ငလျင်ဒဏ်ကြောင့် မန္တလေး ဘောလုံးအကယ်ဒမီကျောင်း ထိခိုက်ပျက်စီးခဲ့ကာ ဝန်ထမ်း(၁)ဦး အသက်ဆုံးရှုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး) တွင် နွေရာသီပိတ်ရက်ဖြစ်နေသဖြင့် ကျောင်းသားများ အကယ်ဒမီတွင် မရှိကြဘဲ နေရပ်ပြန်ကြသောကြောင့် ငလျင်လှုပ်ခတ်စဉ်အတွင်း ထိခိုက်မှု မရှိခဲ့ဟု အဖွဲ့ချုပ်က အသိပေးထားသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့် ဧရာဝတီဖောင်ဒေးရှင်း တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးမြို့ မြန်မာဘောလုံးအကယ်ဒမီအား သွားရောက်ကြည့်ရှု၍ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကာအားပေးစကား ပြောကြားခဲ့ပြီး ထောက်ပံ့ကူညီငွေပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကိုင်းနှင့် မန္တလေးရှိ ငလျင်ဘေးသင့်ရာနေရာများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီခြင်းနှင့် လှူဒါန်းမှုများ သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။