ဂျာမနီနိုင်ငံအလယ်ပိုင်း Saxony-Anhalt ပြည်နယ်မြို့တော် မက်ဒီဘတ်ရှိ ခရစ္စမတ်ဈေးပွဲ၌ လူအုပ်အတွင်းကို ကားနှင့်ဝင်တို-က်ခဲ့မှုကြောင့် လူနှစ်ဦးထက်မနည်းေ-သဆုံးကာ ၆၈ ဦးဒဏ်ရာရရှိခဲ့သည်။
သောကြာနေ့ညပိုင်းက ယင်းဖြစ်ရပ်သည် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုဖြစ်ပြီး ယာဉ်မောင်းဖြစ်သူကို အခင်းဖြစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုလုပ်နေကြောင်း တာဝန်ရှိသူများက ပြောဆိုခဲ့သည်။
အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့ပြီးနောက် ချက်ချင်းဆိုသကဲ့သို့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz အပါအဝင် လူအများက ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ဝန်ကြီးချုပ်သည် စနေနေ့တွင် အခင်းဖြစ်နေရာကို သွားရောက်ကြည့်ရှုမည်ဟုလည်း သူ၏ ရုံးက ပြောဆိုခဲ့သည်။
“မက်ဒီဘတ်မှ သတင်းပေးပို့ချက်တွေအရ ကြောက်လန့်စရာအရာတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်၊ ေ-သဆုံးဒဏ်ရာရခဲ့သူတွေ၊ သူတို့မိသားစုဝင်တွေနဲ့ထပ်တူ ခံစားရပါတယ်” ဟု Scholz က X ပေါ်တွင် ရေးသားခဲ့သည်။
သံသယရှိသူသည် အသက် ၅၀ အရွယ် ဆော်ဒီအမျိုးသား ဆရာဝန်တစ်ဦးဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် ဂျာမနီနိုင်ငံသို့ ရောက်ရှိလာခဲ့သူဖြစ်ကြောင်း Saxony-Anhalt ပြည်နယ် ပြည်ထဲရေးဝန်ကြီး Tamara Zieschang က ပြောဆိုသည်။ သံသယရှိသူသည် ယခင်က ပြစ်မှုမှတ်တမ်းရှိမထားဟု ဆိုသည်။
ေ-သဆုံးခဲ့သူများတွင် တစ်ဦးသည် ကလေ-းငယ်ဖြစ်ပြီး နောက်တစ်ဦးသည် အရွယ်ရောက်ပြီးသူဖြစ်သည်ဟု အခြားပြည်နယ်အစိုးရအရာရှိတစ်ဦးဖြစ်သည့် Premier Reiner Haseloff က ပြောဆိုခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ေ-သဆုံးသူ ထပ်ရှိလာနိုင်သလားဆိုသည်ကိုမူ သူ့အနေဖြင့် မပြောနိုင်သေးကြောင်းလည်း ဆက်လက် ပြောဆိုခဲ့သည်။
Ref: အယ်ဂျာဇီးယား