Friday, April 25, 2025

ဘိလပ်မြေစျေးမြှင့်ပြီးရောင်းသည့် အရောင်းဆိုင် (၆၀)ကျော်ကို အရေးယူရန်ဆောင်ရွက်နေ

ဘိလပ်မြေဝယ်လိုအားမြင့်တက်နေချိန်တွင် စျေးကွက်အတွင်း၌ စျေးနှုန်းမြှင့်တင်ပြီးရောင်းချနေသည့် အရောင်းဆိုင်(၆၀)ကျော်ကို အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များသည် နေပြည်တော်ရှိ မြို့နယ်(၈)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်(၅၉)ဆိုင်နှင့် ဂိုထောင်(၁)လုံး၊ ရန်ကုန်တိုင်းရှိ မြို့နယ်(၃၄)မြို့နယ်မှ...

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကိုရေးသားထားသည့် စာကောင်းပေမွန်များကို...

စာကြည့်တိုက်များ၌ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကိုရေးသားထားသည့် စာကောင်းပေမွန်များကို ထိန်းသိမ်းထားရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၄...

ငလျင်ဒဏ်ကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ပျက်စီးခဲ့မှုများကို နစက...

အလွန်အင်အားပြင်းထန်သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကြီး၏ ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၄...

Sky Villa အားရှင်းလင်းရာအမျိုးသား(၄)ဦး၏ရုပ်အလောင်းတွေ့ရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦး၏ အဆောက်အဦး C အဆောင်နှင့် D အဆောင်တို့အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယနေ့...
HomeNewsLocal Newsငလျင်ဒဏ်သင့် မြန်မာပြည်သူများနှင့် တစ်သားတည်းရှိကြောင်း...

ငလျင်ဒဏ်သင့် မြန်မာပြည်သူများနှင့် တစ်သားတည်းရှိကြောင်း အမေရိကန် အစိုးရ ပြော

ငလျင်ဒဏ်သင့် ခံစားနေရသော မြန်မာပြည်သူများနှင့်အတူ တစ်သားတည်းရပ်တည်နေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ယနေ့တွင် ပြောကြားသည်။

ယနေ့ ဧပြီ(၁၃)ရက်တွင် ကျရောက်သည့် ၂၀၂၅ ခုနှစ် မြန်မာအတာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကူးအခါသမယအချိန်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက နှစ်သစ်ကူးဆုမွန်ကောင်းအနေဖြင့် ထိုသို့ အသိပေးပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်သံရုံးမှတဆင့် ထုတ်ပြန်လာသည့် အသိပေးချက်တွင် ယခုနှစ် မတ်လ (၂၈) ငလျင်အပြီး၌ ဝမ်းနည်းပူဆွေးမှုနှင့် ပျက်စီးဆုံးရှုံးမှုများတွေ့ကြုံခဲ့ကြရသည့် လူပေါင်းများစွာနှင့်အတူ မိမိတို့ တစ်ပေါင်းတစ်စည်းတည်း ရှိနေကြောင်းနှင့် ခက်ခဲသောကာလအတွင်း မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက တစ်သားတည်းရပ်တည်နေသည်ဟု ရေးသားဖော်ပြထားသည်။

ထိုပြင် အမေရိကန် ပြည်ထောင်စုအနေဖြင့် အသက်ကယ်ဆယ်ရေးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို ပေးအပ်ရာတွင် နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်လက်ပူးပေါင်းသွားမည်ကြောင်း ဆိုထားသည်။

အလားတူ အခက်အခဲနှင့် ရင်ဆိုင်ရသည့်အခါ မြန်မာပြည်သူများ၏ သတ္တိနှင့် သဒ္ဓါတရားတို့မှာ ယခင်ထက်ပင် ပိုမိုထင်ရှားပေါ်လွင်ကြောင်း၊ အသစ်တဖန်ဖြစ်တည်ခြင်းနှင့် ပိုမိုကောင်းမွန်သည့် မနက်ဖြန်အတွက် မျှော်လင့်ချက်များကို သင်္ကြန်က မိမိတို့ကို ဆင်ခြင်မိစေကြောင်းလည်း ဆိုသည်။

မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် လုပ်ဆောင်နေသူများကို အားပေးကူညီသွားရန် မိမိတို့ ဆက်လက်သံန္နိဋ္ဌာန်ချ ထားပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် ဆက်လက်ပူး ပေါင်းဆောင်ရွက်သွားမည်ဟုလည်း ကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုက ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘိလပ်မြေစျေးမြှင့်ပြီးရောင်းသည့် အရောင်းဆိုင် (၆၀)ကျော်ကို အရေးယူရန်ဆောင်ရွက်နေ

ဘိလပ်မြေဝယ်လိုအားမြင့်တက်နေချိန်တွင် စျေးကွက်အတွင်း၌ စျေးနှုန်းမြှင့်တင်ပြီးရောင်းချနေသည့် အရောင်းဆိုင်(၆၀)ကျော်ကို အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များသည် နေပြည်တော်ရှိ မြို့နယ်(၈)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်(၅၉)ဆိုင်နှင့် ဂိုထောင်(၁)လုံး၊ ရန်ကုန်တိုင်းရှိ မြို့နယ်(၃၄)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်(၈၇)ဆိုင်နှင့် ပြည်ပမှ ဘိလပ်မြေတင်သွင်းရောင်းချသည့် ကုမ္ပဏီ(၃)ခု၊ မန္တလေးတိုင်းရှိ မြို့နယ်(၁၁)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်(၈၈)ဆိုင်တို့ကို စစ်ဆေးခဲ့ကြသည်။ ထို့ပြင် ပဲခူးတိုင်းရှိ မြို့နယ်(၃)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်(၁၉)ဆိုင်၊ စစ်ကိုင်းတိုင်းရှိ စစ်ကိုင်းမြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်(၄)ဆိုင်၊ ရှမ်းပြည်နယ်ရှိ မြို့နယ်(၃)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင်(၅၉)ဆိုင်တို့ကို ဧပြီ ၂၃ ရက်ကကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ စစ်ဆေးရာမှ ဝယ်ရင်းဈေးထက် အမြတ် ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်းမှ...

နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကိုရေးသားထားသည့် စာကောင်းပေမွန်များကို ထိန်းသိမ်းထားရန်လို

စာကြည့်တိုက်များ၌ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု သမိုင်းဖြစ်ရပ်မှန်များကိုရေးသားထားသည့် စာကောင်းပေမွန်များကို ထိန်းသိမ်းထားရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၄ ရက်နေ့လည်ပိုင်းက ငလျင်ဒဏ်ကြောင့်ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သော အမျိုးသားစာကြည့်တိုက်(နေပြည်တော်)အားကြည့်ရှုစစ် ဆေးစဥ် မှာကြားခဲ့သည်။ နစက ဥက္ကဋ္ဌမှ ငလျင်ဒဏ်သင့် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)အဆောက်အအုံနှင့် အဆောက်အအုံအတွင်းရှိ အလင်္ကာကျော်စွာ စည်သူ တက္ကသိုလ်မြတ်သူ စာစုများထားရှိသည့်အခန်း၊ အီလက်ထရွန်နစ်စာကြည့်တိုက်နှင့် စာဖတ်ခန်း၊ ဝန်ဇင်းမင်းရာဇာခန်းမ၊ စာအုပ်စင်ခန်းများ၊ ပေ၊ ပုရ ပိုက်ဌာနစိတ်နှင့် စာကြည့်တိုက်အတွင်း ထိခိုက်ပျက်စီးခဲ့မှုများ၊ စာအုပ်များကို အမျိုးအစားအလိုက် ထိန်းသိမ်းထားရှိမှုများကိုကြည့်ရှုစစ်ဆေးခဲ့သည်။ စာကြည့်တိုက်အတွင်းရှိစာအုပ်များအား စာပေအမျိုးအစားအလိုက်ခွဲခြား၍...

ငလျင်ဒဏ်ကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ပျက်စီးခဲ့မှုများကို နစက ဥက္ကဋ္ဌကြည့်ရှု

အလွန်အင်အားပြင်းထန်သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကြီး၏ ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၄ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရင်ပြင်တော်နေရာများ၊ မြေထိန်းနံရံနေရာများနှင့် သာသနိကအဆောက်အဦအချို့အား ပြန်လည်ပြုပြင်ခြင်းများကို စနစ်တကျအမြန်ဆုံးဆောင်ရွက်ရန်၊ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို မိုးရာသီမရောက်မီ ရနိုင်သမျှဆောင်ရွက်ရန်မှာကြားသည်။ ထို့အတူ နိုင်ငံတော်မှလည်း လိုအပ်သည်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကာ စေတီတော်ကြီးရှိ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းများဆောင်ရွက်ရာတွင် စေတနာရှင်အလှူရှင်များ ပါဝင်ကုသိုလ်ယူလှူဒါန်းနိုင်ရေးအတွက်လည်း နှိုးဆော်သွားရမည်ဟု မှာကြားခဲ့သည်။ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားအား ၂၀၀၆...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071