ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ မစ္စတာ တိုရူကူဘိုတာကို နစက က ပုဒ်မ(၂) ခုဖြင့် အမှုဖွင့်
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဆန္ဒပြပွဲတစ်ခုတွင် မှတ် တမ်းယူနေစဉ် ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဂျပန်နိုင်ငံသား မှတ်တမ်း ရုပ်ရှင် ဒါရိုက်တာ မစ္စတာ တိုရူကူဘိုတာကို ပုဒ်မ ၅၀၅(က) အပါအဝင် ပုဒ်မ (၂) ခုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဂျပန်နိုင်ငံသား မစ္စတာ တိုရူကူဘိုတာကို အမှုဖွင့်ထားရှိမှုနှင့်ပတ်သက်၍ နစကက ယနေ့ ဩဂုတ်လ (၄) ရက်တွင် သတင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မစ္စတာ တိုရူကူဘိုတာသည် ပြီးခဲ့သည့် ဇူလိုင်လ (၃၀) ရ က်မှာ တောင်ဒဂုံမြို့နယ်အတွင်းက ဆန္ဒပြပွဲတစ်ခုအား မှတ်တမ်းရယူနေစဉ် ဖမ်းဆီး မှုခံခဲ့ရခြင်း ဖြစ်သည်။
လက်ရှိတွင် နစကအနေဖြင့် အဆိုပါ ဂျပန်နိုင်ငံသား မှတ် တမ်းရုပ်ရှင် ဒါရိုက်တာ မစ္စတာ တိုရူကူဘိုတာကို လဝက ဥပဒေ ပုဒ်မ ၁၃(၁) နှင့် ပုဒ်မ ၅၀၅(က) တို့ဖြင့် အမှုဖွင့်ထားကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မစ္စတာ တိုရူကူဘိုတာက ဆန္ဒပြပွဲမှာ ပါ၀င်သူတွေနှင့် ဇူလိုင် ၂၉ ရက်တွင် ဆက်သွယ်ပြီး ဆန္ဒပြမည့် နေရာတွင် ချိန်းဆိုခဲ့သည်ဟု ထွက်ဆိုကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိပါသည်။
၎င်းအား ဆွဲဆိုထားသည့် လ၀က ဥပဒေပုဒ်မ ၁၃ (၁)နှင့် ပုဒ်မ ၅၀၅(က) တို့ဖြင့် အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်ခဲ့ပါက ထောင်ဒဏ် စုစုပေါင်း (၇) နှစ်အထိ ကျခံရနိုင်ဖွယ်ရှိနေပြီး ပုပ်မ ၅၀၅(က) သည် ထောင်ဒဏ် (၂) နှင့် ငွေဒဏ်ပါ ပူးတွဲချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလ အတွင်းကလည်း ရန်ကုန်မြို့ရှိ ဆန္ဒပြပွဲများကို သတင်းရယူနေသည့် ဂျပန်သတင်းထောက်တစ်ဦးကို ဖမ်းဆီးခဲ့ပြီး သတင်းမှား ဖြန့်ဝေမှုဖြင့် အမှုဖွင့်အရေးယူခဲ့သော်လည်း ဂျပန်အစိုးရ၏ တောင်းဆိုမှုဖြင့် နစကက အဆိုပါ ဂျပန်နိုင်ငံသားကို ပြန်လွှတ်ပေးခဲ့သည်။
လက်ရှိတွင်လည်း ဂျပန်ဖက်မှ မစ္စတာ တိုရူကူဘိုတာကို ပြန်လွှတ်ပေးရန် တောင်းဆိုမှုများ ရှိနေသော်လည်း ပုဒ်မ (၂) ခုဖြင့် အမှုဖွင့်လိုက်ကြောင်း ယနေ့ ဩဂုတ်လ (၄) ရက်တွင် နစကမှ တရားဝင် သတင်း ထုတ်ပြန်လာခြင်း ဖြစ်သည်။