“ကူဖို့လှူဖို့ဝယ်ယူစို့” ဆိုသည့်ခေါင်းစဥ်နှင့်အညီငလျင်ဒဏ်သင့်ဒေသများသို့ ကူရန်လှူရန် ပစ္စည်းများလုပ်ငန်းရှင်ပေါင်း (၁၀၀) ကျော်နဲ့ ပြခန်းပေါင်း (၁၀၀) ကျော်ကို ဧပြီလ ၈ ရက်နေ့မှ ၉ ရက်နေ့ထိ ၂ ရက်တိုင်တိုင် FORTUNE PLAZA (မင်းနန္ဒာလမ်းနှင့် သုမနလမ်းထောင့်၊ သာကေတ) ၊ နံနက် (၉း၃၀) မှ ညနေ (၆း၃၀) ထိအကျိုးအမြတ်မယူပဲဈေးနှုန်းသက်သာစွာရောင်းချပေးသွားမှာဖြစ်ပါသည် ။
အဆိုပါ ပွဲကျင်းပဖြစ်တာနှင့်ပတ်သက်ပြီးMDEA ရဲ့ ဥက္ကဌ ဖြစ်သူဦးအောင်ဇေယျာလွင် က
” ငလျင်ဒဏ်ဖြစ်သွားတဲ့နေရာတွေအတွက်စေတနာရှင်တွေက လှူဒါန်းချင်ကြတယ် ။ဒါပေမယ့်ခက်ခဲမှုတွေရှိနေတော့ စေတနာရှင်နဲ့လုပ်ငန်းရှင်ကြီးတွေကိုချိတ်ဆက်ပေးတဲ့ပွဲ ဖြစ်ပါတယ် ။ လုပ်ငန်းရှင်တွေကလည်း အကျိုးအမြတ်မယူပဲ ရောင်းပေးနိုင်ဖို့ စီစဥ်ထားတာဖြစ် ကြောင်း “ပြောခဲ့သည် ။
မြန်မာနိုင်ငံဒီဂျစ်တယ်စီးပွားရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း(MDEA)သည် ငလျင်ဘေးသင့်ဒေသများရှိပြည်သူများအား ကူညီထောက်ပံ့ပေးနိုင်ရန်အတွက် ပစ္စည်းများထုတ်လုပ်ဖြန့်ဖြူးရောင်းချသူနှင့် လှူဒါန်းလိုသောစေတနာရှင်များအား ချိတ် ဆက်၍ MDEA ၏ စီမံခန့်ခွဲမှုဖြင့် ဒေသအသီးသီးရှိ ဒေသအခြေစိုက် အဖွဲ့အစည်းများထံသို့ Royal Express နှင့် Ninja Van တို့မှ အခမဲ့ပေးပို့လှူဒါန်းပေးနိုင်ရန် စီစဥ်ထားကြောင်း သိရသည် ။