Saturday, March 22, 2025

အမေရိကန်နိုင်ငံက ပြည်နှင်သည့် မြန်မာနှစ်ဦးအား မြန်မာနိုင်ငံက...

အမေရိကန်နိုင်ငံက ပြည်နှင်သည့် မြန်မာနိုင်ငံသား နှစ်ဦးကို ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားသည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ မတ်လ (၂၁) ရက် ထုတ်ပြန်ချက်တွင် ပြည်နှင်ခံရသူ မြန်မာနှစ်ဦးသည်...

VOA ပိတ်သိမ်းမှုနှင့်ပတ်သက်၍ ထရမ့်အစိုးရအား တရားစွဲပြီ

Voice of America (VOA) ဝန်ထမ်းများ၊ သတင်းထောက်များ၊ သမဂ္ဂများနှင့် နယ်စည်းမခြားသတင်းထောက်များ(Reporters Without Borders - RSF) တို့က...

လိပ်ပြာပုံ ကျပ် ၂၀၀တန် စာပို့တံဆိပ်ခေါင်းအသစ်အား...

"Red Lacewing" လိပ်ပြာပုံ ကျပ် (၂၀၀) တန်စာပို့တံဆိပ်ခေါင်းအသစ် တစ်မျိုးကို မတ်လ (၁၉) ရက်မှစတင်၍ နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန်...

အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား...

EAO များတည်ရှိရာနေရာများနှင့် ပြည်ပနိုင်ငံများသို့ စိုးရိမ်စိတ်များဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား နေရပ်ပြန်နိုင်ရေး နစက က ထပ်မံဖိတ်ခေါ်ထားသည်ကို တွေ့ရသည်။ တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူခဲ့ရသည့်...
HomeNewsLocal Newsဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များကို အစ္စရေးနိုင်ငံဆိုင်ရာ...

ဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များကို အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး သွားရောက်လေ့လာ

ဂါဇာကမ်းမြှောင်ဒေသအနီးရှိ နယ်နိမိတ်များကို သဘာဝပတ်ဝန်းကျင် စူးစမ်းလေ့လာရန် အထူးပြုခရီးစဉ်အဖြစ် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းက အစ္စရေးအခြေစိုက် သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် အတူ သွားရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းက Keren Kayemeth Lelsrael – ဂျူး အမျိုးသားရန်ပုံငွေ (KKL-JNF)၊ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အစ္စရေး သံအမတ်ကြီးများအသင်း (The Ambassadors’ Club of Israel) တို့ ပူးပေါင်းစီစဉ်သောခရီးစဉ်ကို သွားရောက်ခဲ့ခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း အစ္စရေးနိုင်ငံ Negev သဲကန္တာရဒေသ၌ စိုက်ခင်းများ လုပ်ဆောင်ထားမှု၊ စီးပွားရေး အခွင့်အလမ်းများရရှိရေး ထုတ်ကုန်များ ဖန်တီးထုတ်လုပ်မှု၊ ထိရောက်စွာ လုပ်ကိုင်နေသည့် စီမံကိန်းများကို လိုက်လံကြည့်ရှု့ခဲ့ကြောင်း သိရသည်။

ထို့ပြင် အစ္စရေး- ဟားမတ်စ်စစ်ပွဲ (၁၈) လတာ ကာလအတွင်း ဘေးဒုက္ခခံစားခဲ့ရသည့် Kibbutz Kfar Aza ဒေသခံ အသိုင်းအဝိုင်းများကို ရပ်ရွာပြန်လည်ထူထောင်ရေး စီမံကိန်းများ ဆောင်ရွက်ထားမှု၊ ၂၀၂၃ ခုနှစ် အောက်တိုဘာ(၇) ရက်မှ စတင်၍ ၎င်းတို့၏ စိတ်လှုပ်ရှားဖွယ်ခရီးများနှင့် ခံနိုင်ရည်အား မျှဝေပေးသည့် အနေဖြင့် ဂါဇာကမ်းမြှောင်အနီး အစ္စရေး ဒေသခံများထံမှ ထူးထူးခြားခြား တစ်ဦးချင်းစီနှင့် ထိတွေ့ဆက်ဆံခဲ့ပြီး ခံစားခဲ့ရမှုများ ရင်ဖွင့်ပြောကြားမှုများကို မျှဝေနားထောင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် KKL-JNF၊ အစ္စရေး၏ သစ်တောဝန်ဆောင်မှုများနှင့် Gilat အပင်ပျိုးခင်းကို လေ့လာရေးခရီးစဉ် အပါအဝင် စစ်ပွဲကြောင့် ထိခိုက်ခံစားရသော ပြန်လည် တည်ဆောက်ရေးဆိုင်ရာ အဓိကလုပ်ဆောင်မှုများသို့ သွားရောက် ကြည့်ရှု့ခဲ့ကြောင်း အဓိပ္ပါယ်ရှိသော အခိုက်အတန့်များအနေဖြင့် Nova ဂီတပွဲတော်လုပ်ခဲ့သည့် နေရာကို သွားရောက်လေ့လာခဲ့ပြီး Iron Swords Forest ၌ သံတမန်အကြီးအကဲများအမှတ်တရ သစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားတွင် မြန်မာနိုင်ငံ ကိုယ်စားပြု သစ်ပင်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

ခရီးစဉ်နောက်ဆုံး အနေဖြင့် ဂါဇာကမ်းမြှောင် မြောက်ပိုင်းနှင့် အနီးစပ်ဆုံး ရှိနေသည့် Kibbutz Zikim စုပေါင်းရွာသို့ သွားရောက်ကာ စုပေါင်းစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေ ရှင်းလင်း တင်ပြမှုကို နားထောင်ခဲ့ပြီး၊ ရေဆိုးစံနစ်မှ ပြန်လည်သန့်စင်မှု၊ စွမ်းအင်ရယူမှုများ၊ လုံခြုံရေး ဆောင်ရွက်ထားရှိမှု ရှင်းလင်းမှုများ နားထောင်လေ့လာခဲ့ကြပြီး ခရီးစဉ် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကန်နိုင်ငံက ပြည်နှင်သည့် မြန်မာနှစ်ဦးအား မြန်မာနိုင်ငံက ပြန်လည်လက်ခံမည်

အမေရိကန်နိုင်ငံက ပြည်နှင်သည့် မြန်မာနိုင်ငံသား နှစ်ဦးကို ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်အသိပေးထားသည်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ မတ်လ (၂၁) ရက် ထုတ်ပြန်ချက်တွင် ပြည်နှင်ခံရသူ မြန်မာနှစ်ဦးသည် မတ် (၁၉) ရက်နှင့် မတ် (၂၈)ရက်တွင် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ အကျိုးစီးပွားကို ထိပါးသူ ဒါမှမဟုတ် ရာဇဝတ်မှုများ ကျူးလွန်ထားသူ တရားမဝင် ရွှေ့ပြောင်းရောက်ရှိသူ နိုင်ငံခြားသားများကို ဥပဒေကြောင်းအရ ပြည်နှင်မှုများကို ပြုလုပ်လေ့ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ထိုနည်းတူ အမေရိကန်အစိုးရသစ်၏ ဦးစားပေး မူဝါဒများအရ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ငြိ...

VOA ပိတ်သိမ်းမှုနှင့်ပတ်သက်၍ ထရမ့်အစိုးရအား တရားစွဲပြီ

Voice of America (VOA) ဝန်ထမ်းများ၊ သတင်းထောက်များ၊ သမဂ္ဂများနှင့် နယ်စည်းမခြားသတင်းထောက်များ(Reporters Without Borders - RSF) တို့က ထရမ့်အစိုးရအဖွဲ့ကို တရားစွဲဆိုခဲ့ကြပြီး အမေရိကန်အစိုးရအနေဖြင့် သတင်းဌာနများကို ပိတ်သိမ်းခြင်းသည် ဥပဒေများစွာကို ချိုးဖောက်ခဲ့သည်ဟု ဆိုကာ VOA ကို ပြန်လည်ဖွင့်ပေးရန် တောင်းဆိုခဲ့သည်။ ယင်းတရားစွဲဆိုမှုကို သောကြာနေ့ညနက်ပိုင်းတွင် နယူးယောက်တောင်ပိုင်းခရိုင်တရားရုံးသို့ တင်သွင်းခဲ့ပြီး သမဂ္ဂအချို့၊ RSF နှင့် VOA သတင်းထောက် ၆ ဦးတို့က VOA ၏ မိခင်ကုမ္ပဏီ U.S....

လိပ်ပြာပုံ ကျပ် ၂၀၀တန် စာပို့တံဆိပ်ခေါင်းအသစ်အား ရောင်းချပေးနေ

"Red Lacewing" လိပ်ပြာပုံ ကျပ် (၂၀၀) တန်စာပို့တံဆိပ်ခေါင်းအသစ် တစ်မျိုးကို မတ်လ (၁၉) ရက်မှစတင်၍ နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တပြိုင်တည်း ရောင်းချပေးနေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းထံမှသိရသည်။ ထိုသို့ရောင်းချပေးရာ၌ အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် မတ်လ (၁၉)ရက်၌ စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့ စာအိတ်( First Day Cover) များပေါ်တွင် နေ့စွဲအမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးခဲ့ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071