Saturday, December 21, 2024

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ...

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက...

အေးချမ်းသည့်ဆောင်းရာသီ၌ စောင်အထည် (၂၀၀၀)လှူဒါန်းခဲ့သည့် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

နေပြည်တော်ရှိ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း...

နိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ၅၅ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိ

နိုင်ငံအတွင်းရှိ နေရာအနှံ့၌ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်များပြားကြာမြင့်လာခြင်းနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရှင်းလင်းထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် (၉)ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိပြီး လျှပ်စစ်မီးသုံးစွဲသူများ၏ တစ်ရက်အတွက် လျှပ်စစ်ဓာတ်အားပျမ်းမျှလိုအပ်ချက်မှာ (၄၄၀၀)မဂ္ဂါဝပ်ဖြစ်သော်လည်း...

ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက် ဂျပန်...

ဂျပန်ဆာကေး ယမကာချက်လုပ်သော ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက်ချက်ရန် ကြိုးပမ်းမည်ဖြစ်ပြီး တစ် ပုလင်း သာ ထုတ်လုပ်ကာ ယင်းကို ရောင်းချ၍ရရှိသည့်...
HomeNewsLocal Newsဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ကျင်းပမည့်...

ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ကျင်းပမည့် Boxing ပြိုင်ပွဲသို့ မြန်မာကစားသမားတစ်ဦးစေလွတ် ယှဉ်ပြိုင်ရန်စီစဉ်နေ

လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လပိုင်းတွင် ဂျပန်နိုင်ငံ အိုဆာကာမြို့တွင်ကျင်းပပြုလုပ်မည့် Boxing ပြိုင်ပွဲသို့ မြန်မာကစားသမားတစ်ဦး စေလွတ် ယှဉ်ပြိုင်ရန်စီစဉ်နေကြောင်း မြန်မာဘောက်ဆင်ကော်မရှင်က ယနေ့တွင် အသိပေးထားသည်။

ထို ပြိုင်ပွဲသို့ ၅၂ ဒဿမ ၁kg တန်းမှ မြန်မာကစားသမားတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် ညှိနှိုင်းနေဆဲဖြစ်ကြောင်း ဆိုသည်။

မြန်မာဘောက်ဆင်ကော်မရှင်၏ ယခုလဒီဇင်ဘာ (၇)ရက်၌ ၂၀၂၅ ခုနှစ်အတွင်း မြန်မာ့လက်ဝှေ့(ဘောက်ဆင်)သမားများကို ဂျပန်နိုင်ငံက ပြုလုပ်သည့် ပွဲစဉ်များ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ဂျပန်-မြန်မာ ဘောက်ဆင်ကော်မရှင်တို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အသိပေးထုတ်ပြန်ပြီးနောက် နိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်ခွင့်ရရန် စီစဉ်နေခြင်းဖြစ်သည်။

မြန်မာ့ဘောက်ဆင်ကော်မရှင်အနေဖြင့်ကမ္ဘာ့ဘောက်ဆင်ကော်မရှင်(WBC)အဖွဲ့ဝင်အနေဖြင့် ပါဝင်သွားမည်ဖြစ်သည်ဟုလည်း ဆိုထားသည်။

ထို့ပြင် ကမ္ဘာ့ဘောက်ဆင်ကော်မရှင် (WBC)၏ အသိအမှတ်ပြု ချန်ပီယံခါးပါတ်များတွင်လည်း မြန်မာကိုယ်စားပြု နိုင်ငံတော်အလံအား ထည့်သွင်းသွားနိုင်ရန် စီစဉ်လျှက်ရှိသည်ဟု ကော်မရှင်က ကနဦး အသိပေးထားသည်။

လက်ရှိတွင် WBC အသိအမှတ်ပြု ချန်ပီယံခါးပါတ်များ၌ နိုင်ငံပေါင်း (၁၈) နိုင်ငံ၏ နိုင်ငံအလံများထည့်သွင်းထားပြီး၊ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ရန် ဆောင်ရွက်လျှက်ရှိကာ ဝင်ခွင့်ချက်ရပါက နိုင်ငံ့အလံအားထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

WBC အဖွဲ့ဝင်ခွင့်အား ၂၀၂၅ နှစ်ကုန် (သို့မဟုတ် )၂၀၂၆ခုနှစ်အတွင်း နောက်ဆုံးထား၍ အဖွဲ့ဝင်နိုင်ငံဖြစ်ရန် ဆောင်ရွက်လျက်ရှိပြီး MBC သည် မြန်မာနိုင်ငံအတွင်း နိုင်ငံတကာပြိုင်ပွဲများတွင် ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုသည့် တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်ကြောင်း တရားဝင် အသိပေးထားသည်။

ဓာတ်ပုံ- MBC

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲမှ ထွက်ခွာရ

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၅)ဂိုးပြတ်ဖြင့် ရှူံးနိမ့်ခဲ့ရသည်။ ယနေ့ ပွဲစဉ်အတွင်း ပထမပိုင်းပွဲပြီးချိန်အထိ နှစ်ဘက်အသင်း သွင်းဂိုးမရရှိဘဲ ဒုတိယပိုင်း ပွဲချိန်၌ ဗီယက်နမ်အသင်း က (၅)ဂိုး သွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗီယက်နမ်အသင်းသည် ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ပြီး မြန်မာအသင်းမှာ အုပ်စုအဆင့်မှသာ အိမ်ပြန်ခဲ့ရခြင်းဖြစ်သည်။ အာဆီယံ မစ်ဆူဘီရှီဖလား ပြိုင်ပွဲအုပ်စု (ဘီ)တွင် အင်ဒိုနီးရှားအသင်းက ရမှတ် (၄)မှတ်ဖြင့် အုပ်စုတွင်းထိပ်ဆုံးနေရာတွင်...

အေးချမ်းသည့်ဆောင်းရာသီ၌ စောင်အထည် (၂၀၀၀)လှူဒါန်းခဲ့သည့် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

နေပြည်တော်ရှိ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ထိုသို့ လှူဒါန်းရာ၌ လူကြီး၊ ကလေ-း(လမ်း လျှောက်အလှူခံနိုင်သူ)အားလုံးကို တစ်ဦးလျင်စောင်တထည်စီလှူဒါန်းပေးခြင်းဖြစ်ပြီး ကိုယ် စားအလှူခံခြင်းများကို ခွင့်ပြုလှူဒါန်းပေးခဲ့ခြင်းမရှိကြောင်း သိရသည်။ " ဒီနှစ်ဆောင်းက နည်းနည်းပိုအေးတော့ တချို့တွေက အချမ်းဒဏ်ကိုပိုခံစားနေရပါတယ်။ "ထိုက်သူပန်"အနေနဲ့က နှစ်စဉ်ဒီလိုအချိန်ကာလရောက်တိုင်း အနွေးစောင်တွေကိုလှူဒါန်းပေးလာခဲ့တာ(၄)နှစ်ကျော်လာပါပြီ။ ဒီနှစ်မှာလည်း လှူချင်လွန်းလို့ကို စောင်တွေကြိုဝယ်ထားလိုက်တာပါ။ နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်းလှူဒါန်းပေးနေတာ(၄)နှစ်ရှိပါပြီ။ ပထမနှစ်နဲ့ဒုတိယနှစ်ကစောင်(၁၀၀၀)၊ တတိယနှစ်ကစောင်(၁၂၀၀)၊ ဒီနှစ်ကစောင်(၂၀၀၀)ပါ"ဟု ထိုက်သူပန်...

နိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ၅၅ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိ

နိုင်ငံအတွင်းရှိ နေရာအနှံ့၌ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်များပြားကြာမြင့်လာခြင်းနှင့်ပတ်သက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ရှင်းလင်းထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဉ် (၉)ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိပြီး လျှပ်စစ်မီးသုံးစွဲသူများ၏ တစ်ရက်အတွက် လျှပ်စစ်ဓာတ်အားပျမ်းမျှလိုအပ်ချက်မှာ (၄၄၀၀)မဂ္ဂါဝပ်ဖြစ်သော်လည်း လက်ရှိအချိန်တွင် လိုအပ်ချက်ထက် တစ်ရက်ပျမ်းမျှ(၂၄၀၀) မဂ္ဂါဝပ်ခန့်သာထုတ်လုပ်နိုင်၍ လိုအပ်ချက်၏ (၅၅)ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးနိုင်လျက်ရှိသည်ဟု အသိပေးခဲ့သည်။ ထိုသို့ လျော့နည်းနေရခြင်းမှာ ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများဖျက်ဆီးခံရမှုကြောင့် ရေအားလျှပ်စစ်စက်ရုံများနှင့် အပူစွမ်းအင်သုံးစက်ရုံများမှ စွမ်းအားပြည့်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်မှုမရှိခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ဓာတ်အားထုတ်လုပ်နိုင်ခြင်းမရှိသည့် ဓာတ်အားပေးစက်ရုံများရှိခြင်း၊ ဓာတ်ငွေ့ခွဲတမ်းလျော့နည်းရရှိမှုများအရ တပ်ဆင်ထားသောစက်များ၏ စက်စွမ်းအားပြည့်လည်ပတ်နိုင်မှုမရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု ရှင်းလင်းထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ဖျက်ဆီးခံရသည့် လျှပ်စစ်ဓာတ်အားလိုင်းများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071