Home News Local News ဂျပန်နိုင်ငံ Professional Boxing ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကစားသမား (၃)ဦးအနက် ရွှေတံတိပ်ဆုရှင် နိုင်လတ် ပွဲပျက်

ဂျပန်နိုင်ငံ Professional Boxing ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကစားသမား (၃)ဦးအနက် ရွှေတံတိပ်ဆုရှင် နိုင်လတ် ပွဲပျက်

0
62

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၌ လာမည် ဖေဖော်ဝါရီလ (၂၀) ရက်တွင် ကျင်းပပြုလုပ်မည့် Professional Boxing ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံကိုယ်စားပြု ကစားသမား (၃) ဦးအနက် ရွှေတံတိပ်ဆုရှင် နိုင်လတ်မှာ အကြောင်းအမျိုးမျိုးကြောင့် ပွဲပျက်ခဲ့ကြောင်း မြန်မာဘောက်ဆင်ကော်မရှင် (MBC)ထံက သိရသည်။

၎င်းသည် (၅၉)ကီလိုတန်းတွင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မည်သည့်အတွက် ပွဲပျက်ရသည်ဆို‌သော အသေးစိတ်အကြောင်းအရင်းကိုမူ MBC ၏ အသိပေးချက်တွင် ဖော်ပြထားခြင်းမရှိပေ။

မြန်မာဘောက်ဆင်ကစားသမား နိုင်လတ်သည် ကမ္ဘာလက်ဝှေ့ပြိုင်ပွဲ ရွှေတံဆိပ် (၂)ကြိမ်ရရှိထားသည့်အပြင် ၂၀၁၄ ကာဇ္ဇစတန်ဖိတ်ခေါ်ပြိုင်ပွဲ‌ ကြေးတံဆိပ်ဆု‌၊ ၂၀၁၄ ကာဇ္ဇစတန်လူငယ်ဖိတ်ခေါ်ပြိုင်ပွဲကြေးတံဆိပ်ဆု၊ ၂၀၁၅ ဆီးဂိမ်း ကြေးတံဆိပ်ဆု၊ ၂၀၁၉ ဖိလစ်ပိုင် ဆီဂိမ်း ကြေးတံဆိပ်ဆု၊ ၂၀၂၁ ဗီယက်နမ် ဆီးဂိမ်း ငွေတံဆိပ်ဆု၊ ၂၀၂၃ စင်ကာပူဖိတ်ခေါ်ပြိုင်ပွဲ ရွှေတံဆိပ်ဆု၊ ၂၀၂၃ ကမ္ဘောဒီးယား ဆီးဂိမ်းကြေးတံဆိပ်ဆု များကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်‌သည်။

မြန်မာဘောက်ဆင်ကော်မရှင်၏ (MBC)အနေဖြင့် ကိုယ်ပိုင် Professional Boxing Club ကို မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ် သိမ်ဖြူရိုးရာလက်ဝှေ့အား ကစားရုံ၌ ယခု မတ်လပိုင်းတွင်ဖွင့်လှစ်နိုင်ရန်စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

အလားတူ ယခုနှစ်အတွင်း ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီယားနိုင်ငံတို့၌ ကျင်းပပြုလုပ်မည့် ဘောက်ဆင်ပွဲများတွင် မြန်မာကစားသမား (၁၅)ဦးခန့်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရန်စီစဉ်လျှက်ရှိကြောင်း ကော်မရှင်က အသိပေးထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here