ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်က ငလျင်ဒဏ်သင့်မြို့(၃)မြို့ဖြစ်သော စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ ငလျင်သင့်ပြည်သူများအား (၅) ရက်ကြာ လူသားချ င်းစာနာမှု အကူအညီပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာ၌ အစားအသောက်၊ ဆေးဝါး၊ အသုံးအ ဆောင်ပစ္စည်းများအပြင် ဆန်အိတ် (၂,၀၀၀)၊ ရေသန့်ကဒ် (၇,၃၃၄)ကဒ် နှင့် စာသုံးဆီကား(၂)စီး (၈၄,၅၅၄) လီတာတို့ကို သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးနှင့် လှူဒါန်းမှုများပြုလုပ်ရာ တွင် HEYDAY Energy Group of Compa nies မှ ဦးဆောင်ကာ ရန်ကုန် တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်၊ HEY Play၊ HTV Channel ၊ HTV Sports Channel မိသားစုများနှင့်အတူ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်သည် MNL20 တ န်းတက်ရေးအ တွက် ယှဉ်ပြိုင်ကစားနေရသည့် MNL2 Promotion Amateur Club Tournament ဗိုလ်လုပွဲစဉ်အ ပြီး သွားရောင်ခဲ့ခြင်းဖြစ် သည်ဟု အသိပေးထားသည်။