Thursday, December 19, 2024

ဟနွိုင်တွင် ကော်ဖီဆိုင် မီးရှို့ခံရ၍ လူ...

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်ရှိ ကော်ဖီဆိုင်တစ်ခု ဗုဒ္ဓဟူးနေ့ညက မီးလောင်မှုဖြစ်ပွားခဲ့၍ လူ ၁၁ ဦး ‌ေ-သဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောဆိုသည်။ ည ၁၁ နာရီခန့်တွင်...

ဖျားနာနှင့်ဗိုက်အောင့်၊ဝမ်းပျက်ဝမ်းလျှောလူနာအနည်းငယ်များလာဟုဆို

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် ဖျားနာလူနာအပါအဝင် ဗိုက်အောင့်၊ ဝမ်းပျက်ဝမ်းလျှောလူနာများအနည်းငယ်များလာကြောင်း အထွေထွေရောဂါကုဆရာဝန်များ၏ ပြောပြချက်အရ သိရသည်။ ရာသီအကူးအပြောင်းကြောင့် ကလေ-းငယ်များ ခပ်စိတ်စိတ်ဖျားနာမှုများရှိပြီး သက်လတ်ပိုင်းနှင့် လူကြီးအများစုတွင် ဗိုက်အောင့်၊...

တိုယိုတာက ထိုင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့မည်

ဘန်ကောက်၊ဒီဇင်ဘာ ၁၉ တိုယိုတာမော်တာကော်ပိုရေးရှင်း ဥက္ကဋ္ဌ အခိအိုတိုယိုဒသည် ဟိုက်ဘရစ်ကားများ ထုတ်လုပ်မှုကို တိုးချဲ့ရန်အတွက် ထိုင်းနိုင်ငံတွင် ဘတ် ၅၅ ဘီလျံ ရင်းနှီးမြှုပ်နှံရန် ကတိပြုထားကြောင်း...

ရန်ကုန်တိုင်း ယူ-၂၁ အသင်းကို Professional...

ရန်ကုန်တိုင်း ယူ ၂၁ အသင်းကို Professional Club အသင်းအဖြစ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။ အဆိုပါ ရန်ကုန်တိုင်း ယူ-၂၁...
HomeNewsLocal Newsခြံအမှတ် (၅၄) နေအိမ်ကို...

ခြံအမှတ် (၅၄) နေအိမ်ကို လေလံစျေး သုံးဘီလျံ လျှော့ချရောင်းမည်

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ အမွေဆိုင်အငြင်းပွါးမှုရှိနေသည့် ခြံအမှတ် (၅၄) နေအိမ်ကို လေလံစျေး သုံးဘီလျံ လျှော့ချကာ (၂၉၇) ဘီလျံဖြင့် ရောင်းချရန် တရားရုံးက အမိန့်ချလိုက်သည်။

ယင်းနေအိမ်ကို စျေးလျှော့၍ ထပ်မံလေလံတင်ရန် ဦးအောင်ဆန်းဦးဘက်က တရားရုံးကို ထပ်မံ တင်ပြထားခြင်း ဖြစ်ကာ မူလကြမ်းခင်းစျေး ငွေကျပ် (၃၀၀) ဘီလျံမှ (၁၀) ဘီလျံ လျှော့ချပြီး ဘီလျံ (၂၉၀) သတ်မှတ်ပေးရန် ဦးအောင်ဆန်းဦးဘက်က တင်ပြထားခြင်း ဖြစ်သည်။

သို့သော် ယင်းသို့တင်ပြချက်ကို တရားရုံးကပယ်ချပြီး (၃) ဘီလျံ လျှော့ချသတ်မှတ်လိုက်ကာ (၂၉၇) ဘီလျံဖြင့် ရောင်းချသွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် ခြံအမှတ် (၅၄) ဟု ကျော်ကြားသည့် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ အိမ်ကို ကျပ်ငွေ (၃၁၅) ဘီလီယံဖြင့်တစ်ကြိမ်၊ (၃၀၀) ဘီလီယံဖြင့် တစ်ကြိမ် လေလံတင် ရောင်းချခဲ့ရန် ကမာရွတ်မြို့နယ် တရားရုံးက ယခုနှစ် ဇန်န ဝါရီ (၂၅)ရက်က အမိန့်ချမှတ်ထားခြင်းဖြစ်ကာ လက်ရှိအ ချိန်ထိ လေလံဆွဲ ဝယ်ယူသူ မရှိသေးခြင်း ဖြစ်သည်။

ခြံအမှတ် (၅၄)၏ ဧရိယာအကျယ်အဝန်းမှာ (၁.၉၂၃) ဧက ကျယ်ဝန်းကြောင်းသိရကာ စတုရန်းပေ (၈၃၇၆၅.၈၈) ပေ ရှိကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟနွိုင်တွင် ကော်ဖီဆိုင် မီးရှို့ခံရ၍ လူ ၁၁ ဦး ‌ေ-သဆုံး

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်ရှိ ကော်ဖီဆိုင်တစ်ခု ဗုဒ္ဓဟူးနေ့ညက မီးလောင်မှုဖြစ်ပွားခဲ့၍ လူ ၁၁ ဦး ‌ေ-သဆုံးခဲ့သည်ဟု အာဏာပိုင်များက ပြောဆိုသည်။ ည ၁၁ နာရီခန့်တွင် လူများစွာ ပိတ်မိသွားခဲ့သည့် မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အာဏာပိုင်များက မီးလောင်မှုကို စတင် ဖြစ်ပေါ်စေခဲ့သည့် သံသယရှိသူ အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ “ကော်ဖီဆိုင်ကို ရည်ရွယ်ချက်ရှိရှိ နဲ့ မီးရှို့တာလို့ ရဲက သံသယရှိထားပြီး ကျူးလွန်သူကို ဖမ်းမိထားပါတယ်” ဟု ဟနွိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့သည်။ ရဲတပ်ဖွဲ့၏ အဆိုအရ အဆိုပါအမျိုးသားသည်...

ဖျားနာနှင့်ဗိုက်အောင့်၊ဝမ်းပျက်ဝမ်းလျှောလူနာအနည်းငယ်များလာဟုဆို

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် ဖျားနာလူနာအပါအဝင် ဗိုက်အောင့်၊ ဝမ်းပျက်ဝမ်းလျှောလူနာများအနည်းငယ်များလာကြောင်း အထွေထွေရောဂါကုဆရာဝန်များ၏ ပြောပြချက်အရ သိရသည်။ ရာသီအကူးအပြောင်းကြောင့် ကလေ-းငယ်များ ခပ်စိတ်စိတ်ဖျားနာမှုများရှိပြီး သက်လတ်ပိုင်းနှင့် လူကြီးအများစုတွင် ဗိုက်အောင့်၊ ဝမ်းပျက်ဝမ်းလျှော အဖြစ်များကြောင်း သိရသည်။ " အခုရက်ပိုင်းက ဖျားနာလူနာတွေ တော်တော်စိပ်လာတယ်။ ဝမ်းပျက်‌ဝမ်းလျှောရောပေါ့။ ဒါပေမဲ့ ဟိုတစ်ခေါက်ဖြစ်တုန်းကလောက်တော့ ဝမ်းပျက်‌ဝမ်းလျှောက မဆိုးသေးဘူး။ အရမ်းကြီး မဆိုးသေးဘူးပေါ့။ ဒါပေမဲ့ သေချာလေးဂရုတ စိုက်နေထိုင်ဖို့တော့ သတိပေးချင်တယ်" ဟု စံပြဆေးရုံရှိ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ တရုတ်နိုင်ငံတွင် အစာအိမ်အူလမ်းကြောင်း Virusပိုး Noro...

တိုယိုတာက ထိုင်းနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့မည်

ဘန်ကောက်၊ဒီဇင်ဘာ ၁၉ တိုယိုတာမော်တာကော်ပိုရေးရှင်း ဥက္ကဋ္ဌ အခိအိုတိုယိုဒသည် ဟိုက်ဘရစ်ကားများ ထုတ်လုပ်မှုကို တိုးချဲ့ရန်အတွက် ထိုင်းနိုင်ငံတွင် ဘတ် ၅၅ ဘီလျံ ရင်းနှီးမြှုပ်နှံရန် ကတိပြုထားကြောင်း ထိုင်းအစိုးရထံမှသိရသည်။ ယခုရင်းနှီးမြှုပ်နှံမှုသည် အလုပ်အကိုင်ဖန်တီးရေး၊ နည်းပညာလွှဲပြောင်းမှုနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း အကျိုးရှိစေမည်ဖြစ်ကြောင်း မစ္စတာတိုယိုဒါနှင့် ဝန်ကြီးချုပ်ပေတုန်တန်တို့တွေ့ဆုံပြီးချိန်၌ပြောကြားခဲ့သည်။ သို့သော်ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။ ဆက်လက်၍ ထိုင်းနိုင်ငံရှိ ဂျပန်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် စက်မှုလုပ်ငန်းများ၊ဒေသတွင်းထုတ်လုပ်သူများနှင့် ထိုင်းစီးပွားရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများပံ့ပိုးပေးရန်နှင့် ယုံကြည်မှုမြှင့်တင်ရန် အစိုးရ၏ ကတိကဝတ်ကိုလည်း ပေတုန်တန်ကအလေးပေးပြောကြားခဲ့သည်။ မစ္စတာတိုယိုဒါက စက်မှုလုပ်ငန်းကို ကာလရှည်ကြာစွာ ပံ့ပိုးကူညီမှုအတွက် ဝန်ကြီးချုပ်နှင့် အစိုးရကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071