အင်အားကြီး ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုများခဲ့သ ည့် မြန်မာနိုင်ငံအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ (၇) သန်း ထပ်တိုးကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မတ်လ (၂၈) ရက်က ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် စစ်ကိုင်းနှင့် မန္တလေးအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် အပျက်စီးများနှင့် လူေ-သဆုံးမှု ၊ ထိခိုက်ဒဏ်ရာရမှုမြင့်မားခဲ့ပြီး ပြန်လည်ထူထောင်ရေးကို အချိန်ယူ လုပ်ဆောင်ကြရမည့်အခြေအနေဖြစ်သည်။
ငလျင်လှုပ်ခတ်ပြီးစက စတင်ကာ နိုင်ငံတကာ အကူအညီများ ဝင်ရောက်ခဲ့သလို လက်ရှိအချိန်ထိလည်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ ဆက်လက်ဝင်ရောက်နေဆဲဖြစ်သည်။
အမေရိကန်နိုင်ငံသည် မန္တလေးတိုင်းအပါအဝင် ငလျင်ဒဏ်သင့်ဒေသများမှ ငလျင်ဒဏ်ခံပြည်သူများအတွက် အရေးပေါ်ယာယီတဲများ၊ အစားအစာ၊ ဆေးကုသမှုနှင့် သန့်ရှင်းသော သောက်သုံးရေများ ထောက်ပံ့ပေးရန် လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ အကူအညီကို အမေရိကန်ဒေါ်လာ (၂) သန်း ကနဦး ပေးထားပြီး ယခုနောက်ထပ် (၇) သန်း တိုးမြှင့် ကူညီပေးခြင်း ဖြစ်သည်။
အလားတူ ဖင်လန်နိုင်ငံကလည်း နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများအဖွဲ့ချုပ် (IFRC) မှတဆင့် ယူရို (၁) သ န်း ကျော် အကူအပေးညီရန် ကတိပြုထားပြီး ကျန်းမာရေးစော င့်ရှောက်မှု၊ သန့်ရှင်းသောရေ၊ သန့်ရှင်းရေးနှင့် ယာယီ အိမ်ရာများအတွက် ရည်ရွယ်ပေးလှူမည်ဟု သိရသည်။
ငလျင်ဒဏ်ခံ မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ (၁၄) သန်း၊ ဗြိတိန်နိုင်ငံက အမေရိကန်ဒေါ်လာ (၁၂.၉) သန်း၊ သြစတြေးလျနိုင်ငံက အမေရိကန်ဒေါ်လာ (၉) သန်း၊ ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ (၆) သန်း၊ အိုင်ယာလန်နိုင်ငံက အမေရိကန်ဒေါ်လာ (၆.၅)သန်း ထောက်ပံ့ပေးထားပြီး မြန်မာငလျင်အတွက် အများဆုံးအကူညီပေးထားသည့် နိုင်ငံများစရင်တွင်း ရပ်တည်နေသည်။
မြန်မာပြည်သူများကလည်း ငလျင်ဘေးအန္တရယ်ကျရောက်မှုအတွက် လူသားချင်းစာနာမှု အကူအညီများ ၊ အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပြီး အလှူငွေများလည်း ထည့်ဝင်လှူဒါန်းပေးလျက်ရှိသည်။