Tuesday, April 1, 2025

တရုတ်နိုင်ငံ မှ Xiamen Blue...

မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံ မှ Xiamen Blue Sky အဖွဲ့နှင့် မြန်မာဖူကျန့်စက်မှုကုန်သည်များ အသင်းတို့မှ ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့ဝင်များအား လိုအပ်သော ဒေသများတွင်...

ဇမ္ဗူသီရိမြို့နယ်တွင် ငလျင်ကြောင့် ပြိူကျခဲ့သည့် တိုက်အမှတ်...

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ငလျင်ကြောင့် ပြိူကျခဲ့သည့် တိုက်အမှတ် ၃၃၆၉ တွင် ပိတ်မိနေသူ အမျိုးသမီး (၁)ဦးအား ယနေ့ ဧပြီ (၁)ရက်...

ငလျင်ဒဏ်သင့်ဒေသများသို့ လှူဒါန်းမှုများအတွက် ငွေလွှဲခ ကင်းလွတ်ခွင့်ပြု

အင်အားပြင်းလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်သင့်ဒေသများသို့ လှူဒါန်းမှုများအတွက် ငွေလွှဲခ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကထုတ်ပြန်ထားသည်။ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ(OA-011834)စာရင်း၊ ရန်ကုန်မြို့၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင်...

မြန်မာနိုင်ငံ၌ ငလျင်ဘေးကြုံတွေ့နေခြင်းအတွက် နစက ဥက္ကဋ္ဌထံ...

ပြီးခဲ့သည့် မတ် ၂၈ ရက်မွန်းတည့်ပိုင်းက နေပြည် တော်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့အပါအ ဝင် တိုင်းနှင့်ပြည်နယ်အချို့၌ အင်အားအလွန်ပြင်း ထန်သော ငလျင်လှုပ်ခတ်ကာ...
HomeNewsLocal Newsငလျင်ဒဏ်ကြောင့် မန္တလေး လေဆိပ်ပိတ်ထားရပြီး...

ငလျင်ဒဏ်ကြောင့် မန္တလေး လေဆိပ်ပိတ်ထားရပြီး ရန်ကုန် – မန္တလေး ကားလိုင်းများလည်း ရပ်နားထားရ

ယနေ့ မတ်လ (၂၈) ရက် နေ့လယ်ပိုင်းက မန္တလေးမြို့ အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်းအားအလွန်ပြင်းသည့် ငလျင်လှုပ်ခတ်မှုဒဏ်ကြောင့် မန္တလေးလေဆိပ်ကို ပိတ်ထားရပြီး ရန်ကုန် – မန္တလေး ပြေးဆွဲနေသည့် အဝေးပြေးကားများလည်း ခရီးစဉ်များ ရပ်နားထားရကြောင်း သိရသည်။

ယနေ့ နေ့လယ် (၁) နာရီဝန်းကျင်က မန္တလေးမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ (၂၀) အကွာကို ဗဟိုပြု၍ ပြင်းအား (၇. ၇) အဆင့်ရှိ အင်းအား အလွန်ပြင်းသော ငလျင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ငလျင်ဒဏ်ကြောင့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ်(၆) ခုတွင် အပျက်အစီးနှင့် ထိခိုက်‌ေ-သဆုံးမှု များခဲ့ခြင်း ဖြစ်သည်။

လတ်တလောရရှိထားသည့် မြေပြင်သတင်းများအရ နိုင်ငံတစ်ဝန်း ငလျင်ကြောင့် ‌ေ-သဆုံးသူ ရာနှင့်ချီ ရှိနေပြီး ထိ ခိုက်ဒဏ်ရာရသူလည်း အများအပြားရှိနေကြောင်း သိရသည်။

အဆိုပါ ငလျင်ဒဏ်ကြောင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အဆောက်အဦအချို့ ပြိုကျပျက်စီးမှုများရှိခဲ့ပြီး လေကြောင်းလိုင်းများ ယာယီပိတ်ထားရကြောင်း သိရသည်။ မန်းဖက်တွင် ငလျှင်သေးသေးလေးများလှုပ်ဆဲဟုလည်းဆိုသည်။

ထို့ပြင် ရန်ကုန် – မန္တလေး အမြန်လမ်းတွင်လည်း လမ်းပိုင်းအချို့နှင့် တံတားအချို့ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုရှိခဲ့သည့်အတွက် ရန်ကုန် – မန္တလေး အဝေးပြေးယာဉ်လိုင်းများအားလုံး ယနေ့ ညခရီးစဉ်များအား ပိတ်ထားရကြောင်း‌သိရသည်။

” ဒီည ခရီးစဉ်အားလုံး ဖျက်ထားရပါတယ်။ အမြန်လမ်းက သွားလို့မရလို့ပါ။ မနက်ဖြန်အတွက်ကလည်း အတိအကျပြောလို့မရပါဘူး။ အသေးစိတ်ကို အချိန်နဲ့တပြေးညီ ဖုန်းဆက်မေးပေးပါ” ဟု ရန်ကုန် – မန္တလေး အဝေးပြေးယာဉ်လိုင်းတစ်ခုဖြစ်သည့် မန္တ‌လာမင်း ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အချို့ယာဉ်များ ရန်ကုန် – မန္တလေး လမ်းဟောင်းမှ သွားလာမှုအနည်းငယ်ရှိနေသော်လည်း လက်မှတ်ဖြတ်မရတော့သည့်အခြေအနေရှိနေကြောင်းလည်း သိရသည်။

ယနေ့ လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် မန္တလေးမြို့တွင် သာသနိက အဆောက်အဦများ၊ ဟိုတယ်များ၊ အထပ်မြင့်တိုက်များအပါအဝင် ပျက်စီးဆုံးရှုံးမှုများခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများပင် မနိုင်နင်းသေးသည့်အခြေအနေဖြစ်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်နိုင်ငံ မှ Xiamen Blue Sky အဖွဲ့နှင့် မြန်မာဖူကျန့်စက်မှုကုန်သည်များ အသင်းတို့အား ၎င်းတို့ ကယ်ဆယ်ရေးလုပ်ဆောင်ရန် လိုအပ်သော ဒေသများသို့ Mann Yadanarpon Airlines မှ ကူညီပို့ဆောင်ပေး

မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံ မှ Xiamen Blue Sky အဖွဲ့နှင့် မြန်မာဖူကျန့်စက်မှုကုန်သည်များ အသင်းတို့မှ ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့ဝင်များအား လိုအပ်သော ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်နိုင်ရန် Mann Yadanarpon Airlines မှ တစ်ထောင့်တစ်နေရာမှ ပံ့ပိုးကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ Mann Yadanarpon Airlines မှ မြန်မာနိုင်ငံတွင် မကြာသေးမီက လှုပ်ခတ်ခဲ့သော ငလျင်ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ငလျင်ဘေးဒဏ်သင့်ဒေသများသို့ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တစ်ထောင့်တစ်နေရာမှ ပံပို့ကူညီပို့ဆောင်ပေးကြောင်း သိရသည်။ ထို့ကြောင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့်...

ဇမ္ဗူသီရိမြို့နယ်တွင် ငလျင်ကြောင့် ပြိူကျခဲ့သည့် တိုက်အမှတ် ၃၃၆၉ တွင် ပိတ်မိနေသူ အမျိုးသမီး (၁)ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ငလျင်ကြောင့် ပြိူကျခဲ့သည့် တိုက်အမှတ် ၃၃၆၉ တွင် ပိတ်မိနေသူ အမျိုးသမီး (၁)ဦးအား ယနေ့ ဧပြီ (၁)ရက် နံနက် (၉)နာရီ (၁၅)မိနစ်အချိန်တွင် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဇမ္ဗူသီရိမြို့နယ်တွင် ငလျင်ကြောင့် ုကျခဲ့သည့် တိုက်အမှတ် ၃၃၆၉ တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာ အသက် (၆၃)နှစ်ခန့် အမျိုးသမီး...

ငလျင်ဒဏ်သင့်ဒေသများသို့ လှူဒါန်းမှုများအတွက် ငွေလွှဲခ ကင်းလွတ်ခွင့်ပြု

အင်အားပြင်းလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်သင့်ဒေသများသို့ လှူဒါန်းမှုများအတွက် ငွေလွှဲခ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကထုတ်ပြန်ထားသည်။ မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ(OA-011834)စာရင်း၊ ရန်ကုန်မြို့၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်းအမှတ်၊ (0111284000000063) နှင့် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ရှိ နိုင်ငံခြားငွေစာရင်းအမှတ် (EDN-600018) သို့ ငွေလွှဲခ ကင်းလွတ်ခွင့်ဖြင့် ငလျင်ဒဏ်သင့်ဒေသများအား လှူဒါန်းငွေများလှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။ အလားတူဖော်ပြပါဘဏ်စာရင်းများသို့ အများပြည်သူမှ မြန်မာ ကျပ်ငွေဖြင့် လှူဒါန်းလိုပါက ဘဏ်ကောင်တာမှတစ်ဆင့် ငွေသားဖြင့်တိုက်ရိုက်ဖြစ်စေ၊ အခြားဘဏ် များမှတစ်ဆင့်စာရင်း ပြောင်းနည်း Account Transfer ဖြင့်ဖြစ်စေ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071