တိုကျို၊ဒီဇင်ဘာ ၂၉
ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၏ ၆၅ ရာခိုင်နှုန်းခန့်သည် အလုပ်သမားရှားပါးမှုပြဿနာကိုဖြေရှင်းရန် နိုင်ငံခြားလုပ်သားများကို ငှားရမ်းခဲ့ရကြောင်း မကြာသေးမီကထုတ်ပြန်ခဲ့သည့် အစိုးရစစ်တမ်းတစ်ရပ်ကို ကိုးကား၍ ကျိုဒိုသတင်းဌာနကဖော်ပြခဲ့သည်။
ယခင်တစ်ပတ်ကထုတ်ပြန်ခဲ့သည့် အလုပ်သမားဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်အရ ကုမ္ပဏီများ၏ ၅၆ ဒသမ ၈ ရာခိုင်နှုန်းသည် ပြည်ပဝန်ထမ်းများက ဂျပန်ဝန်ထမ်းများနှင့်တန်းတူသော်လည်းကောင်း၊ပို၍သော်လည်းကောင်း တာဝန်ထမ်းဆောင်နိုင်မည်ဟုယူဆ၍ ခန့်အပ်ခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။
ကျန်ကုမ္ပဏီများအနက် ၁၈ ဒသမ ၅ ရာခိုင်နှုန်းကမူ မတူကွဲပြားမှုကို မြှင့်တင်စေလိုခြင်းဖြစ်သဖြင့် ပြည်ပဝန်ထမ်းများခန့်ထားခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ဂျပန်နိုင်ငံရှိ နိုင်ငံခြားအလုပ်သမားများ၏ ၅၁ ဒသမ ၅ ရာခိုင်နှုန်းသည် ၎င်းတို့နိုင်ငံရှိ အေဂျင်စီများ သို့မဟုတ် လူတစ်ဦးချင်းစီမှ အလုပ်အကိုင်များကို မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပြီး ၁၃ ဒသမ ၅ ရာခိုင်နှုန်းမှာ ဂျပန်နိုင်ငံတွင်းရှိအေဂျင်စီများ နှင့် တစ်ဦးချင်းမှတစ်ဆင့် အလုပ်အကိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိခဲ့ရသည်။
Source : ရှင်းဟွာ