Monday, April 7, 2025

စစ်ကိုင်းနှင့် မန္တလေး အပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးတွင်...

ယနေ့ ဧပြီလ (၇) ရက် မြန်မာစံတော်ချိန် နံနက် (၇) နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒညျွန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည့် သတိပေးချက်အရ...

အင်းလေး ကေလာကျေးရွာတွင်ဖွင့်လှစ်ထားသည့် ယာယီဆေးရုံ၌လျှပ်စစ်မီးပြန်ရ

ငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ နယ်၊ အင်းလေးဒေသတွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ကာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပြီး တာဝန်ရှိသူများက ကေလာကျေးရွာတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ကူညီမှုများပြုလုပ်ပေးလျက်ရှိပြီး ထိခိုက်ဒဏ်ရာရသူများကိုလည်း ယာယီဆေးရုံဖွင့်လှစ်ကာ...

မန္တလေးမြို့တွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များကို နစက...

ချမ်းမြသာစည်မြို့နယ်ရှိ လေဆိပ်ဟောင်းနေရာ၌ ယာယီဆေးရုံဖွင့်လှစ်၍ ဆေးကုသပေးနေသည့် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ 60 Parachute Field Hospital တွင် ဆေးကုသမှုခံယူနေသူများကိုနစက ဥက္ကဋ္ဌက ဧပြီ...

စစ်ကိုင်းတွင် လုပ်အားပေးနေသည့် စေတနာ့ဝန်ထမ်းများ၊ မလေးရှား...

ဧပြီ ၆ ရက်နံနက်ပိုင်း စစ်ကိုင်းမြို့သို့ ရောက်ရှိနေသာ နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် "မြတ်"ကိုယ်ပိုင်အထက်တန်းကျောင်း၌ အပျက်အစီးများအား...
HomeNewsLocal Newsငလျင်ဒဏ်ခံပြည်သူများအတွက်ဝါရင့်တရုတ်လွှတ်တော်အမတ်ဝမ်းနည်း

ငလျင်ဒဏ်ခံပြည်သူများအတွက်ဝါရင့်တရုတ်လွှတ်တော်အမတ်ဝမ်းနည်း

ပေကျင်း၊ ဧပြီ ၃

အမျိုးသားပြည်သူ့ကွန်ဂရက်လွှတ်တော် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဇန် ချင်ဝေ သည် မြန်မာနိုင်ငံတွင် အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ဒုက္ခရောက်ခဲ့ရသူများအတွက်ဝမ်းနည်ကြောင်း ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ ဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့သည်။

ဇန် သည် မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သောငလျင်ကြောင့် လူအများထိခိုက်သေဆုံးမှုများနှင့် ပစ္စည်းဥစ္စာများ ဆုံးရှုံးခဲ့ရမှုအတွက် အလွန်ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။ ငလျင်လှုပ်ခတ်မှု ပြီးပြီးချင်း တရုတ်သမ္မတ ရှီကျင်းဖျင့် က မြန်မာခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ချက်ချင်း ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံကို ကူညီကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ပေးခဲ့သည့် ပထမဆုံးသော နိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး ငလျင်ဘေးသင့်ပြည်သူများကို ဆက်လက်၍ အပြည့်အဝ ပံ့ပိုးကူညီသွားမည်ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက မြန်မာနိုင်ငံကိုယ်စား ရှီ ၏ ဝမ်းနည်းကြောင်း သဝဏ်လွှာအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ငလျင်ဘေး ကယ်ဆယ်ရေးတွင် အစွမ်းကုန် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာ-တရုတ် ဆက်ဆံမှု၏ လေးနက်သော အဓိပ္ပါယ်ကို ပြသကာ အနာဂတ်တွင်လည်း အေးအတူပူအမျှ၊ သုခ၊ ဒုက္ခ ကိုမျှဝေ ခံစာ မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ ယခုကူညီမှုကိုလည်း မြန်မာ ပြည်သူပြည်သားများက အစဉ်အမြဲ အမှတ်ရနေမည်ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့သည်။
Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းနှင့် မန္တလေး အပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလ အသိပေးထား

ယနေ့ ဧပြီလ (၇) ရက် မြန်မာစံတော်ချိန် နံနက် (၇) နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒညျွန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည့် သတိပေးချက်အရ ငလျင်ဒဏ် အပြင်းအထန် ခံစားနေရသည့် စစ်ကိုင်းနှင့် မန္တလေး အပါအဝင် တိုင်းနှင့် ပြည်နယ် အားလုံးတွင် မိုးထစ်ချုန်း ရွာနိုင်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်ကြောင်း သိရသည်။ လက်ရှိ ဘင်္ဂလားပင်လယ်အော် အခြေအနေအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ယနေ့ညနေအထိ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင်...

အင်းလေး ကေလာကျေးရွာတွင်ဖွင့်လှစ်ထားသည့် ယာယီဆေးရုံ၌လျှပ်စစ်မီးပြန်ရ

ငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ နယ်၊ အင်းလေးဒေသတွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ကာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပြီး တာဝန်ရှိသူများက ကေလာကျေးရွာတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ကူညီမှုများပြုလုပ်ပေးလျက်ရှိပြီး ထိခိုက်ဒဏ်ရာရသူများကိုလည်း ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ပေးလျက်ရှိရာ သက်ဆိုင်ရာဆေးရုံနှင့် ယာယီကယ်ဆယ်ရေးစခန်းတို့၌ လျှပ်စစ်မီးပြန် လည်ရရှိရန် ညောင်ရွှေမြို့နယ်လျှပ်စစ်အင်ဂျင်နီ ယာရုံးမှ ဝန်ထမ်းများကဆောင်ရွက်ခဲ့ကြသဖြင့် ဧပြီ ၆ ရက်၊ ည ၇ နာရီ ၁၀ မိနစ်တွင် ကေလာဘုန်းတော်ကြီးကျောင်းနှင့် ယာယီဆေးရုံတို့အား လျှပ်စစ်ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များကို နစက ဥက္ကဋ္ဌသွားရောက်တွေ့ဆုံ

ချမ်းမြသာစည်မြို့နယ်ရှိ လေဆိပ်ဟောင်းနေရာ၌ ယာယီဆေးရုံဖွင့်လှစ်၍ ဆေးကုသပေးနေသည့် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ 60 Parachute Field Hospital တွင် ဆေးကုသမှုခံယူနေသူများကိုနစက ဥက္ကဋ္ဌက ဧပြီ ၆ ရက် နေ့ကသွားရောက်နှုတ်ဆက်၍ အားပေးခြင်းနှင့် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ပြီးနောက် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ ကိုလည်ကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။ နစက ဥက္ကဋ္ဌသည် မင်္ဂလာမန္တလေးဟိုတယ်ရှေ့၌ ယာယီအခြေပြု၍ ကူညီကယ်ဆယ်ရေးလုပ် ငန်းများပူးပေါင်းဆောင်ရွက်နေသည့် တရုတ်နိုင်ငံ China Search and Rescue အဖွဲ့အားသွားရောက်တွေ့ဆုံပြီး တရုတ်နိုင်ငံနှင့် မြန် မာနိုင်ငံတို့သည် ခွဲခြား၍မရသည့် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071