Friday, March 14, 2025

တန့်ယန်းမြို့နယ်တွင် Online လိ-မ်လည်မှုနှင့် လေ-ာင်းကစားမှုဆောင်ရွက်နေသည့်...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်း တရားမဝင် Online လိ-မ်လည်မှုနှင့် လေ-ာင်း ကစားမှုဆောင်ရွက်နေသည့် ပြည်ပနိုင်ငံသား (၁၅၀)ဦးကျော်ကို မတ် ၁၂ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များက...

ယူကရိန်း အကျပ်အတည်းဆွေးနွေးရန် အမေရိကန် စေ့စပ်ညှိနှိုင်းသူများ...

မော်စကို၊ မတ် ၁၃ ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ ဆွေးနွေးရန် အမေရိကန်တာဝန်ရှိသူများသည် မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း ရုရှားမီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါအဖွဲ့ကို အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်...

နစက ဥက္ကဋ္ဌမှ ကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ယမန်နေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)က ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ကာကွယ်ရေးနှင့်...

“အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရ ဆရာ တော်အား...

၂ဝ၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ခြင်းမင်္ဂလာအခမ်းအ နားအား ယနေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)မွန်းလွဲပိုင်းက မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပ ရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့...
HomeInternationalဂျပန်ရေတပ် ရဟတ်ယာဉ်နှစ်စင်း ပစိဖိတ်သမုဒ္ဒရာတွင်...

ဂျပန်ရေတပ် ရဟတ်ယာဉ်နှစ်စင်း ပစိဖိတ်သမုဒ္ဒရာတွင် ပျက်ကျပြီး၊ ၁ ဦး သေဆုံးကာ ၇ ဦး ပျောက်ဆုံး

ရေတပ်သားရှစ်ဦးကို တင်ဆောင်လာသော ဂျပန်ရေတပ် ရဟတ်ယာဉ်နှစ်စင်းသည် တိုကျိုမြို့တောင်ဘက် ပစိဖိတ်သမုဒ္ဒရာအတွင်း ညအချိန်လေ့ကျင့်မှုတွင် ပျက်ကျခဲ့ပြီး တစ်ဦးသေဆုံးကာ ခုနစ်ဦး ပျောက်ဆုံးနေသဖြင့် တနင်္ဂနွေနေ့က ကယ်ဆယ်ရေးသမားများက ရှာဖွေကယ်ဆယ်မှုကို စတင်လုပ်ဆောင်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့မှ SH-60Kအမျိုးအစား ကင်းထောက် ရဟတ်ယာဉ်နှစ်စင်းသည် တစ်စင်းလျှင် အမှုထမ်းလေးဦးစီ တင်ဆောင်ကာ ပျံသန်းနေစဉ် စနေနေ့နှောင်းပိုင်းက တိုကျိုမြို့တောင်ဘက် ကီလိုမီတာ ၆၀၀ (၃၇၀) အကွာ တိုရီရှီးမား

ကျွန်းအနီးတွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီး မိနောရုခိဟရက သတင်းထောက်များအား ပြောကြားခဲ့သည်။

ပျက်ကျရသည့် အကြောင်းရင်းကို ချက်ခြင်းမသိရသေးသော်လည်း တာဝန်ရှိသူများက ရဟတ်ယာဉ်နှစ်စင်း လေထဲတွင် “တိုက်မိဖွယ်” ရှိသည်ဟု တာဝန်ရှိသူများက ယုံကြည်ထားကြောင်း ခိဟရက ပြောကြားခဲ့သည်။

ဂျပန်ရေတပ်သည် ပျောက်ဆုံးနေသော သင်္ဘောသားများကို ရှာဖွေရန်အတွက် စစ်သင်္ဘောရှစ်စင်းနှင့် လေယာဉ်ငါးစင်းတို့ကို အခင်းဖြစ်ပင်လယ်ပြင်တွင်  ဖြန့်ကျက်ချထားခဲ့သည်။ သင်္ဘောသားတစ်ဦးကို ပြန်လည်တွေ့ရှိခဲ့သော် နောက်ပိုင်းတွင် သေဆုံးသွားကြောင်း ကြေညာခဲ့သည်။ ပျောက်ဆုံးနေသူ ခုနစ်ဦးကိုမူ ယခုအချိန်အထိ မတွေ့ရှိသေးချေ။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တန့်ယန်းမြို့နယ်တွင် Online လိ-မ်လည်မှုနှင့် လေ-ာင်းကစားမှုဆောင်ရွက်နေသည့် ပြည်ပနိုင်ငံ သား(၁၅၀)ဦးကျော်အား ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်း တရားမဝင် Online လိ-မ်လည်မှုနှင့် လေ-ာင်း ကစားမှုဆောင်ရွက်နေသည့် ပြည်ပနိုင်ငံသား (၁၅၀)ဦးကျော်ကို မတ် ၁၂ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များက တန့်ယန်းမြို့နယ်၊ နားဟုတ်ကျေးရွာအုပ်စုအတွင်း၌ တရားမဝင် Online လိ-မ်လည်မှုနှင့် လေ-ာင်းကစားမှုများပြုလုပ်နေကြောင်း သတင်းအရ မတ် ၁၂ ရက်တွင်ဝင်ရောက်ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ စစ်ဆေးရာမှ တရားမဝင် Online လိ-မ်လည်မှုနှင့် လေ-ာင်းကစားမှုများပြုလုပ်နေသည့် ပြည်ပနိုင်ငံသား(၁၆၅)ဦးနှင့် မြန်မာနိုင်ငံသား(၁) ဦးတို့အား အလျား(၂၀၀)ပေ၊ အနံ(၆၀)ပေရှိ သွပ် မိုးခန်းမ(၁)လုံး၊ (၇)ခန်းတွဲ ယာယီလူနေအဆောက်အဦ(၅)လုံး၊ လုပ်ငန်းသုံးပရိဘောဂပစ္စည်းများ၊...

ယူကရိန်း အကျပ်အတည်းဆွေးနွေးရန် အမေရိကန် စေ့စပ်ညှိနှိုင်းသူများ မော်စကိုသို့ ရောက်ရှိ

မော်စကို၊ မတ် ၁၃ ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ ဆွေးနွေးရန် အမေရိကန်တာဝန်ရှိသူများသည် မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း ရုရှားမီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါအဖွဲ့ကို အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့် ၏ အထူးကိုယ်စားလှယ် စတိဗ် ဝတ်ကော့ဖ် က ဦးဆောင်ခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြခဲ့သည်။ အမေရိကန် စေ့စပ်ညှိနှိုင်းရေးမှူးများနှင့် ဆက်သွယ်ရန် စီစဉ်ထားကြောင်း ခရင်မ္မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထွီ ပက်စကော့ဖ် က ကြာသပတေးနေ့ အစောပိုင်းတွင်ပြောကြားခဲ့သည်။ ရုရှားသမ္မတလက်ထောက် ယူရီ အူရှာခေါဗ် နှင့် ထရမ့် ၏ နိုင်ငံတော်လုံခြုံရေးအကြံပေး မိုက်...

နစက ဥက္ကဋ္ဌမှ ကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်း

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ယမန်နေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)က ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်သည်ဟု အမိန့်ကြော်ငြာစာအမှတ် ၄၈/၂၀၂၅ ဖြင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် "သူရ"ဘွဲ့အား ကာကွယ်ရေးဝန်ကြီး ဌာနမှ ဗိုလ်မှူးကြီးရန်နောင်စိုးနှင့် ဗိုလ်မှူးအောင်သူတို့ကို နစက ဥက္ကဋ္ဌမှ ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။ ထို့ပြင် တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိဂုဏ် ထူးဆောင်တံဆိပ်ဖြစ်သည့် "သူရဲကောင်းမှတ် တမ်းဝင်တံဆိပ်"အား ကာကွယ်ရေးဝန်ကြီးဌာနမှ (၁၆)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သ တ္တိဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071