တိုကျို၊ဧပြီ ၃
မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့၌ အင်အား ၇ ဒသမ ၇ အဆင့်ရှိ အင်အားကြီးငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံ ကျူရှူးကျွန်း၌ ဧပြီလ (၂) ရက်နေ့ကအင်အား ၆ အဆင့်ရှိသည့်ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းသိရသည်။
လက်ရှိအချိန်အထိ ပျက်စီးဆုံးရှုံးမှုနှင့် အေ-သအပျောက်ရှိမရှိမသိရသေးဟုဆိုသည်။မြန်မာ၌လှုပ်ခတ်ခဲ့သည့် အင်အားကြီးငလျင်အပြီး ရက်ပိုင်းအတွင်း၌ပင် ယခုကဲ့သို့လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှလှုပ်ခတ်ခဲ့သည့် ငလျင်၏အရှိန်သည် ထိုင်းနိုင်ငံအထိပါရိုက်ခတ်ခဲ့ပြီး အခြားနိုင်ငံများဖြစ်သည့် တရုတ်၊အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အထိပါ တုန်ခါမှုကိုခံစားခဲ့ရသည်ဟုလည်း သိရသည်။
Source : timesnownews