Thursday, April 24, 2025

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကိုရေးသားထားသည့် စာကောင်းပေမွန်များကို...

စာကြည့်တိုက်များ၌ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကိုရေးသားထားသည့် စာကောင်းပေမွန်များကို ထိန်းသိမ်းထားရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၄...

ငလျင်ဒဏ်ကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ပျက်စီးခဲ့မှုများကို နစက...

အလွန်အင်အားပြင်းထန်သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကြီး၏ ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၄...

Sky Villa အားရှင်းလင်းရာအမျိုးသား(၄)ဦး၏ရုပ်အလောင်းတွေ့ရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦး၏ အဆောက်အဦး C အဆောင်နှင့် D အဆောင်တို့အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယနေ့...

ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ စစ်ကိုင်းမြို့နယ်အတွင်း ထောက်ပံ့လှူဒါန်းမှုများပြုလုပ်

ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ငလျင်ဒဏ်သင့် အိမ်ထောင်စုများကို ယနေ့ ဧပြီ ၂၄ ရက်က ထောက်ပံ့လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း...
HomeNewsLocal Newsငလျင်ကြီး၏ ၁၆ရက်​မြောက်​နေ့၌ မန္တလေးမြို့တွင်...

ငလျင်ကြီး၏ ၁၆ရက်​မြောက်​နေ့၌ မန္တလေးမြို့တွင် အ​ဆောက်အအုံတစ်ခုမြေထဲကျွံကျမှုဖြစ်

မန္တလေးမြို့တွင် ယနေ့ ဧပြီ ၁၃ ရက်နေ့လည်ပိုင်းက ငလျင်လှုပ်ခတ်နေချိန်မဟုတ်ဘဲ ဆေးရုံသုံးပစ္စည်းအရောင်းဆိုင်၏မြေညီထပ် မြေကြီးထဲကျွံကျသွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

မန္တ​လေး ငလျင်ကြီး ပြီး​နောက် ငလျင်ငယ်များစွာ လှူပ်​​နေသည်မှာ ယ​နေ့ ဆိုလျှင် ၁၆ ရက်ပင်ရှိလာ​နေပြီဖြစ်သည်။

မန္တလေးမြို့၊ ၂၆ လမ်း၊ ၇၆ လမ်းနှင့် ၇၇ လမ်းကြားရှိ ရီရှင်း ဆေးရုံသုံးပစ္စည်းအရောင်းဆိုင်၏မြေညီထပ်မှာ နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်က ငလျင်လှုပ်ခတ်နေချိန်မဟုတ်ဘဲ မြေကြီးထဲသို့ကျွံကျသွားခဲ့ကြောင်း သိရသည်။

” အဲဒီ ဆေးရုံသုံးပစ္စည်းအရောင်းဆိုင်ကပိတ်ထားတာပါ။ လူနေထိုင်တာမရှိပါဘူး။ နောက်ပြီး ပစ္စည်းတွေကိုရွှေ့နေကြတာသိပ်မကျန်တော့ဘူး။ ၄ ထပ်အဆောက်အဦးပါ။ အခုမြေကြီးထဲကျွံကျသွားတာက မြေညီထပ်ပါ”ဟု နန်းတော်ရှေ့လူမှုကယ်ဆယ်ရအသင်းမှတာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုသိန်းထွန်းအောင်က ပြောသည်။

ဖြစ်စဥ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

သို့​သော်လည်း ငလျင်ထိ အ​ဆောက်အအုံများ၊ ​မြေ​ပျော့ သည့်​နေရာများ ကို သတိထားကြဖို့နိုး​ဆော်လျှက်ရှိကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကိုရေးသားထားသည့် စာကောင်းပေမွန်များကို ထိန်းသိမ်းထားရန်လို

စာကြည့်တိုက်များ၌ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကိုရေးသားထားသည့် စာကောင်းပေမွန်များကို ထိန်းသိမ်းထားရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၄ ရက်နေ့လည်ပိုင်းက ငလျင်ဒဏ်ကြောင့်ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သော အမျိုးသားစာကြည့်တိုက်(နေပြည်တော်)အားကြည့်ရှုစစ် ဆေးစဥ် မှာကြားခဲ့သည်။ နစက ဥက္ကဋ္ဌမှ ငလျင်ဒဏ်သင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)အဆောက်အအုံနှင့် အဆောက်အအုံအတွင်းရှိ အလင်္ကာကျော်စွာ စည်သူ တက္ကသိုလ်မြတ်သူ စာစုများထားရှိသည့်အခန်း၊ အီလက်ထရွန်နစ်စာကြည့်တိုက်နှင့် စာဖတ်ခန်း၊ ဝန်ဇင်းမင်းရာဇာခန်းမ၊ စာအုပ်စင်ခန်းများ၊ ပေ၊ ပုရ ပိုက်ဌာနစိတ်နှင့် စာကြည့်တိုက်အတွင်း ထိခိုက်ပျက်စီးခဲ့မှုများ၊ စာအုပ်များကို အမျိုးအစားအလိုက် ထိန်းသိမ်းထားရှိမှုများကိုကြည့်ရှုစစ်ဆေးခဲ့သည်။ စာကြည့်တိုက်အတွင်းရှိစာအုပ်များအား စာပေအမျိုးအစားအလိုက်ခွဲခြား၍...

ငလျင်ဒဏ်ကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ပျက်စီးခဲ့မှုများကို နစက ဥက္ကဋ္ဌကြည့်ရှု

အလွန်အင်အားပြင်းထန်သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကြီး၏ ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၄ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရင်ပြင်တော်နေရာများ၊ မြေထိန်းနံရံနေရာများနှင့် သာသနိကအဆောက်အဦအချို့အား ပြန်လည်ပြုပြင်ခြင်းများကို စနစ်တကျအမြန်ဆုံးဆောင်ရွက်ရန်၊ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို မိုးရာသီမရောက်မီ ရနိုင်သမျှဆောင်ရွက်ရန်မှာကြားသည်။ ထို့အတူ နိုင်ငံတော်မှလည်း လိုအပ်သည်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကာ စေတီတော်ကြီးရှိ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းများဆောင်ရွက်ရာတွင် စေတနာရှင်အလှူရှင်များ ပါဝင်ကုသိုလ်ယူလှူဒါန်းနိုင်ရေးအတွက်လည်း နှိုးဆော်သွားရမည်ဟု မှာကြားခဲ့သည်။ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားအား ၂၀၀၆...

Sky Villa အားရှင်းလင်းရာအမျိုးသား(၄)ဦး၏ရုပ်အလောင်းတွေ့ရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦး၏ အဆောက်အဦး C အဆောင်နှင့် D အဆောင်တို့အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယနေ့ ဧပြီ ၂၄ ရက်တွင် ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများဆက်လက်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ ဖယ်ရှားရှင်းလင်းစဥ် နံနက် ၁၀ နာရီခွဲကျော်ခန့်တွင် အမျိုးသား(၂)ဦး၏ရုပ်အလော-င်းများ၊ နံနက် ၁၁ နာရီခန့်တွင် ကလေ-းငယ်(၁)ဦးနှင့် အမျိုးသား(၁)ဦးတို့၏ရုပ်အလော-င်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် မန္တလေးတိုင်း၊ မြစ်သားမြို့ရှိ ရွှေမုဌောဘုရား ငလျင်ဒဏ်ပြိုကျသည့်နေရာ၊ ကျောက်ဆည်မြို့နယ်၊ ကြက်မင်းတွန်ရပ်ကွက်ရှိ အ.ထ.က (၃)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071