Wednesday, January 29, 2025

မန္တလေးမြို့၌ မြန်မာဘောလုံးအကယ်ဒမီများဖိတ်ခေါ်ခြေစမ်းပွဲကို အသင်း(၇)သင်းဖြင့်ကျင်းပနေ

မန္တလေးမြို့ရှိ မြန်မာဘောလုံးအကယ်ဒမီ(မန္တ လေး)၏ လေ့ကျင့်ရေးကွင်း(၁)နှင့်(၂)တို့တွင် မြန်မာဘောလုံးအကယ်ဒမီများဖိတ်ခေါ်ခြေစမ်းပွဲ(၂၀၂၅)ကို အသင်း(၇)သင်းဖြင့် ဇန်နဝါရီ ၂၇ ရက်မှစတင်၍ကျင်းပလျက်ရှိသည်။ အဆိုပါ ပြိုင်ပွဲအား မြန်မာဘောလုံးအကယ်ဒမီများမှလူငယ်ကစားသမားများ ပြိုင်ပွဲအတွေ့အ ကြုံရရှိစေရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ကာ...

အသက်(၁၅)နှစ်အောက် လူငယ်လိဂ် ဘောလုံးပြိုင်ပွဲ ပွဲစဉ်...

MFF U-15 YOUTH LEAGUE 2024-2025 Week-3 မှာ ယမန်နေ့ ဇန်နဝါရီ (၂၇) ရက်တွင် ပြီးစီးခဲ့ပြီဖြစ်ကာ ယင်း...

ဘိုင်ဒင် အစိုးရအဖွဲ့သည် ရုရှားသမ္မတ ပူတင်ကို...

အမေရိကန်အစိုးရသည် ဂျိုးဘိုင်ဒင် ၏ သမ္မတသက်တမ်းအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်ကို သ--တ်ဖြ--တ်ရန် ကြိုးစားခဲ့သည်ဟု ယုံကြည်ကြောင်း အမေရိကန်သတင်းစာဆရာ တပ်ကာကာလ်ဆန်က ပြောသည်။ "ဘိုင်ဒင် အုပ်ချုပ်ရေးအဖွဲ့ဟာ...

မြန်မာ-လာအိုနယ်စပ် သုံးဆူကပ်ကျော်စေတီ ထီးတော်တင် အလှူမင်္ဂလာအခမ်းအနားကျင်းပ

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းလပ်မြို့၊ မဲခေါင်ဗျူးပွိုင့် (Mekong View Point) ကမ်းခြေ၌ ယနေ့ ဇန်နဝါရီ (၂၈)ရက် နံနက်ပိုင်းအချိန်တွင် သုံးဆူကပ်ကျော်စေတီ ထီးတော်တင်အလှူမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း...
HomeInternationalဂရင်းလန်ကို ဝယ်ချင်နေဆဲဖြစ်ကြောင်းနှင့် ကနေဒါသည်...

ဂရင်းလန်ကို ဝယ်ချင်နေဆဲဖြစ်ကြောင်းနှင့် ကနေဒါသည် အမေရိကန်၏ ပြည်နယ်ဖြစ်လာသင့်ကြောင်း ထရမ့်ဆို

သမ္မတထရမ့်က သူ၏ အဓိက နိုင်ငံခြားရေးမူဝါဒများအကြောင်း ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် လူထုထံ ထုတ်ဖော်ပြောကြားခဲ့ရာတွင် ဂရင်းလန်ဒေသကို ဝယ်ယူလိုသည့် ဆန္ဒနှင့် ကနေဒါကို အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်တစ်ခုအဖြစ် ပြောင်းလဲရန် ကိစ္စများအကြောင်း ပါဝင်သည်။

ထရမ့်သည် ပြီးခဲ့သည့်စနေနေ့ညနေပိုင်းက မိုင်ယာမီသို့ သွားရောက်စဉ် Air Force One လေယာဉ်ပေါ်တွင် သတင်းထောက်များနှင့် မိနစ် ၂၀ ခန့် တွေ့ဆုံခဲ့စဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် ဂရင်းလန်ကျွန်းကို ဝယ်ယူလိုကြောင်း ၂၀၁၉ ခုနှစ်ကတည်းကပင်လျှင့် ထရမ့်ကပြောကြားခဲ့ဖူးသည်။ ဂရင်းလန်သည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး အာတိတ်ဒေသတွင် တည်ရှိသော ကျယ်ပြန့်သည့် ကျွန်းတစ်ခုဖြစ်သည်။

ဂရင်းလန်သည် “ရောင်းစားရန် မဟုတ်ကြောင်း” ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen က ထိုစဉ်ကတည်းကပင်လျှင် ပြောကြားခဲ့သော်လည်း၊ ဂရင်းလန်ကို အမေရိကန်ပြည်ထောင်စု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲရန် ဆန္ဒရှိနေဆဲဖြစ်ကြောင်း ထရမ့်က စနေနေ့က ထပ်မံပြောကြားခဲ့သည်။

“ဂရင်းလန်ကို ငါတို့ ရလိမ့်မယ်လို့ ထင်တယ်။ ပြီးတော့ ဂရင်းလန်ကလူတွေကလဲ ငါတို့နဲ့ အတူနေချင်ကြတယ်လို့ ထင်တယ်” ဟု ထရမ့်က ပြောကြားခဲ့သည်။

ဂရင်းလန်တွင် ရှားပါးသော သတ္တုများနှင့် ယူရေနီယမ်ကဲ့သို့သော အရေးပါသည့် သဘာဝအရင်းအမြစ်များ ရှိသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် ကျွန်းအတွက်လုံခြုံရေးကို တာဝန်ယူပေးလိုကြောင်း ထရမ့်ပြောကြားခဲ့သည်။

“ဒိန်းမတ်က ဘာကြောင့် ဒီကျွန်းကို ပိုင်ဆိုင်တယ်ဆိုတာ ငါတကယ် မသိဘူး။ ဒါပေမယ့် ကျွန်းအတွက် လုံခြုံရေးတာဝန်ယူတာကို ခွင့်မပြုဘူးဆိုရင် ဒါဟာ မဖော်ရွေတဲ့ လုပ်ရပ်ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါက လွတ်လပ်တဲ့ကမ္ဘာကြီးရဲ့ ကာကွယ်ရေးအတွက် ဖြစ်တယ်။ ဒါက ငါတို့အတွက် မဟုတ်ဘူး၊ ဒါက လွတ်လပ်တဲ့ကမ္ဘာကြီးအတွက် ဖြစ်တယ်” ဟု ထရမ့်က သတင်းထောက်များအား ပြောကြားခဲ့သည်။

သူ၏ ဒုတိယသက်တမ်းတွင် ကနေဒါအပေါ် အကောက်ခွန်များ စတင်ကောက်ခံမည်ဟု ထရမ့်ကခြိ-မ်းခြောက်ခဲ့ပြီး၊ စနေနေ့တွင် အမေရိကန်၏ မြောက်ဘက်အိမ်နီးချင်းနိုင်ငံသည် “ကုန်သွယ်ရေးတွင် အမေရိကန်တို့ကို အလွန်မတရားဆက်ဆံခဲ့သည်” ဟု ပြောကြားခဲ့သည်။

“ငါက ကနေဒါကို ချစ်တယ်။ ငါ့မှာ ကနေဒါ မိတ်ဆွေတွေ အများကြီးရှိတယ်။ သူတို့က ငါတို့ကို ကြိုက်တယ်။ သူတို့က ငါ့ကိုလဲ ကြိုက်တယ်။ ဒါပေမယ့် ကနေဒါနိုင်ငံကတော့ အမေရိကန်ပြည်ထောင်စုကို နှစ်ပေါင်းများစွာ အခွင့်ကောင်းယူခဲ့တယ်” ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။

ကနေဒါသည် အမေရိကန်နှင့် ကုန်သွယ်ရေးတွင် ပိုမိုမှီခိုနေရပြီး၊ အမေရိကန်မရှိပါက ကနေဒါအနေဖြင့် ရုန်းကန်ရမည်ဖြစ်ကြောင်း ထရမ့်ကဆိုသည်။

“ဒါကြောင့် ဒီနိုင်ငံဟာ အမေရိကန်ရဲ့ ပြည်နယ်တစ်ခု ဖြစ်လာမယ်ဆိုရင်၊ ကနေဒါကလူတွေဟာ အခွန်ကို နည်းနည်းပဲပေးရလိမ့်မယ်။ သူတို့ရဲ့ အခွန်ကို တစ်ဝက်လျှော့ပေးရလိမ့်မယ်။ သူတို့မှာ စစ်ရေးပြဿနာတွေ မရှိတော့ဘူး။ သူတို့က ပိုပြီး လုံခြုံမှုရှိလိမ့်မယ်။ ဒါက ကနေဒါအတွက် ကြီးမားတဲ့ အရာတစ်ခုလို့ ထင်တယ်။”ဟုလည်းသူကကပြောသည်။

ကနေဒါသည် အမေရိကန်၏ ၅၁ ခုမြောက် ပြည်နယ် မည်သည့်အခါတွင်မျှ ဖြစ်လာမည်မဟုတ် ဟု ကနေဒါဝန်ကြီးချုပ် Justin Trudeau က ဒီဇင်ဘာလအစောပိုင်းတွင် ပြောကြားခဲ့သည်။

အမေရိကန်အနေဖြင့် ကနေဒါအပေါ် အကောက်ခွန်များ စတင်တင်းကြပ်ကောက်ခံလာပါက အမေရိကန်စားသုံးသူများအတွက် ဈေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဟုလည်း Justin Trudeau က သတိပေးခဲ့သည်။ ထရမ့်ကမူ ကနေဒါအပေါ် အမေရိကန်၏ အကောက်ခွန်များသည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဟု စနေနေ့က ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးမြို့၌ မြန်မာဘောလုံးအကယ်ဒမီများဖိတ်ခေါ်ခြေစမ်းပွဲကို အသင်း(၇)သင်းဖြင့်ကျင်းပနေ

မန္တလေးမြို့ရှိ မြန်မာဘောလုံးအကယ်ဒမီ(မန္တ လေး)၏ လေ့ကျင့်ရေးကွင်း(၁)နှင့်(၂)တို့တွင် မြန်မာဘောလုံးအကယ်ဒမီများဖိတ်ခေါ်ခြေစမ်းပွဲ(၂၀၂၅)ကို အသင်း(၇)သင်းဖြင့် ဇန်နဝါရီ ၂၇ ရက်မှစတင်၍ကျင်းပလျက်ရှိသည်။ အဆိုပါ ပြိုင်ပွဲအား မြန်မာဘောလုံးအကယ်ဒမီများမှလူငယ်ကစားသမားများ ပြိုင်ပွဲအတွေ့အ ကြုံရရှိစေရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ကာ အုပ်စု(က)တွင် YGM Academy Team C (U-13), YGN Academy Team B (U-14), MDY Academy Team C (U-14), TATMADAW Academy တို့ပါဝင်သည်။ ထို့ပြင် အုပ်စု(ခ)၌ YGN Academy Team A (U-15 /...

အသက်(၁၅)နှစ်အောက် လူငယ်လိဂ် ဘောလုံးပြိုင်ပွဲ ပွဲစဉ် -၃ အပြီး အမှတ်ပေးဇယား ရပ်တည်မှုထုတ်ပြန်

MFF U-15 YOUTH LEAGUE 2024-2025 Week-3 မှာ ယမန်နေ့ ဇန်နဝါရီ (၂၇) ရက်တွင် ပြီးစီးခဲ့ပြီဖြစ်ကာ ယင်း ပွဲစဉ်အပြီး အမှတ်ပေးဇယား အဆင့်ရပ်တည်မှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ ထုတ်ပြန်ထားသည်။ အမှတ်ပေးဇယား ရပ်တည်မှုအရ Royal Yangon FC က ရမှတ်(၉)မှတ်ဖြင့် အဆင့် ရပ်တည်မှု(၁)၊ Southern Yangon FC ရမှတ်(၆)မှတ်ဖြင့် အဆင့် (၂)၊ Mar Rein FC ရမှတ် (၆) မှတ်ဖြင့် အဆင့်(၃)၊...

ဘိုင်ဒင် အစိုးရအဖွဲ့သည် ရုရှားသမ္မတ ပူတင်ကို သ–တ်ဖြ–တ်ရန် ကြိုးစားခဲ့ဟု အမေရိကန် သတင်းစာဆရာဆို

အမေရိကန်အစိုးရသည် ဂျိုးဘိုင်ဒင် ၏ သမ္မတသက်တမ်းအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်ကို သ--တ်ဖြ--တ်ရန် ကြိုးစားခဲ့သည်ဟု ယုံကြည်ကြောင်း အမေရိကန်သတင်းစာဆရာ တပ်ကာကာလ်ဆန်က ပြောသည်။ "ဘိုင်ဒင် အုပ်ချုပ်ရေးအဖွဲ့ဟာ ပူတင်ကို သ--တ်ဖြ--တ်ဖို့ ကြိုးစားခဲ့ပါတယ်" ဟု သူက သူ၏လုပ်ဖော်ကိုင်ဖက် မတ်တစ်ဘီ အား ပြောကြားခဲ့သည်။ သို့သော် တပ်ကာကာလ်ဆန်သည် သူ၏အဆိုကို ထောက်ခံနိုင်မည့် အသေးစိတ်အချက်အလက်များ သို့မဟုတ် သက်သေအထောက်အထားများ ချမပြခဲ့ချေ။ သူ၏ အဆိုအရ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း အန်တိုနီဘလင်ကန် သည် သူ၏ ရာထူးသက်တမ်း နောက်ဆုံးလ နှစ်လအတွင်း အမေရိကန်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071