The Kubota Fund မှ ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ပေးအပ်မည့် ပညာသင်ဆုအား ဂျပန်ရောက် မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေး ထုတ်ပြန်ထားသည်။
အဆိုပါ ပညာသင်ဆုနှင့်ပတ်သက်၍ Managing Committ ee of the Kubota Fund က မြန်မာသံရုံးသို့ အသိပေး အကြောင်းကြားလာခြင်းဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ၊ သုတေသန လုပ်ငန်းများနှင့် တက္ကသိုလ်များတွင် အသီးသီး အလုပ်လုပ် ကိုင်/ ပညာသင်ကြားနေကြသည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အင်ဂျင်နီယာပိုင်းဆိုင်ရာ သုတေသီများ၊ အလုပ်သင် သင်တန်းသားများနှင့် ကျောင်းသားများအား The Kubota Fund ပ ညာသင်ဆု ပေးအပ်ရန် ရည်ရွယ်ကြောင်းနှင့် ၂၀၂၅ – ၂၀၂ ၆ ခုနှစ်၊ ပညာသင်နှစ်အတွက် ထောက်ပံ့ကြေး လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။
လျှောက်ထားသူသည် သတ်မှတ်ထားသည့် အရည်အချင်းများ ပြည့်မှီရမည်ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံမှ နိုင်ငံသား ( သို့မဟုတ် ) ဖွံ့ဖြိုးဆဲနိုင်ငံတွင် မွေးဖွားကြီးပြင်းသူ၊ ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းတစ်ခုခုမှ ငှားရမ်းထားသူ ( သို့မဟုတ် ) သုတေသန/ ပညာရေး/ သင်တန်းနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းတစ်ခုခုတွင် တရားဝင် စာရင်းသွင်းထားသူ၊ အင်ဂျင်နီယာပိုင်းဆိုင်ရာ ( အထူးသဖြင့် မြို့ပြအင်ဂျင်နီယာ၊ လျှပ် စစ်အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ လယ်ယာစိုက်ပျိုးရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာ၊ စွမ်းအင်ဆိုင်ရာ အင်ဂျင်နီယာ၊ ဗိသုကာပညာ၊ ဖွံ့ဖြိုးတိုးတက်မှုစီးပွားရေး စသည့် ) နှင့် ပတ်သက်၍ တက္ကသိုလ်တစ်ခုခုတွင် တက်ရောက်နေသူ/ သုတေသနလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူ (သို့မဟုတ်)သုတေသနလုပ်ငန်း လုပ်ကိုင်ဆောက်ရွက်မည့်သူ၊ ထောက်ပံ့ကြေး လက်ခံနေစဉ်အတွင်း ပြည်ပနိုင်ငံသို့ သွားရောက်၍ သုတေသန ပြုလုပ်ရန်၊ အပြည်ပြည်ဆိုင်ရာညီလာခံတက်ရောက်ရန်နှင့် မိခင်နိုင်ငံသို့ ခေတ္တသွားရောက်ရန် ကိစ္စရပ်များမှအပ ဂျပန်နိုင်ငံတွင် နေထိုင်ရမည်ဖြစ်ပြီးအလုပ်လုပ်ကိုင်နေသည့် အဖွဲ့အစည်း ( သို့မဟုတ် ) သက်ဆိုင်ရာကျောင်းမှ ကြီးကြပ်သူ၏ ထောက်ခံစာ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ The Kubota Fund ချီးမြှင့်ရန်အတွက် (၁၂)ဦး ရွေးချယ်သွားမည်ဖြစ်ပြီး ထောက်ပံ့ကြေးအား ၂၀၂၅ ခုနှစ်၊ ဧပြီလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ တစ်လလျှင် ယန်း (၈၀,၀ ၀၀) မှ ယန်း (၁၀၀,၀၀၀) အထိ ပေးအပ်သွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၇) ရက် နောက်ဆုံးထားလျှောက် ထားရမည်ဖြစ်ကြောင်း သိရသည်။