Monday, April 7, 2025

အမေရိကတွင် မုန်တိုင်းနှင့် ရေကြီးမှုများကြောင့် သေဆုံးသူ...

အမေရိကန်ပြည်ထောင်စု အရှေ့အလယ်ပိုင်းတွင် ပြင်းထန်သော မုန်တိုင်းများဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး ရုတ်တရက် ရေလွှမ်းမိုးမှု...

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ နေပြည်တော်နှင့် မန္တလေး ခရီးစဉ်များအား...

ငလျင်ကြောင့် ရပ်နားထားသည့် နေပြည်တော်နှင့် မန္တလေး ခရီးစဉ်များကို မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း MNA လေကြောင်းလိုင်းမှ ထုတ်ပြန်ထားသည်။ မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့်...

ငလျင်ဒဏ်သင့်ခဲ့သည့် သာသနိက အဆောက်အဦးများအပါအဝင် အများနှင့်သက်ဆိုင်သော...

ငလျင်ဒဏ်သင့်ခဲ့ရသည့် သာသနိကနှင့်ဘာသာရေးဆိုင်ရာအဆောက်ဦးများ၊ ပညာရေး၊ ကျန်းမာရေးနှင့် အများနှင့်သက်ဆိုင်သော အဆောက်အဦးများအား အဆောက်အဦးတစ်ခုချင်းအလိုက် တာဝန်ယူ၍ ပြုပြင်မွမ်းမံအသစ်တည်ဆောက် လှူဒါန်းလိုသူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။ မတ် (၂၈)...

တစ်ပူပေါ် နှစ်ပူဆင့်ခဲ့သည့် စစ်ကိုင်းမြို့နေ အိမ်ထောင်စု...

စစ်ကိုင်းမြို့ တကောင်းတိုက်နယ်အတွင်း မိုးရွာသွန်းမှုကြောင့် အရေးတကြီးလိုအပ်နေသည့် တာပေါ် လင်စများကို ယမန်နေ့ ဧပြီ(၆)ရက်က မြန်မာနိုင်ငံကြက်ခြေနီအသင်းက သွားရောက် ပေးဝေခဲ့ကြောင်း သိရသည်။ ထိုသို့ပေးဝေရာ၌ အိမ်ထောင်စု...
HomeNewsLocal Newsငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှအတွေ့အကြုံများအား ပြန်လည်မျှဝေပေးစေလိုဟုနီပေါဝန်ကြီးချုပ်အားနစက...

ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှအတွေ့အကြုံများအား ပြန်လည်မျှဝေပေးစေလိုဟုနီပေါဝန်ကြီးချုပ်အားနစက ဥက္ကဋ္ဌပြော

ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်အတွေ့အကြုံရှိပြီးဖြစ်သည့် နီပေါနိုင်ငံအနေဖြင့် ယင်း အတွေ့အကြုံများကိုပြန်လည်မျှဝေပေးစေလိုသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ နီပေါနိုင်ငံဝန်ကြီးချုပ် Rt. Hon. Mr. K P Sharma Oli နှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

BIMSTEC အစည်းအဝေးတက်ရောက်ရန် ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် ၎င်းတို့နှစ်ဦးသည် ယနေ့ ဧပြီ ၃ ရက်ညနေပိုင်းက ဘန်ကောက်မြို့ရှိ Shangri – La ဟိုတယ်၌တွေ့ဆုံခဲ့ကြခြင်းဖြစ် သည်။

တွေ့ဆုံစဥ် နစက ဥက္ကဋ္ဌမှ ငလျင်ဒဏ်ကြောင့် ထိ ခိုက်ပျက်စီးမှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နီပေါနိုင်ငံအနေဖြင့် အတွေ့အကြုံရှိပြီးဖြစ်ရာ မိမိတို့ကိုလည်း အဆိုပါအတွေ့အကြုံများကိုမျှဝေပေးသွားစေလိုပြီး ၂၀၁၅ ခုနှစ်က နီပေါနိုင်ငံတွင် ငလျင်လှုပ်ခတ်ခဲ့စဉ် မိမိတို့မြန်မာ့တပ်မတော်မှ ကယ်ဆယ်ရေးပစ္စည်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ကူညီပေးခဲ့သကဲ့သို့ ယခုမိမိတို့နိုင်ငံ၌ ငလျင်ဘေးဒဏ်ကျရောက်ချိန်၌ လည်း နီပေါနိုင်ငံအနေဖြင့် အချိန်နှင့်တစ်ပြေးညီကူညီဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်သည်ဟု ပြောသည်။

ထို့ပြင် မိမိတို့နှစ်နိုင်ငံသည် ရှေးယခင်ကပင် ချစ် ကြည်ရင်းနှီးသည့်နိုင်ငံများဖြစ်ပြီး မိမိတို့နိုင်ငံတပ် မတော်၌ နီပေါနွယ်ဖွား ဂေါ်ရခါးလူမျိုးများတာဝန်ထမ်းဆောင်လျက်ရှိကာ မြန်မာနိုင်ငံတွင် နီပေါလူ မျိုးအများအပြားနေထိုင်လျက်ရှိပြီး ရှေးယခင်ကပင် မြန်မာလူမျိုးများနှင့် ချစ်ကြည်ရင်းနှီးစွာပူး ပေါင်းနေထိုင်ခဲ့ကြပြီး နှစ်နိုင်ငံအလှမ်းကွာဝေးသော်လည်း ချစ်ကြည်ရင်းနှီးမှုရှိသည့် နိုင်ငံများဖြစ်၍ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်သွားလိုသည်ဟု ပြောကြားခဲ့သည်။

ထို့အတူ နီပေါနိုင်ငံဝန်ကြီးချုပ်မှလည်း မြန်မာနိုင်ငံတွင် ပြင်းထန်စွာငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မိမိနှင့်အတူ နီပေါပြည်သူများက မြန်မာပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်းရပြီး နီပေါနိုင်ငံအနေဖြင့်လည်း ဆေးကုသရေးအဖွဲ့များအပါအဝင် ကူညီကယ်ဆယ်ရေးအဖွဲ့များကိုစေလွှတ်ထားပြီးဖြစ်ကာ နီပေါနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်ချစ်ကြည်ရင်းနှီးသည့်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့နောက် ၎င်းတို့နှစ်ဦးသည် မြန်မာ-နီပေါနှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်ဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကုန်သွယ်ရေးကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် အ ခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင် ရွက်မှုများမြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ယခုနှစ် ဒီဇင်ဘာလအတွင်း လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင် ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာ နိုင်ငံနှင့် နီပေါနိုင်ငံတို့သည် နိုင်ငံတကာမျက်နှာစာတွင်လည်း ပူးပေါင်းဆောင်ရွက်မှုများကောင်းမွန်လျက်ရှိမှု၊ ဆဋ္ဌမအကြိမ်မြောက် ဘင်းမ်စတက်အ စည်းအဝေးမှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများအချင်း ချင်းပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမေရိကတွင် မုန်တိုင်းနှင့် ရေကြီးမှုများကြောင့် သေဆုံးသူ ၁၇ ဦး ရှိလာ

အမေရိကန်ပြည်ထောင်စု အရှေ့အလယ်ပိုင်းတွင် ပြင်းထန်သော မုန်တိုင်းများဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး ရုတ်တရက် ရေလွှမ်းမိုးမှု ဆိုးရွားစွာဖြစ်နိုင်သည်ဟု နိုင်ငံတော်မိုးလေဝသဌာနက သတိပေးခဲ့သည်။ ကန်တပ်ကီ၊ တင်နက်စီနှင့် အလာဘားမားပြည်နယ်တို့တွင် ရေလွှမ်းမှု သတိပေးချက်သည် အသက်ဝင်နေဆဲဖြစ်သည်ဟု မိုးလေဝသခန့်မှန်းသူများက ပြောဆိုသည်။ တင်နက်စီပြည်နယ်သည် သဘာဝဘေးဒဏ်ကို အဆိုးဝါးဆုံးခံခဲ့ရပြီး ပြည်နယ်အနောက်ပိုင်းတွင် သေဆုံးသူ ၁၀ ဦးအထိ ရှိခဲ့သည်။ ကန်တပ်ကီ၊ မစ်ဆူရီပြည်နယ်များတွင် နှစ်ဦးစီသေဆုံးခဲ့ပြီး အာကန်‌ဆော၊ အင်ဒီယားနားနှင့် မစ္စစ္စပီပြည်နယ်များတွင် တစ်ဦးစီ သေဆုံးခဲ့ကာ သေဆုံးဦးရေ...

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ နေပြည်တော်နှင့် မန္တလေး ခရီးစဉ်များအား ပြန်လည်ပြေးဆွဲ

ငလျင်ကြောင့် ရပ်နားထားသည့် နေပြည်တော်နှင့် မန္တလေး ခရီးစဉ်များကို မြန်မာအမျိုးသား လေကြောင်းလိုင်းမှ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း MNA လေကြောင်းလိုင်းမှ ထုတ်ပြန်ထားသည်။ မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့် သဘာဝငလျင် ဘေးဒဏ်ကြောင့် ခေတ္တရပ်ဆိုင်းခဲ့ရသော မန္တလေး ခရီးစဉ်များကို ဧပြီလ (၄)ရက်နှင့် နေပြည်တော် ခရီးစဉ်များကို ဧပြီလ (၇) ရက်များမှ စတင်၍ ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ စစ်ကိုင်းမြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး (၇.၇) အဆင့်ရှိ အင်အား ပြင်းငလျင် လှုပ်ခတ်မှုကြောင့် မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင်...

ငလျင်ဒဏ်သင့်ခဲ့သည့် သာသနိက အဆောက်အဦးများအပါအဝင် အများနှင့်သက်ဆိုင်သော အဆောက်အဦးများ ပြန်လည်ပြုပြင်ရန် ပါဝင်လှူဒါန်းနိုင်

ငလျင်ဒဏ်သင့်ခဲ့ရသည့် သာသနိကနှင့်ဘာသာရေးဆိုင်ရာအဆောက်ဦးများ၊ ပညာရေး၊ ကျန်းမာရေးနှင့် အများနှင့်သက်ဆိုင်သော အဆောက်အဦးများအား အဆောက်အဦးတစ်ခုချင်းအလိုက် တာဝန်ယူ၍ ပြုပြင်မွမ်းမံအသစ်တည်ဆောက် လှူဒါန်းလိုသူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။ မတ် (၂၈) ရက်တွင် မန္တလေး မြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၁) ကီလို မီတာကွာဝေးသည့် မြန်မာနိုင်ငံပြည်တွင်း အနက် (၁၀) ကီလိုမီတာကိုဗဟိုပြု၍ ပြင်းအား (၇.၇) ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် သာသနိကနှင့် ဘာသာရေးဆိုင်ရာအဆောက်ဦများ၊ ပညာရေး၊ ကျန်းမာရေးစသည့် အများနှင့်သက်ဆိုင်သော အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရသည်။ အဆိုပါ အဆောက်အဦးများအနက် အဆောက်အဦးတစ်ခုချင်းအလိုက် တာဝန်ယူ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071