ငလျင်ဒဏ်ခံစားခဲ့ရသည့် ဒေသများတွင် နောက်ဆက်တွဲဖြ စ်ပွားတတ်သည့် ကျန်းမာရေဆိုင်ရာ သတိပေးချက်များကို ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ တိုက်တွန်းချက်တွင် ကူးစက်ရောဂါများဖြစ်သည့် ဝမ်းပျက်ဝမ်းလျောရောဂါ၊ မျက်စိနာရောဂါ၊ အသက်ရှုလ မ်း ကြောင်းဆိုင်ရာရောဂါ ၊ ခြင်မှတဆင့် ဖြစ်ပွားတတ်သော ရောဂါများနှင့် မြွေအန္တရာယ် သတိပေးမှုများကို ကဏ္ဍအလို က် နှိုးဆော်ထားခြင်းဖြစ်သည်။
ထို့ပြင် အပူဒဏ်ကာကွယ်ခြင်း အတွက် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် ရောဂါအခံရှိသူများ အနေ ဖြင့် နေ့လယ်နေ့ခင်းများတွင် အရိပ်ရ၍ အေးမြသည့် လေ ဝင်လေထွက်ကောင်း သောနေရာများတွင် နားနေရန်၊ အလ င်း ပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့၍ ပွ သော အဝတ်အစားများဝတ်ဆင်ရန်၊ ပူပြင်းသောနေရောင် ခြည်အောက်တွင် အလုပ်လုပ်ကိုင်ခြင်းနှင့် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ရှားရန်၊ ရေနှင့်ဓာတ်ဆားရည်သောက်သုံးရန်၊ မိတ်နှင့် ယားနာဖုများထွက်ပါက ရေပတ်တိုက်၍ သနပ်ခါး လိမ်းခြင်းတို့ ပြုလုပ်ရန် အသိပေးနှိုးဆော်ထားသည်။