း

ခြေစမ်းပွဲ၌ လက်ဘနွန်အသင်းကိုရှုံးနိမ့်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်း

မြန်မာ့လက်ရွေးစင်အသင်းသည် ယနေ့ နိုဝင်ဘာ ၁၉ ရက်ညနေ ၅ နာရီက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ယှဥ်ပြိုင်ကစားခဲ့သည့် FIFA International “A” Friendly Match နိုင်ငံတကာခြေစမ်းပွဲတွင် လက်ဘနွန်အသင်းအားရှုံးနိမ့်ခဲ့ရသည်။

ခြေစမ်းပွဲမစတင်မီ ယနေ့ပွဲစဥ်အတွက်ရရှိသည့် ကွင်းဝင်ကြေးငွေကျပ်သိန်း(၃၀)အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ မြန်မာနိုင်ငံဉာဏ်ရည်မသန်စွမ်းသူများအားကစားအဖွဲ့ချုပ်သို့ ပေးအပ်လှူဒါန်းခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစမ်းပွဲ၌ ပြည့်ဖြိုးသူ(ဂိုး)၊ သက်ဟိန်းစိုး၊ စိုးမိုးကျော်၊ မောင်မောင်လွင်(အသင်းခေါင်းဆောင်)၊ မြတ်ကောင်းခန့်၊ သီဟဇော်၊ လွင်မိုးအောင်၊ ဝေလင်းအောင်၊ ဟိန်းထက်အောင်၊ အောင်ဝဏ္ဏစိုး၊ ဥက္ကာနိုင်တို့နှင့်ပွဲထွက်လာခဲ့ပြီး ပထမပိုင်းယှဥ်ပြိုင်ကစားပြီးချိန်၌ ၁ ဂိုး ၁ ဂိုး သရေရလဒ်ထွက်ပေါ်ခဲ့သည်။

ထို့နောက် ဒုတိယပိုင်းပြန်လည်ယှဥ်ပြိုင်ကစားရာ မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်အသင်းတို့သည် အကြိတ်အနယ်ကစားကာ အ ပြန်အလှန်သွင်းဂိုးများသွင်းယူခဲ့ကြသော်လည်း ပွဲပြီးချိန်တွင် မြန်မာ့လက်ရွေးစင်အသင်းသည် လက်ဘနွန်အသင်းအား ၃ ဂိုး ၂ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရသည်။

လက်ဘနွန်အသင်းနှင့် ခြေစမ်းပွဲယှဥ်ပြိုင်ကစားရခြင်းသည် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် ကောင်းမွန်သည့်ပြင်ဆင်မှုဖြစ်သည်ဟုလည်း မြန်မာလက်ရွေးစင်အသင်းနည်းပြချုပ်ဦးမျိုးလှိုင်ဝင်းက ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုသည့် အဆောက်အဦများ၊ လမ်းတံတားများကို အ ကြမ်းဖက်သမားများက ဆင်ခြင်တုံတရားမဲ့မိုက်လုံးကြီးစွာဖျက်ဆီးနေဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများရှေ့သို့မရောက်နိုင်ခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းကပြုလုပ်သည့် နစက အစည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။ နစက ဥက္ကဋ္ဌက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံအတွင်း လမ်း၊ တံတားများ၊ စာသင်ကျောင်းများနှင့် အဆောက်အဦများ ကြီးမားစွာထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် အခြေအနေများကို ပြောသည်။ ထိုသို့ ဖျက်ဆီးခဲ့မှုများကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေရသဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် သုံးစွဲရမည်ငွေကြေးများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် သုံးစွဲကုန်ကျနေရသဖြင့် နိုင်ငံအတွက်ထိခိုက်နစ်နာစေသည်ကိုလည်း ပြောကြားသည်။ အကြမ်းဖက်သမားများ၏ အသိဉာဏ်အားနည်းမှုနှင့်ပတ်သက်၍လည်း " အဲဒီလို အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေကြခြင်းဟာ ပြည်ပက...

တိုင်းရင်းသားကိုယ်စားလှယ်များ နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာနိုင်ရန်လိုအပ်ဟု နစက ဥက္ကဋ္ဌပြော

ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရန် တိုင်းရင်း သားကိုယ်စားလှယ်များ နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာနိုင်ရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၁၉ ရက်နံနက်ပိုင်းကပြုလုပ်သည့် နစက အစည်းအဝေးတွင်ပြောကြားခဲ့သည်။ နစကဥက္ကဋ္ဌက ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုများနှင့်ပတ်သက်၍ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် နိုင်ငံ့လူဦးရေ၏ ၆၃ ရာခိုင်နှုန်းကျော်ကိုကောက်ယူနိုင်ခဲ့ပြီး ကျန်ရှိသည့်နေရာများကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်ကောက်ယူနိုင်မည်ဟုခန့်မှန်းထားပြီး ပါတီများမှတ်ပုံတင်ခြင်းကိုလည်း ဥပဒေနှင့်အညီခွင့်ပြုပေးထားပြီးဖြစ်သည်ဟု ထည့်သွင်းပြောကြားသည်။ " လွှတ်တော်အတွင်းမှာ တိုင်းရင်းသားတွေနဲ့ လူထုလူတန်းစားအလွှာတွေကို ကိုယ်စားပြုသူတွေ ကျယ်ပြန့်စွာပါဝင်လာဖို့ အချိုးကျကိုယ်စားပြုစနစ်(PR)ကို တိုင်း၊ ပြည်နယ်နဲ့ အမျိုးသားလွှတ်တော်မှာ...

မြန်မာအသင်း၏ ခြေစွမ်းနှင့်ကစားပုံကိုချီးကျူးဟု လက်ဘနွန်နည်းပြချုပ်ပြော

မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်အ သင်းတို့သည် ယနေ့ နိုဝင်ဘာ ၁၉ ရက်ညနေ ၅ နာရီက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ ခြေစမ်းပွဲယှဥ်ပြိုင်ကစားခဲ့ရာ လက်ဘနွန်အသင်းက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထိုသို့ ယှဥ်ပြိုင်ကစားခဲ့ကြပြီးနောက် မြန်မာ့လက်ရွေးစင်အသင်း၏ ခြေစွမ်း၊ ကစားပုံတို့နှင့်ပတ်သက်၍ လက်ဘနွန်အသင်းနည်းပြချုပ် ရာဒူလိုဗစ်က ပွဲပြီးပြောစကားပြောကြားရာ၌ ချီးကျူးပြောကြားခဲ့ခြင်းဖြစ်သည်။ ယနေ့ ခြေစမ်းပွဲသည် ကောင်းမွန်သည့်ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ကာ ပွဲချိန်အတွင်း၌ အကြိတ်အနယ်ရှိခဲ့သည်ကို သွင်းဂိုး ၅ ဂိုးကိုကြည့်ခြင်းဖြင့် မြင်တွေ့နိုင်ပြီး မိမိအသင်းအနေဖြင့် လူစားလဲပုံများထိရောက်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သည်ဟု ပြောသည်။ " မြန်မာအသင်းရဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071