သရုပ်ဆောင် ယွန်းယွန်း ဟာ အခုလက်ရှိမှာအနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတာဖြစ်ပြီး ၃ နှစ်တာကာလအတွင်း သူမရဲ့ငယ်ငယ်က စိတ်ကူးအိမ်မက်တွေကိုစွန့်လွှတ်လိုက်ဖို့အထိ အတွေးတွေဝင်ခဲ့ရတဲ့အထိဖြစ်ခဲ့တယ်လို့ သူမကပြောပါတယ်။
အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး သရုပ်ဆောင် ယွန်းယွန်း က
” ယွန်းအနေနဲ့ အနုပညာအလုပ်တွေမလုပ်တာလည်းကြာပြီဆိုတော့ ယွန်းကိုကမ်းလှမ်းတဲ့ စီးရီးတစ်ခုမှာ ယွန်းရဲ့ပုံစံနဲ့ကွဲပြီး Challenge ဖြစ်စေမယ် လို့ခံစားရတဲ့ပုံစံမျိုးရိုက်ထားတာရှိတယ် ထွက်လာရင်ပရိသတ်တွေသတိထားမိမယ်ထင်တယ် ။ ၃ နှစ်တာကာလအတွင်း မှာယွန်းအနေနဲ့အတတ်နိုင်ဆုံး ကိုယ့်ကိုကိုယ် struggle လုပ်ပြီးကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ပဲနေရတာပေါ့နော်အဲ့လိုမှမဟုတ်ရင် စိတ်ဓာတ်ကျသွားတဲ့အခါ လမ်းကြောင်းပြောင်းသွားနိုင်တယ် ငယ်ငယ်ကအိမ်မက်တွေစွန့်လွှတ်လိုက်တော့မယ် ဆိုတဲ့အထိဖြစ်ခဲ့တဲ့အချိန်တွေလည်းရှိတယ် ” လို့ပြောပါတယ်။
ဆက်လက်ပြီး ယွန်းယွန်းက သူမကိုယ်တိုင်လည်းစိတ်ဓာတ်ပြိုလည်းတဲ့အချိန်တွေရှိသလို တခြားအတွေးတွေဝင်ပြီးယိုင်လဲကုန်တဲ့အချိန်တွေလည်းရှိခဲ့တယ် လို့ပြောပါတယ်။
သရုပ်ဆောင်ယွန်းယွန်းဟာ သူမကိုလွမ်းနေတဲ့ပရိသတ်တွေကို သူမကိုယ်တိုင်ကလည်းအရမ်းလွမ်းနေသလို ငယ်ငယ်လေးထဲ က ရှုတင်မှာ နယ်မှာ ရိုက်ကွင်းတွေမှာ ကိုယ့်ကိုချစ်တဲ့ပရိသတ်တွေနဲ့ဆုံရတယ် အဲ့ဒါကြီးက ယွန်းရဲ့ Life တစ်ခုလိုဖြစ်နေတာက ရုတ်တရက်ရပ်သွားတဲ့အခါကျတော့ အဲ့life ကိုလည်းလွမ်းသလို ပရိသတ်တွေကိုလွမ်းတယ် လို့ပြောပါတယ်။