Wednesday, April 2, 2025

ငလျင်ဒဏ်သင့် မြန်မာများ အစားအစာ၊ ရေနှင့်...

မြန်မာနိုင်ငံတွင် မူကြိုကလေးငယ် ၅၀ အပါအဝင် လူပေါင်း ၂,၇၀၀ ကျော်(ဧပြီ ၁ ရက် ညနေပိုင်းတွင် ၃,၀၀၀ နီးပါးရှိလာ) သေဆုံးခဲ့ပြီဖြစ်သော...

နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ကူ ညီထောက်ပံ့မှုပစ္စည်းများ၊...

ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်မှုများပြုလုပ်ရန် နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ကူညီထောက်ပံ့မှုပစ္စည်းများ၊ ဆေးဝါးများ ဧပြီ ၁ ရက်က မြန်မာနိုင်ငံသို့ထပ်မံရောက်ရှိလာခဲ့ကြောင်း သိရသည်။ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ရုရှား၊...

အင်ဂျင်နီယာပညာရှင်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့များကို ဒေသအလိုက်ဖွဲ့စည်း၍ စစ်ဆေးမှုများပြုလုပ်နေ

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ရုံးအ ဆောက်အဦများ၊ လူနေအဆောက်အဦများနှင့် အခြားပျက်စီးမှုများကို ဘေးအန္တရာယ်နှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာများအတွက် အင်ဂျင်နီယာပညာရှင်များပါဝင်သည့် ပညာရပ်ဆိုင်ရာစစ်ဆေးရေးအထောက်အကူပြုအဖွဲ့အား ဒေသအလိုက်ဖွဲ့ စည်း၍...

ဖိလစ်ပိုင်က မြန်မာငလျင်ဘေးကူညီရန် အဖွဲ့တစ်ဖွဲ့စေလွှတ်

မနီလာ၊ဧပြီ ၁ ဖိလစ်ပိုင်နိုင်ငံသည် ငလျင်ဒဏ်ခံခဲ့ရသော မြန်မာနိုင်ငံသို့ ပထမဆုံးအသုတ်အဖြစ် လူ ၉၁ ဦးပါ ကယ်ဆယ်ရေးအဖွဲ့ကို အင်္ဂါနေ့အစောပိုင်းက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ရန် စေလွှတ်ခဲ့သည်ဟုသိရသည်။ "C-130 လေယာဉ်နှစ်စင်းသည်...
HomeNewsLocal Newsငလျင်ကြောင့် ပျက်စီးမှု အမြင့်ဆုံးဖြစ်ခဲ့သည့်...

ငလျင်ကြောင့် ပျက်စီးမှု အမြင့်ဆုံးဖြစ်ခဲ့သည့် မန္တလေးမြို့မှ Sky Village တွင် ကယ်ဆယ်ရေး အင်အားနည်းနေပြီး ပိတ်မိနေသူ (၄၀) ကျော်သာ ကယ်ထုတ်နိုင်သေး

မတ်လ (၂၈) ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် အင်းအားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှုမြင့်မားခဲ့သည့် ကယ်ဆယ်ရေးအင်အားနည်းနေပြီး အပျက်အစီးများအောက် ပိတ်မိနေသူအားလုံးကို ကယ်ဆယ်ထုတ်နိုင်ခြင်းမရှိသေးဘဲ အချို့ကိုသာ ကယ်ထုတ်နိုင်သေးကြောင်း သိရသည်။

လက်ရှိတွင် တိုင်းမီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူများ ဦးစီးသည့် ကယ်ဆယ်ရေးအဖွဲ့များနှင့် အရပ်ဘက် လူမှုကူညီရေး အဖွဲ့အစည်းအချို့ အဆိုပါနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း အပျက်အစီးအင်အားနှင့် လူအင်အား မမျှတသည့်အခြေအနေကို တွေ့ရသည်။

” အသက်ရှင်လျက်နဲ့ (၄၈) ဦးကယ်ထုတ်နိုင်ခဲ့ပြီး ‌ေ-သဆုံး (၁၀) ဦး ထုတ်ပြီးပါပြီ။ အောက်မှာ ဆက်ပြီးတော့ ကယ်ထုတ်စရာတွေ ရှိနေပါသေးတယ်။ တရုတ်က အဖွဲ့တွေလာရင် ကျွန်တော်တို့ ပူးပေါင်းပြီးဆောင်ရွက်သွားဖို့ ပြင်နေပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အထပ်မြင့်ကွန်ဒိုပြိုကျမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သူအချို့၏ ပြောပြချက်နှင့် ပေါ်ပြူလာနယူးစ်မှ သတင်းထောက်၏ မျက်မြင်တွေ့ရှိရမှုအခြေအနေအရ အပျက်အစီးများအောက်တွင် ပိတ်မိနေသူများနှင့် အုပ်ပုံများအကြားပိမိကာ ‌ေ-သဆုံးနေသူများရှိနေပြီး အရေအတွက် ဆယ်နှင့်ချီကာ ရှိနေနိုင်သည့် အခြေအနေဖြစ်သည်။

အထပ် (၁၁) ထပ်ရှိသည့် အဆိုပါ Sky Village ကွန်ဒိုမှာ ပြီးခဲ့သည့် မတ်လ (၂၈) ရက် နေ့လယ်ပိုင်းက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇.၇ ရစ်ခ်ျတာစကေးအဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် ကွန်ဒိုတစ်ခုလုံးနီးပါး ပြိုကျပျက်စီးသွားခဲ့ခြင်းဖြစ်ပြီး လူအမြောက်အများ ‌ေ-သကြေပျက်စီးကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် အခြေအနေဖြစ်သည်။

ဓာတ်ပုံ – ပေါ်ပြူလာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်သင့် မြန်မာများ အစားအစာ၊ ရေနှင့် အမိုးအကာများ လိုအပ်နေ

မြန်မာနိုင်ငံတွင် မူကြိုကလေးငယ် ၅၀ အပါအဝင် လူပေါင်း ၂,၇၀၀ ကျော်(ဧပြီ ၁ ရက် ညနေပိုင်းတွင် ၃,၀၀၀ နီးပါးရှိလာ) သေဆုံးခဲ့ပြီဖြစ်သော အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက်တွင် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် သောက်သုံးရေတို့ကို အရေးပေါ် လိုအပ်လျက်ရှိသည်ဟု ငလျင်ဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရသော ဒေသများ သို့ရောက်နေသော ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားခဲ့သည်။ သို့ရာတွင် ပြည်တွင်းစစ်ကြောင့် လိုအပ်နေသူများထံ အကူအညီများရောက်ရှိနိုင်မှုကို အဟန့်အတားဖြစ်နိုင်သည်ဟုလည်း ၎င်းတို့က ဆိုသည်။ အင်္ဂါနေ့တွင် သေဆုံးသူ စုစုပေါင်း ၂,၇၁၉ ဦးနှင့် ဒဏ်ရာရသူစုစုပေါင်း ၄,၅၀၀...

နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ကူ ညီထောက်ပံ့မှုပစ္စည်းများ၊ ဆေးဝါးများ ထပ်မံရောက်ရှိလာ

ငလျင်ဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်မှုများပြုလုပ်ရန် နိုင်ငံတကာမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် ကူညီထောက်ပံ့မှုပစ္စည်းများ၊ ဆေးဝါးများ ဧပြီ ၁ ရက်က မြန်မာနိုင်ငံသို့ထပ်မံရောက်ရှိလာခဲ့ကြောင်း သိရသည်။ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ရုရှား၊ အင်ဒိုနီးရှား ၊ ထိုင်း၊ ဘူတန်၊ ဖီလစ်ပိုင်၊ လာအို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လေယာဉ်(၁၄)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့်အတူ ဆရာဝန်နှင့် သူနာပြုဆေးအ ဖွဲ့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအ ညီပစ္စည်းများနှင့် ဆေးဝါးများ နေပြည်တော်ရှိတပ်မတော်လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။ ထို့ပြင် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာအကူအညီများဖြစ်သည့် ကူညီကယ် ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ...

အင်ဂျင်နီယာပညာရှင်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့များကို ဒေသအလိုက်ဖွဲ့စည်း၍ စစ်ဆေးမှုများပြုလုပ်နေ

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ရုံးအ ဆောက်အဦများ၊ လူနေအဆောက်အဦများနှင့် အခြားပျက်စီးမှုများကို ဘေးအန္တရာယ်နှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာများအတွက် အင်ဂျင်နီယာပညာရှင်များပါဝင်သည့် ပညာရပ်ဆိုင်ရာစစ်ဆေးရေးအထောက်အကူပြုအဖွဲ့အား ဒေသအလိုက်ဖွဲ့ စည်း၍ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ အဆိုပါအဖွဲ့သည် ပျက်စီးသွားသော အဆောက်အအုံများအား ခေတ်မီစမ်းသပ်ကိရိယာများဖြင့် စစ်ဆေး၍ သာမန်ပြင်ဆင်နိုင်သည့် အဆောက်အဦ၊ အကြီးစားပြင်ဆင်ရမည့် အဆောက်အဦနှင့် ပြုပြင်၍မရဘဲ ဖယ်ရှားရှင်းလင်းရမည့်အန္တရာယ်ရှိအဆောက်အဦများအဖြစ်ခွဲခြားသတ်မှတ်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ငလျင်ကြောင့်ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုများအား မှတ်တမ်းတင်ခြင်း၊ ညှိနှိုင်းသုံးသပ်ခြင်းနှင့် နောင်တွင် ဆောင်ရွက်ရမည့်နည်းလမ်းများဖော်ထုတ်ခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။ ယင်း စစ်ဆေးရေးအဖွဲ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ပညာရှင်များ၊ မြန်မာနိုင်ငံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071