Oculus VR ကုမ္ပဏီကိုတည်ထောင်ခဲ့သူ Palmer Luckey က သူသည် NerveGear ဟု အမည်ပေးထားသော VR Headset တစ်ခုကို တီထွင်နေပြီး၊ ယင်း VR Headset ကို ဦးခေါင်းတွင်စွပ်၍ ဂိမ်းကစားသူသည် ဂိမ်းထဲတွင် သေဆုံးပါက အပြင်လောကတွင်လည်း အမှန်တကယ်ပင်သေဆုံးနိုင်ကြောင်း သူကဆိုသည်။
ဂျပန်ဝတ္ထုမှ ဂိမ်းတစ်ခုဖြစ်လာသော Sword Art Online ကိုလေ့လာရင်းဖြင့် ယခု VR Headset ကို ပြုလုပ်ရန် စိတ်ကူးရခြင်းဖြစ်ကြောင်း သူကပြောသည်။
“ဂိမ်းကစားကြသူတွေဟာ ဂိမ်းထဲမှာ မိမိကို ကိုယ်စားပြုတဲ့ Avatar ကို အင်မတန် တန်ဖိုးထားကြပြီး၊ မိမိနဲ့ ထပ်တူလို့ သဘောထားကြတာကလဲ အခု VR Headset ကို တီထွင်ဖို့ အကြောင်းတစ်ရပ်ပါပဲ”ဟုလည်း Palmer Luckey က ပြောသည်။
NerveGear VR Headset ကိုဦးခေါင်းတွင်စွပ်ထားသူ၏ ဦးနှောက်အလယ်ဗဟိုနေရာခန့်သို့ မိုက်ခရိုဝေ့ဖ်ဖြင့် တိုက်ရိုက်ချေဖျက်နိုင်ရန် တီထွင်နေကြောင်းသိရသည်။
“ဒါပေမယ့် တီထွင်ပြုလုပ်နေဆဲဖြစ်ပါတယ်။ အခက်အခဲအတားအဆီးတွေ အများကြီးကို ရင်ဆိုင်ရဦးမယ်ဆိုတာ ကျွန်တော်သိပါတယ်”ဟုလည်း Palmer Luckey က ဆိုသည်။
သူသည် Oculus VR ကုမ္ပဏီမှ ထုတ်လုပ်သည့် Oculus ဂိမ်းကို ၂၀၁၂ ခုနှစ်တွင် ဖြန့်ချိခဲ့ပြီး၊ ၂၀၁၄ ခုနှစ်အရောက်တွင် facebook ကုမ္ပဏီအား ကန်ဒေါ်လာ ၂ ဘီလျံဖြင့် ယင်းဂိမ်းကို ရောင်းချခဲ့သည်။
Source: Oculus founder claims he made a VR headset that actually kills you if you die in a game(Euro News)