အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းတောင်ရိုးပေါ်တွင် ပျက်စီးသွားသည်များကို ဧပြီ ၃ ရက်နံနက်ပိုင်းက သီတဂူဆရာ တော်ကြီးကိုယ်တိုင် လိုက်လံကြည့်ရှုတော်မူခဲ့ကြောင်း သိရသည်။
သီတဂူဆရာတော်ကြီးသည် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသည့် စစ်ကိုင်းတောင်ရိုးပေါ်ရှိ သယမ္ဘူစေတီတော်၊ ဆွမ်းဦးပုညရှင်စေတီတော်၊ စစ်ကိုင်းမြို့ပေါ်ရှိ ထူပါရုံစေတီတော်၊ ဆင်များရှင်စေတီတော်၊ မင်္ဂလာမဟာစေတီတော်နှင့် စည်းခုံကြီးစေတီတော်တို့အား ကြည့်ရှူ့တော်မူခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ကြီးများ၊ သီလရှင်ကျောင်းများ သုံးရေအဆင်ပြေစေရန် သီ တဂူရေအလှူတော်လုပ်ငန်းများကို အမြန်ဆုံးလည် ပတ်ရန်လည်း တိုက်တွန်းတော်မူခဲ့ကာ ရေပိုက်လိုင်းများအမြန်ဆုံးပုံမှန်လည်ပတ်နိုင်ရန် သီတဂူရေဝန်ထမ်းများမှဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်၌ ငလျင်ဒဏ်သင့်သူများအား ကျန်း မာရေးစောင့်ရှာက်မှုအဖြစ် သီတဂူအာယုဒါနဆေးရုံတော်တွင် ရုရှားနိုင်ငံမှ လာရောက်ကူညီပေးနေသည့် အရိုးအကြောအဆစ်ခွဲစိပ်ပါရဂူ(၂)ဦး၊ အ ထွေထွေခွဲစိပ်ပါရဂူ(၂)ဦး၊ သီတဂူအာယုဒါနဆေးရုံတော်မှဆရာဝန်ကြီး(၂)ဦးနှင့် သီတဂူဆေးရုံတော် သူများပြုများက အခမဲ့စမ်းသပ်စစ်ဆေးခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။
သီတဂူဆရာတော်ကြီးသည် သက်တော်(၈၉)နှစ်အရွယ်ရှိပြီဖြစ်ကာ သာသနာ့တာဝန်များအား အား ကြိုးမာန်တက်ဆောင်ရွက်ပေးတော်မူလျက်ရှိသည်။