ပထမဦးဆုံး ဂီတခရီးအစက ပုံပြင်ဆန်တယ်လို့ ပြောရ မယ်။ ဘာဖြစ်လို့လဲဆိုရင် လွန်ခဲ့တဲ့ ၁၅နှစ်၊ ၂ဝဝ၃ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ က Strand Hotel မှာ ကျင်းပတဲ့ ရှိုးပွဲကနေ စပြီးတော့ Iron Cross ရဲ့ ပထမဦးဆုံးစင်တင် အမျိုးသမီး တေးသံရှင်အနေနဲ့ မြန်မာ့ဂီတလောကထဲကို ဘာအခွေ မှ မထွက်ဖူးသေးဘဲ၊ ဘာအနုပညာ လှုပ်ရှားမှုမှမလုပ်ဖူးသေးဘဲ ပရိသတ် ရှေ့ကို ရောက်လာခဲ့တယ်။ Iron Cross က ကိုယ့်ရဲ့ ဆရာသမားတွေ၊ အစ်ကိုတွေကအစ နင့်အသံ သိပ် ကောင်းတယ်၊ သိပ်ထူးခြားတယ် ဆိုပြီး ကိုယ်ဘာလုပ်တတ်မယ်ဆို တာမသိသေးဘဲအသံ တစ်ခုတည်း နဲ့တင်စင်တင်ပေးခဲ့တယ်။ ပရိသတ် ကလည်း အဲဒီအသံ နဲ့ တင်ရင်ဖွင့်ပြီး အားပေးခဲ့ကြတယ်။
ပုံပြင်ဆန်သော ဂီတခရီးအစ ကို ပီတိအပြည့်ဖြင့် ပြန်ပြောင်းပြော ပြနေသူကတော့ လက်ရှိဂီတလော ကတွင် အောင်မြင်မှုသရဖူ ဆောင်း ထားဆဲဖြစ်သည့် နာမည်ကျော် အမျိုးသမီးတေးသံရှင် ဖြူဖြူကျော် သိန်းပင် ဖြစ်သည်။
ဖြူဖြူကျော်သိန်းသည် ၁၉၉၈ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို မြန်မာတစ်နိုင်ငံလုံးတွင် အဆင့် ၁၇ ဖြင့်အောင်မြင်ခဲ့ပြီး ဆေး တက္ကသိုလ် ၁၊ ရန်ကုန် တွင်တက်ရောက် ပညာ သင်ယူခွင့် ရရှိခဲ့ သည်။ ငယ်စဉ်ကတည်း က ဘုရားကျောင်းတွင် ဘုရားသီချင်းများ သီဆိုရင်း ဂီတနှင့် ပိုမိုနီးကပ်ခဲ့သူ ဖြူဖြူ ကျော်သိန်းအဖို့ ဆေးတက္ကသိုလ် တက်ရောက်နေရင်းကပင် ဂီတလော ကထဲသို့ ဝင်ပြီး တေးသီချင်းများ သီဆိုဖန်တီးလိုသည့် ဂီတဗီဇသွေးက လှုပ်လှုပ်ခတ်ခတ် နိုးထလာခဲ့သည်။
၂ဝဝ၃ ခုနှစ်တွင် Iron Cross ၏ ပထမဦးဆုံး စင်တင်အမျိုးသမီးတေး သံရှင်အဖြစ် ပရိသတ်ရှေ့မှောက်တွင် စတင်သီဆိုဖျော်ဖြေခဲ့ပြီးနောက် ထိုနှစ်ထဲမှာပင် ‘လုံးဝ မသက်ဆိုင် တော့ပါ’ တစ်ကိုယ်တော်အခွေကို ပထမဦးဆုံး ထွက်ရှိခဲ့သည်။ အဆိုပါ အခွေမှာ တီဗီတွင် စတင်ကြော်ငြာက တည်းကပင် ပရိသတ်၏ စိတ်ဝင်စား အားပေးမှုကို သိမ်းပိုက်နိုင်ခဲ့သည်။ ထိုစဉ်ကာလက အမျိုးသမီး တစ် ကိုယ်တော်အခွေဆိုလျှင် သိပ်အောင် မြင်လေ့မရှိသည့်အချိန်၊ အဆိုတော် အစုံ ပါဝင်သည့် အတွဲခွေ, Live Show ခွေများသာ လူကြိုက်များနေ သည့်အချိန်တွင် ဖြူဖြူကျော်သိန်းက ပထမဦးဆုံးအခွေကို တစ်ကိုယ်တော် အခွေအဖြစ် ရဲရဲဝံ့ဝံ့ ဖန်တီးချပြခဲ့ခြင်း ဖြစ်သည်။ ကော်ပီသီချင်းများဆို သော်ငြား အများစု နားမယဉ်သေး သည့် သံစဉ်များ၊ စာသားအသစ်များ ဖြစ်နေခြင်းကလည်း ဖြူဖြူကျော် သိန်းအတွက် စိန်ခေါ်မှုတစ်ခု ဖြစ် နေခဲ့သည်။ ဖက်ရှင်ဒီဇိုင်းက အစ။
”ဖြူဖြူက ကတုံးဆံပင်ပေါက် လေးနဲ့၊ နားကွင်းနဲ့။ နာမည်က အစ ကိုယ့်နာမည်အရင်းနဲ့ပဲ ဝင်လာတာ ဆိုတော့ စေတနာနဲ့ ဝိုင်းပြီး အကြံ ပေးကြတယ်။ ဒီ့ထက်ပိုပြီး အနုပညာ ဆန်တဲ့ နာမည်လေး ပြောင်းပြီး ဆိုပါ့ လား၊ မိန်းကလေးဆန်ဆန် ဆံပင် အရှည်လေးထားပြီး နောက်နှစ် လောက်မှ အခွေထွက်ပါလားပေါ့။ သီချင်းတွေကလည်း ခက်တယ်၊ စာသားတွေကလည်း အသစ်တွေ။ ဖြစ်ပါ့မလားပေါ့ စိတ်ပူပေးကြတယ်။ ဖြူဖြူကလည်း မရဘူး။ ဒီလိုပဲ ဆိုချင်တယ်။ ခေါင်းမာမာနဲ့ပဲ သီဆိုခဲ့ တယ်။ အဲဒီအချိန်မှာ ကိုယ်လုပ် လိုက်တာဟာ Main Stream မဟုတ်ပေမယ့် ပရိသတ်က အသစ် တွေကို ဆာလောင်နေတဲ့အချိန်မှာ ကံကောင်းထောက်မစွာပဲ ဖြူဖြူ ကျော်သိန်းဆိုပြီး ဖြစ်လာခဲ့တယ်”
ဟုတ်ပါသည်။ ‘လုံးဝမသက် ဆိုင်တော့ပါ’ အခွေမှာ ပရိသတ်များ အကြား ဝက်ဝက်ကွဲ အောင်မြင်ခဲ့ သည်။ ‘ဘယ်သူ ကိုယ့်လောက် ချစ်သလဲ’၊ ‘မေမေနဲ့ မခွဲနိုင်ဘူး’၊ ‘အနီးဆုံးလား အဝေးဆုံးလား’ စသည့် သီချင်းများမှာ ယခု အချိန်ထိပင် အောင်မြင်နေဆဲ ဖြစ်သည်။ ထို့နောက် ၂ဝဝ၅ခုနှစ်၊ City FM ၃နှစ်ပြည့်ပွဲတွင် တေးရေး မင်းချစ်သူ၏ ‘အတွင်း ကြေ’သီချင်းကို ကော်နီ နှင့် တွဲဖက်သီဆိုခဲ့ရာ ‘ရင်မှာခံစား သူမမြင် နိုင်ပေ…အသည်း ထဲ က အတွင်းကြေ…’ ဟူ သော သီချင်းစာသားမှာကလေး၊ လူငယ်၊ လူကြီး မကျန်နှုတ်ဖျားတွင် စွဲသည် အထိ တစ်နိုင်ငံလုံးအနှံ့ အောင်မြင်ခဲ့ သည်။ ခေတ်စကား ဖြင့်ပြောရလျှင် ပေါက်ခဲ့သည်။ ‘လုံးဝ မသက်ဆိုင် တော့ပါ’ အခွေကို ၂ဝဝ၅ ခုနှစ် တွင် VCD ထွက်ရှိနိုင်ခဲ့သည်။ ထို့နောက် ၂ဝဝ၆ခုနှစ်၊ City FM ၄ နှစ်ပြည့်ပွဲတွင်လည်း တေးရေး စတုန်း၏ ‘ဇာတ်ဆရာ အလိုကျ’ သီချင်းကို သီဆိုခဲ့ရာ ပေါက် သီချင်း တစ်ပုဒ် ဖြစ်ခဲ့ ပြန်သည်။ သီချင်းတစ်ပုဒ်ကို သီဆိုတိုင်း စိတ်ခံစားမှုအပြည့်၊ ဟန်ပန်အမူအရာအပြည့်ဖြင့် အားပါးတရဟစ်ကြွေးသီဆို တတ်မှုကလည်း ပရိသတ်ကို ကောင်းကောင်းကြီးဖမ်းစား နိုင်ခဲ့သည်။
ထိုအချိန်တွင် ဖြူဖြူကျော် သိန်း သည် ဂီတလောကတွင် နေရာတစ်ခု အခိုင်အမာ ရရှိနေခဲ့ပြီး အတွဲခွေအ မြောက် အမြားတွင်လည်း ပါဝင်သီ ဆိုနေပြီ ဖြစ်သည်။ ကော်ပီ သီချင်း များဖြင့် အောင်မြင်ခဲ့သည့် ဖြူဖြူက အတွဲခွေ များတွင် ကိုယ်ပိုင် သံစဉ်သီချင်းအချို့ ကိုလည်း စတင် သီဆိုနေပြီဖြစ်သည်။ ဆေး တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီးနောက် တွင် ဆရာဝန်အ လုပ်ကို မရွေးချယ် ခဲ့ဘဲ ဂီတလောကထဲသို့သာ ခြေစုံပစ် ဝင်ရောက်ခဲ့သူ ဖြူဖြူသည် ၂ဝဝ၈ ခုနှစ်တွင် ‘ချစ်သူ အမုန်း ကျိန်စာ’ ဟူသော ဒုတိယမြောက် တစ်ကိုယ် တော်အခွေထွက်ရှိခဲ့ပြီး ၂ဝဝ၉ ခုနှစ် တွင် VCD ထွက်ရှိခဲ့ သည်။ ထိုအခွေ တွင် အားလုံးနီးပါးမှာ ကော်ပီသီချင်း များ ဖြစ်သော်လည်း တေးရေး နောင်နောင် (S.F) ၏ ‘မိုးခါးရေ’ ဆိုသည့် သီချင်းမှာ ကိုယ် ပိုင်သံစဉ် သီချင်းတစ်ပုဒ် ဖြစ်သည်။ ယင်းမှာ ဖြူဖြူ၏ တစ်ကိုယ်တော်အခွေ များတွင် ပထမဆုံး ထည့်သွင်းသီဆို ဖြစ်ခဲ့ သည့် ကိုယ်ပိုင်သံစဉ်သီချင်း လည်း ဖြစ်သည်။ ပထမအခွေနှင့် ပုံစံကွဲထွက်စွာ သီဆိုဖန်တီးထားသော ထို အခွေကိုလည်း ဖြူဖြူကျော်သိန်း ပရိသတ်များက နှစ်နှစ်ခြိုက်ခြိုက် အားပေးခဲ့ကြသည်။ ထို့နောက် ၂ဝ၁၁ ခုနှစ်တွင် တတိယမြောက် တစ်ကိုယ်တော်အခွေကိုလည်း ရှေ့ကအခွေများနှင့် ပုံစံခြားနား အောင် ဖြူဖြူက ဖန်တီးခဲ့တာ ဖြစ်သည်။ အင်္ဂလိပ်သီချင်းများချည်း ပါဝင်သည့် ‘Memoir of A Diva’။ ထိုအခွေကိုမူ လူသိနည်းခဲ့သည်။
”ငယ်ငယ်လေးကတည်းက တအားကြိုက်ခဲ့တဲ့ အင်္ဂလိပ်သီချင်း လေးတွေကို ကိုယ့် Version လေး နဲ့ကိုယ် Cover Song အနေနဲ့ ပြန်ဆိုတာပေါ့။ အဲဒီအခွေကိုတော့ အမှတ်တရအနေနဲ့ပဲ ထုတ်ခဲ့တာ။ မသိလိုက်တဲ့သူတွေ များပါတယ်။ ဒါပေမဲ့ ဈေးကွက်အရ အောင်မြင် သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ် စေ အဲဒီအခွေ ထုတ်လိုက်ရတဲ့အတွက် တအားကို ကျေနပ်ပါတယ်။ အခုမှ စသိပြီး နားဆင်ဖြစ်မယ့် ပရိသတ် ဆိုရင်လည်း သြော် . . မဖြူဟာ လူမသိမယ့် ဒီအခွေကိုတောင်မှ သေချာလေး သီဆိုဖန်တီးထားပါလား ဆိုတာကို နောင် ဘယ်အချိန်မှာ ပြန် နားထောင် နားထောင် တွေ့စေရ မယ်” ဟု ဖြူဖြူက ယုံကြည်မှုအ ပြည့်ဖြင့်ပြောသည်။
သူသည် Artistic Freedom (အနုပညာအားဖြင့် လွတ်မြောက်စွာ ဖန်တီးထုတ်လုပ်ခြင်း)ကိုလည်း စွဲမြဲ ယုံကြည်သူတစ်ဦးလည်း ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ သီချင်းများမှာ တစ်ခွေနှင့်တစ်ခွေ မှန်းဆ၍ မရ အောင်ပင် ပုံစံ ကွဲထွက်ကာ ဖက်ရှင် ဒီဇိုင်းဆိုလျှင်လည်း ပရိသတ် မျက်စိ မယဉ်သေးသည့် ဖက်ရှင်အ ဆန်း များနှင့် သူယုံကြည်ရာကို ပရိသတ်ထံ ရဲရဲဝံ့ဝံ့ ဖန်တီးချပြခဲ့ သည်။ ၂ဝ၁၃ ခုနှစ်တွင် ‘မိန်း ကလေးတစ်ယောက် အသည်းကွဲနေတယ်’ တစ်ကိုယ် တော်အခွေထပ်မံထွက်ရှိခဲ့ရာ ထို အခွေသည်ဖြူဖြူ၏ ဂီတသမိုင်း ကြောင်းအတွက် မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပြီး ဂီတလောက ထဲတွင်လည်း အလွန် မျက်နှာပန်း လှခဲ့သည်ဟု ဆိုသည်။ ကော်ပီ သီချင်းများဖြင့် ဂီတလောကထဲသို့ ဝင်ရောက်လာခဲ့ သူ ဖြူဖြူက တစ်ကိုယ်တော်အခွေကို တစ်ခွေလုံး ကိုယ်ပိုင်သံစဉ်သီချင်း များဖြင့် ထွက်ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုအ ခွေထဲမှ သီချင်းများကို လက်ရှိ အချိန်အထိ ပရိသတ်က နှစ်နှစ်ခြိုက် ခြိုက် အားပေးနားဆင်နေကြဆဲ ဖြစ် သည်။ ‘ကျွန်မက နှင်းဆီပါ မောင်’ ရုပ်ရှင်ဇာတ်ကားထဲမှ ဇာတ်ဝင်တေး ‘အရှုံးထက် ပိုသော’၊ ‘အဝေးချစ်’ ရုပ်ရှင်ဇာတ်ကားထဲမှ ဇာတ်ဝင်တေး ‘ငှက်ကလေးလို’ တို့ကိုလည်း ပရိသတ်က တခုတ်တရ နားဆင်နေ ကြဆဲဖြစ်ပြီး ‘လှည့်စားလိုက်’ ၊ ‘ ချယ် ရီလမ်း’ စသည့် သီချင်းများကိုလည်း အဆိုပြိုင်ပွဲများတွင် မရိုးနိုင်အောင် ကြားနေရဆဲ ဖြစ်သည်။ ဖြူဖြူသည် အလုပ်လုပ်ရာတွင်လည်း အနည်းဆုံး နောက် ၅နှစ်အတွက် စဉ်းစားပြီး လုပ်လေ့ရှိသည်ဟု ဆိုသည်။
”ဖြူဖြူ ပြောချင်တာက ဖြူဖြူတို့ ပြည်တွင်း ဂီတဈေးကွက်ထဲမှာက အသစ်တစ်ခုကို လုပ်လိုက်ပြီဆိုရင် ပရိသတ် လိုက်လာဖို့ကို ၆ လကနေ ၅နှစ်အထိ စောင့်ရတယ်။ ကိုယ့်ထက် ခေတ်ရှေ့ပြေးနေတဲ့ ပရိသတ်တွေ ရှိသလို ဖြည်းဖြည်းမှန်မှန် လိုက် နေတဲ့ ပရိသတ်တွေအတွက်လည်း အဲဒီလို အချိန်ပေးရပြန်တယ်။ ဒါဆို နာမည်ကျန်နေရစ်မယ်လို၊ April Fool လို အခွေတွေ ထပ်ထုတ်နေရ တာလဲလို့ မေးရင် လုပ်ချင်လို့ကို Artistic Freedom အရ လုပ်တာ။ မိန်းကလေးတစ်ယောက် အသည်းကွဲ နေတယ်အခွေက လွန်ခဲ့တဲ့ ၅နှစ်၊ ၆နှစ်က ထွက်ထားတဲ့ အခွေပေမယ့် အခုထိ ဟောင်းမသွားဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ဖြူဖြူ အများကြီး ဆက်ပြီး အလုပ်လုပ်လို့ ရဦးမယ်ဆိုတဲ့ သဘောသက်ရောက်တယ်။ အဲဒါ ကြောင့် တအား ကျေနပ်တယ်”ဟု ဆိုသည်။
ကတုံးဆံပင်ပေါက်ပုံစံဖြင့် ပရိသတ်ရှေ့မှောက် စတင်ရောက်ရှိ လာခဲ့သူ ဖြူဖြူက ထိုအချိန်တွင် ဆံပင်အရှည်လေးဖြင့် မိန်းကလေး ဆန်ဆန် အလှအပဘက်သို့ စပြောင်း လာပြီဖြစ်သည်။ ဖက်ရှင်ဒီဇိုင်းများ ကတော့ တစ်နေ့ထက်တစ်နေ့ မရိုး နိုင်အောင် ထူးခြားဆန်းပြားနေ ဆဲဖြစ်သည်။ မြန်မာပြည်၏ လေဒီ ဂါဂါဟု ကင်ပွန်းတပ်ရသည်အထိပင်။ တေးသီချင်း သီဆိုဖန်တီးမှုတွင်လည်း ဂီတအမျိုးအစား၊ တီးဝိုင်းကအစ တစ်ခွေနှင့်တစ်ခွေ ကွဲပြားစွာ ဖန်တီးတတ်သူ ဖြူဖြူက ‘နာမည်ကျန်နေရစ်မယ်’ အခွေကို၂ဝ၁၅ ခုနှစ်တွင် ထွက်ရှိခဲ့သည်။Iron Cross, Lazy Clubစသည့်နာမည်ကျော်တီးဝိုင်းများဖြင့် သီဆိုလေ့ရှိသည့် ဖြူဖြူက ထိုအခွေတွင်’The Scare’ ဟူသည့် မျက်နှာသစ်ရော့ခ်တီးဝိုင်းနှင့် ပွဲထွက်ခဲ့သည်။
သီချင်းများမှာလည်း သီဆိုနေကျမဟုတ်သည့် တေးရေး The Scare၏ သီချင်းအသစ်များဖြစ်သည်။အချစ်သီချင်း တစ်ပုဒ်မျှမပါဝင်ဘဲစိတ်’ာတ်ခွန်အားပေးသည့် ဒဿနဆန်ဆန် ရော့ခ်အကြမ်းစား သီချင်းများဖြစ်ခဲ့သည်။၂ဝ၁၆ ခုနှစ်သင်္ကြန်တွင်တော့’April Fool’ Mini Album ထွက်ရှိခဲ့ရာ ထိုအခွေထဲမှ သီချင်းများမှာလည်း ဖြူဖြူ တစ်ခါမျှ မသီဆိုဖူးသည့်Eletronic Dance Music (EDM)အမျိုးအစား ကိုယ်ပိုင်သံစဉ်သီချင်းများ ဖြစ်ခဲ့သည်။ ဖြူဖြူသည် ရော့ခ်လည်း ဆိုသည်။ ပေါ့ပ်လည်း ဆိုသည်။ EDM ကိုလည်း ဆိုပြန်သည်။၂ဝ၁ဝ ပြည့်နှစ်တွင် အမျိုးသားဇာတ်ရုံ၌ ကျင်းပပြုလုပ်ခဲ့သော Phyu Phyu Kyaw Thein” Solo Concert တွင်လည်း’နှစ်ကိုယ်တူချစ်သမျှကို’လို Classical သီချင်းမျိုးကို ရင်ဂိုနှင့် တွဲဖက်သီဆိုခဲ့သေးသည်။
Musical အမျိုးအစား သီချင်းများကိုလည်း ၂ဝ၁၄ ခုနှစ်တွင် ‘Love of Msical’ ဆိုပြီး Strand Hotel ၌ တစ်ကိုယ်တော်ရှိုးပွဲကျင်းပကာသီဆိုပြန်သည်။ ဖြူဖြူကျော်သိန်းကားမည်သည့်လိုင်းကို သီဆိုသူ အဆိုတော်ဟု သတ်မှတ်ရမည်နည်း။လျှောက်လုပ်နေသည်ဟု စိတ်ပူသူများက ပူကြသည်။
‘ရူးနေပြီလား’ဟုကရုဏာဒေါသောဖြင့် ပြောသူလည်းရှိသည်။ ဖြူဖြူကတော့ သူ့ကိုယ်သူသတ်မှတ်လိုက်သည်။ သူသည်’Cross Genre Artist ‘စာအုပ်တွေ ဖတ်၊ လေ့လာတဲ့အ ခါ Cross Genre Artist ဆိုတာကို သွားတွေ့တယ်။ အဲဒီလို Artist တွေရှိတယ်။ အများကြီးတော့မဟုတ်ဘူးတဲ့။ သူတို့ကို အများစုကအရူးတွေလို့ သတ်မှတ်ထားကြတယ်။သူတို့က ရော့ခ်မှ၊ ပေါ့ပ်မှ မဟုတ်ဘူး။EDM လည်း ဆိုချင်ဆိုမယ်၊ အစုံပေါ့။ ဒါပေမဲ့ ဆိုသမျှသီချင်းအမျိုးအစားအကုန်လုံးနဲ့လည်း လိုက်ဖက်တဲ့ အသံရှိတယ်။ အဲဒါတွေကို သူတို့က ပေါ်ပင်လိုက်လုပ်တာ မဟုတ်ဘူး။ သူတို့ တကယ်လုပ်ချင်လို့ကိုလုပ်တာ။ သူတို့ကို ဘယ်အမျိုးအစားအောက်က Artist လည်းလို့ အမျိုးအစားခွဲရင် ထည့်စရာမရှိဘူး။အဲဒီလို Artist တွေကို Cross Genre Artist လို့ ခေါ်တယ်ပေါ့။
အဲဒီလို သိလိုက်ရတဲ့အချိန်မှာ ဖြူဖြူကြက်သီးတွေတောင်ထတယ်။ တအားလည်းပျော်သွားတယ်။ ကိုယ့်ကိုယ်ကိုယ်ရှာဖွေတွေ့ရှိပြီး တော်တော်လေး ကျေနပ်မိတယ်။ ဖြူဖြူကCross Genre Artist တစ်ယောက်ပါ”ဖြူဖြူသည် အဆိုပြိုင်ပွဲများတွင်လည်း အကဲဖြတ်ဒိုင်အဖြစ် ပါဝင်ခဲ့သေးသည်။ သီချင်းအမျိုးအစားအစုံသီဆိုတတ်သည့် ဖြူဖြူသည်အချို့သီချင်းများတွင် ဝေဖန်ခံရမှုများလည်းရှိခဲ့သည်။ နာမည်ကျော်ပြန်ဆိုတေးအချို့တွင်လည်း မူရင်းတေးသံရှင်များ၏ အမာခံပရိသတ်အချို့က ဝေဖန်ပြောဆိုမှုများလည်းရှိခဲ့သည်။ ယုံကြည်ရာ အနုပညာကိုခေါင်းမာမာဖြင့်လုပ်တတ်ခြင်းကြောင့်လည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ ဝေဖန်တိုက်ခကို မ် မျှုား အမြောကအ် မြားကြုံတွေ့ခဲ့ရပြီး ‘သတ်ပစ်မည်’ဟုပင် ခြိမ်းခြောက်ခံရမှုများရှိခဲ့သည်။
သို့သော်လည်း Artistic Freedom ကို ယုံကြည်သူ Cross Genre Artist ဖြူဖြူသည် သူလျှောက်လှမ်းရာ ဂီတခရီးလမ်းကြောင်းကို ယုံကြည်ရာအတိုင်းပင် မတိမ်းမစောင်း ဆက်လက်ဖောက်ခဲ့သည်။
”ပေါ်ပင်ဖြစ်ချင်လို့၊ ပေါ်ပြူလာဖြစ်ချင်လို့၊ ပိုက်ဆံရချင်လို့၊ ဈေးကွက်ဝင်ချင်လို့ဆိုပြီး လုပ်တာမဟုတ်ဘူး။ ဖန်တီးမှုအသစ်တွေကိုလုပ်ချင်လို့ကို လုပ်တာ။ အကောင်းဆုံး လုပ်တယ်။ အဲဒီအတွက်ကြောင့်ဖြူဖြူ့သီချင်းတွေကို ဘယ်အချိန်ပြန်နားထောင် နားထောင် နောင်တမရစေရဘူး။ နောင် အနှစ် ၂ဝ နေမှဒီသီချင်းတွေကို နားထောင်ဖူးမယ့်ပရိသတ်တွေသည်လည်း ကိုယ့်မှာဒီလောက်ကောင်းတဲ့သီချင်းတွေရှိခဲ့ပါလားဆိုတာကို ကိုယ်သေပြီးရင်တောင် ပရိသတ်တွေ သိနေစေရမယ်ဆိုတဲ့ စိတ်ခွန်အားနဲ့ အလုပ်လုပ်တယ်”
၂ဝ၁၁ခုနှစ်က ‘Memoir of A Diva’ အခွေတွင် အင်္ဂလိပ်သီချင်းများကို Cover Song အဖြစ် သီဆိုခဲ့ဖူးသည့် ဖြူဖြူက ကိုယ်ပိုင်သံစဉ်အင်္ဂလိပ်၊ မြန်မာ ကပြားသီချင်းသစ်တစ်ပုဒ်ကို ၂ဝ၁၈ ခုနှစ်တွင် အမေရိကန် အဆိုတော် Lancifer နှင့် တွဲဖက်ပြီး သီဆိုခဲ့သည်။ အွန်လိုင်းတွင်Single Song အဖြစ် တင်ခဲ့သည့် “Miracle” (အံ့သြဖွယ်) သီချင်းကိုကြည့်ရှုမှုအကြိမ်ရေပေါင်း ၁၉သိန်းကျော် ရှိခဲ့ပြီး အလွန် အောင်မြင်ခဲ့သည်။ ထို့နောက် Lancifer နှင့်တွဲဖက်သီဆိုထားသည့် ‘Storm'(မုန်တိုင်း) Mini Album ကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် ထွက်ရှိခဲ့ရာ Pre-Order (ကြိုတင်မှာယူမှု)အလွန်များပြားခဲ့ပြီး 2nd-Pre-Order ထပ်မံလက်ခံရသည်အထိပင်ပရိသတ်က စိတ်ဝင်စားခဲ့ကြသည်အခွေကိုမိတ်ဆက်သည့် နေ့တွင်လည်း မြန်မာချိတ်အဆင်ကို Hybrid ကပြားဖက်ရှင်ပုံစံ တီထွင်ချုပ်လုပ်ကာ ‘Storm’ တစ်ဖွဲ့သားလုံး ဆင်တူဝတ်ဆင်ခဲ့ကြသည်မို့ ဂီတဖန်တီးမှုကအစ ဖက်ရှင်ဒီဇိုင်းအဆုံး ပရိသတ် အမြင်ဆန်းခဲ့သည်။
နောက်ထပ် ဖန်တီးမှုများ အနေဖြင့် ဖြူဖြူက တေးရေးဂီတမှူးဝေဟင်ကိုကို၏’ထွက်သွားပါတော့’ဆိုသည့် Chamber Orchestra Music သီချင်းတစ်ပုဒ်ကိုလည်းမျက်နှာသစ်ဂီတပညာရှင်များနှင့်အတူ သီဆိုဖန်တီးထားသေးသည်။တေးရေးတေးဆို Cobra ရေးစပ်သည့် ကိုယ်ပိုင်သံစဉ် သီချင်းအသစ်များချည်းပါဝင်မည့် သီချင်းခွေတစ်ခွေကိုလည်း လာမည့်နှစ်ဆန်းပိုင်းတွင် ထွက်ရှိနိုင်ရန် ဖြူဖြူကစီစဉ်နေသည်။ ဖြူဖြူတစ်ကိုယ်တော်၎ ပုဒ်၊ Cobra တစ်ကိုယ်တော် ၄ပုဒ်၊ စုံတွဲ ၂ပုဒ်၊ သီချင်းစုစုပေါင်း ၁ဝပုဒ် ပါဝင်မည့် ထိုအခွေတွင် အချစ်၊အလွမ်းအဆွေး၊ အသည်းကွဲစသည်ဖြင့်အကြောင်းအရာစုံ၊ အမျိုးအစားကို နားဆင်ခွင့် ရရှိနိုင်မည်ဟုဆိုသည်။ Lazy Club တီးဝိုင်းနှင့်တီးခတ်သီဆိုနေသည့် ကိုယ်ပိုင်သံစဉ်တစ်ကိုယ်တော်အခွေလည်း ရှိသေးသည်။ ထိုအခွေတွင် ပရိသတ်များနှစ်သက်ခဲ့သည့် ‘မိန်းကလေးတစ်ယောက်အသည်းကွဲနေတယ်’ အခွေထဲကလို သီချင်းများလည်း ပါဝင်မည်ဟုဆိုသည်။
”ဖြူဖြူက ရူးနေတယ်လို့လည်းပြောလို့ရတယ်။ ဒါပေမဲ့ ဖြူဖြူသည်Cross Genre Artist ။ သီချင်းတွေကို Emotionally ဆိုတယ်။Emotional Voice of Myanmar လို့လည်းပြောကြတယ်။ Artistic Freedomကိုပဲအမြဲ ရှေ့တန်းတင်ပြီးဖြူဖြူ အလုပ်လုပ်တယ်။ရှေ့ဆက်ပြီးတော့လည်း ကိုယ်ယုံကြည်ရာ၊ ကိုယ်လုပ်ချင်တာတွေကို လုပ်သွားဦးမှာ’၂ဝ၁၈ ခုနှစ် ၊ သြဂုတ်လ ၁၆ရက်နေ့တွင် ဖြူဖြူကျော်သိန်း၏အနုပညာသက်တမ်းသည် ၁၅နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်သည်။’လုံးဝမသက်ဆိုင်တော့ပါ’မှသည်’Storm’အထိ သီဆိုဖန်တီးမှုအသစ်များကို တောက်လျှောက်ချပြနိုင်ခဲ့ပြီးလည်းဖြစ်သည်။ ရှေ့ဆက်လျှောက်မည့် သူ၏အနုပညာခရီးလမ်းတွင်မည်သို့သော အသစ်အသစ်များကိုသီဆိုဖန်တီးဦးမလဲဆိုသည်ကိုမူ’ဂီတမုန်တိုင်းထဲက Cross Genre Artist ‘ သို့မဟုတ် ‘ဖြူဖြူကျော်သိန်း’ကိုချစ်သော ပရိသတ်များက ဆက်လက်စောင့်မျှော်နားဆင်ကြရဦးမည်သာ ဖြစ်ပါတော့သည်။
စုမွန်