Sunday, December 22, 2024

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ...

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော်...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅...

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ...

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက...

အေးချမ်းသည့်ဆောင်းရာသီ၌ စောင်အထည် (၂၀၀၀)လှူဒါန်းခဲ့သည့် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

နေပြည်တော်ရှိ "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ယနေ့ ဒီဇင်ဘာ ၂၁ ရက်ညနေ ၄ နာရီက နေပြည်တော်အနီးတစ်ဝိုက်ရှိ ဆောင်းရာသီ၌စောင်လိုအပ်နေသူများအတွက် (၄)နှစ် မြောက်အဖြစ် စောင်အထည်(၂၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်း...
HomeInternationalဂျပန်၊တောင်ကိုရီးယားတို့နှင့် စစ်ရေးလေ့ကျင့်မှုတိုးမြှင့်ရန်အ‌မေရိက ချိန်ဆနေ

ဂျပန်၊တောင်ကိုရီးယားတို့နှင့် စစ်ရေးလေ့ကျင့်မှုတိုးမြှင့်ရန်အ‌မေရိက ချိန်ဆနေ

ဟိုနိုလူလူ၊အောက်တိုဘာ ၂

မကြာသေးမီကမြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုကိုတုံ့ပြန်သည့်အနေဖြင့် အမေရိကသည် မဟာမိတ်ဂျပန်၊တောင်ကိုရီးယားတို့နှင့် စစ်ရေးလေ့ကျင့်မှုထပ်မံပြုလုပ်နိုင် ရန်ချိန်ဆနေသည်ဟု လေတပ်ဦးစီးမှူးတစ်ဦးကပြောကြားခဲ့သည်။

ပဲ့ထိန်းဒုံးကျည်နောက်ဆုံးပစ်လွှတ်မှုအနေဖြင့် မြောက်ကိုရီးယားသည် စနေနေ့နံနက်က လေးကြိမ်မြောက်ပစ်လွှတ်ခဲ့ပြီး အဆိုပါပစ်လွှတ်မှုသည် ဂျပန်ပင်လယ်ထဲသို့ ရောက်ရှိခဲ့သည်ဟု တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်က ပြောကြားခဲ့သည်။

သို့သော် အမေရိကန် – အင်ဒိုပစိဖိတ်ဒေသ စစ်ဌာနချုပ်ကမူ ယခုပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုသည် အမေရိကန်တပ်ဖွဲ့ဝင်များ၊နယ်မြေနှင့် မဟာမိတ်များကို ခြိမ်းခြောက်မှုမပြုဘဲ မြောက်ကိုရီးယား၏ ဥပဒေမဲ့အစုလိုက်အပြုံလိုက် ပျက်စီးစေသည့်လက်နက်များနှင့် ပဲ့ထိန်းဒုံးကျည်အစီအစဉ်များကသာ မတည်ငြိမ်မှုကိုဖြစ်စေသည်ဟု မီးမောင်းထိုးပြခဲ့သည်။


“ထိုကိစ္စနှင့်ပတ်သက်၍ အမေရိကန်လေတပ်အနေဖြင့် တုံ့ပြန်ရန်အသင့်ရှိနေပြီး အချိန်တိုအတွင်းလဲတုံ့ပြန်နိုင်သည်” ဟု Wilsbach ကပြောကြားခဲ့သည်။

“အမေရိက၊တောင်ကိုရီးယားနှင့်ဂျပန်တို့ ရင်ဆိုင်နေရသော ခြိမ်းခြောက်မှုများသည် ကျွန်ုပ်တို့အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရန်လိုအပ်သည်ဟူသော အချက်အားထောက်ပြနေသည်” ဟု အမေရိကန်ပစိဖိတ်ရေတပ်မှ တပ်မှူးရေတပ်ဗိုလ်ချုပ် Samuel Paparo ကပြောကြားခဲ့သည်။

မေလကစတင်တက်လာသော တောင်ကိုရီးယားသမ္မတမစ္စတာယွန်းဆော့ယော်သည် ၎င်း၏လက်ထက်၌ အမေရိက၊ဂျပန်တို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။အမေရိက၊ဂျပန်နှင့်တောင်ကိုရီးယားတို့သည် ငါးနှစ်ခန့်အတွင်း ၎င်းတို့၏ပထမဆုံး ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ရေးလေ့ကျင့်မှုကို သောကြာနေ့ကပြုလုပ်ခဲ့သည်။

အဆိုပါလေ့ကျင့်မှုတွင် မြောက်ကိုရီးယားရေငုပ်သင်္ဘောမှ ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုကိုတုံ့ပြန်ရန်အတွက် တပ်ဖွဲ့ဝင်များအနေဖြင့် လေ့ကျင့်မှုများပြုလုပ်ခဲ့သည်ဟု ယုံကြည်ရကြောင်းဖော်ပြထားသည်။ဩဂုတ်လကလည်း ဩစတြေးလျနှင့် ကနေဒါတို့သည် ပဲ့ထိန်းဒုံးကျည်များထောက်လှမ်းခြင်းနှင့် ခြေရာခံခြင်းတို့အတွက် လေ့ကျင့်မှုတစ်ခုပြုလုပ်ရန် ပူးပေါင်းခဲ့သေးသည်။

မြောက်ကိုရီးယားအနေဖြင့် နျူစမ်းသပ်မှုတစ်ခုပြုလုပ်ရန်လည်း အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဘိုင်ဒင်အစိုးရအဖွဲ့ကပြောကြားခဲ့သည်။နိုင်ငံ၏နျူလက်နက်နှင့်ပတ်သက်၍ မြောက်ကိုရီးယား၏ပြောကြားချက်များသည် အလွန်စိတ်အနှောင့်အယှက်ဖြစ်စေသည်ဟု မစ္စတာ Wilsbach ကပြောကြားခဲ့သည်။ “သူတို့က အမေရိကအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကိုပါ နျူလက်နက်အသုံးပြုမယ်လို့ ခြိမ်းခြောက်ထားပါတယ်” ဟု လည်း၎င်းကထပ်မံပြောကြားခဲ့သည်။

မြေက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုသည် ကန်ကာကွယ်ရေးဝန်ကြီး မစ္စတာ လွိုက်အော်စတင်မှ စနေနေ့၌ ဟာဝိုင်အီတွင် ဂျပန်၊ဩစတြေးလျမှ ကာကွယ်ရေးဝန်ကြီးများဖြစ်ကြသည့် မစ္စတာ ရာဆူကာဇုဟမဒ နှင့် ရစ်ချတ်မာလက်စ်တို့နှင့်တွေ့ဆုံမှုအပေါ်သတိပေးသည့်အနေဖြင့် ပြုလုပ်ခြင်းလည်းဖြစ်နိုင်သည်ဟုဖော်ပြထားသည်။

မြောက်ကိုရီးယားအရေးနှင့်ပတ်သက်၍ အမေရိကန်သည် တောင်ကိုရီးယားနှင့်မဟာမိတ်ဆက်ဆံရေးဆက်လက်ခိုင်မာစေရန် တတ်နိုင်သမျှလုပ်ဆောင်ရန်အာရုံစိုက်ထားကြောင်းလည်း မစ္စတာအော်စတင်က ကြာသပတေးနေ့သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

Source -Nikkei Asia

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သြစတြေးလျတွင် တောမီးမထိန်းနိုင်၍ လူရာနှင့်ချီကို ဘေးလွတ်ရာ ရွှေ့ခိုင်း

သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးသည် စနေနေ့တွင် ထိန်းချုပ်နိုင်ခြင်းမရှိတော့သည့်အတွက် အန္တရာယ်မြင့်မားသော အခြေအနေတွင်ရှိနေသော ပြည်နယ်အနောက်ပိုင်းရှိ ဒေသခံရာနှစ်ချီကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ ပြည်နယ်မြို့တော် မဲလ်ဘုန်း၏ အနောက်ဘက် ၂၄၁ ကီလိုမီတာခန့်နှင့် လူဦးရေ ၄၉၅ ဦးရှိသည့် Halls Gap ကဲ့သို့ ကျေးလက်မြို့လေးများအပါဝင် Grampians အမျိုးသားဥယျာဉ်အနီး ဧရိယာများအတွက် သတိပေးချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ “အန္တရာယ်အရမ်းများတဲ့ အခြေအနေမရောက်ခင် အလုံခြုံဆုံးနေရာကို ချက်ချင်းထွက်ခွာပါ” ဟု ဗစ်တိုးရီးယားပြည်နယ် အရေးပေါ်ဝန်ဆောင်မှုဌာနက ပြောဆိုခဲ့သည်။ မီးလောင်ပြင်များအနက်တစ်ခုသည် အင်္ဂါနေ့က မိုးကြိုးပစ်မှုများကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး တစ်ညလုံး...

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း ရုံးပိတ်ရက်ရှည် (၄) ကြိမ်ရရှိစေရန် ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေး

နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်အတွင်း အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန်နှင့် ရက်ရှည်အနားယူအပန်းဖြေနိုင်စေရန် ရည်ရွယ်၍ ရုံးဖွင့်ရက်တချို့အား တစ်ဆက်တည်းပိတ်၍ အစားထိုးပြင်ဆင်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တစ်ဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်သည့် ရုံးဖွင့်ရက်များကို အနီးစပ်ဆုံး စနေနေ့တစ်ရက်စီဖြင့် အစားထိုးရုံးပိတ်ရက်များအဖြစ် ပြန်လည် သတ်မှတ်ထားကြောင်းလည်း သိရသည်။ ပထမရုံးပိတ်ရက်ရှည်တွင် ပိတ်ရက် ၅ ရက်ရှိမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊ ၃၀ ရက် (ကရင်နှစ်သစ်ကူးနေ့)နှင့် လာမည့်...

မြန်မာအသင်း ဗီယက်နမ်ကို ဂိုးပြတ်ရှုံးကာ အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲမှ ထွက်ခွာရ

အာဆီယံမစ်ဆူဘီရှီ ဖလားပြိုင်ပွဲ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယနေ့ ဒီဇင်ဘာ (၂၁)ရက် ည(၇)ခွဲ အချိန်၌ မြန်မာ နှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက (၅)ဂိုးပြတ်ဖြင့် ရှူံးနိမ့်ခဲ့ရသည်။ ယနေ့ ပွဲစဉ်အတွင်း ပထမပိုင်းပွဲပြီးချိန်အထိ နှစ်ဘက်အသင်း သွင်းဂိုးမရရှိဘဲ ဒုတိယပိုင်း ပွဲချိန်၌ ဗီယက်နမ်အသင်း က (၅)ဂိုး သွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗီယက်နမ်အသင်းသည် ဆီးမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်ပြီး မြန်မာအသင်းမှာ အုပ်စုအဆင့်မှသာ အိမ်ပြန်ခဲ့ရခြင်းဖြစ်သည်။ အာဆီယံ မစ်ဆူဘီရှီဖလား ပြိုင်ပွဲအုပ်စု (ဘီ)တွင် အင်ဒိုနီးရှားအသင်းက ရမှတ် (၄)မှတ်ဖြင့် အုပ်စုတွင်းထိပ်ဆုံးနေရာတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071