ငလျင်ဘေးသင့်ကလေးလူနာနှင့် အခြားလူနာများကို မြန်မာအရိုး အထူးကုနှင့် နိုင်ငံကာဆေးအဖွဲ့တို့မှ ခွဲစိတ်ကုသပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ရုရှားဖက်ဒရယ်ရှင်းနိုင်ငံမှ ဆေးအဖွဲ့သည် မြန်မာနိုင်ငံမှ အ ရိုးအထူးကု ဆရာဝန်ကြီးများနှင့် ပူးပေါင်းပြီး ဧပြီ(၄) ရက်တွင် ငလျင်ဘေးသင့် ကလေး လူနာ(၃)ဦးကို ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
အလားတူ ဘင်္ဂလားဒေရှ့်နိုင်ငံမှ ဆေးအဖွဲ့သည် မြန်မာနိုင်ငံမှ ခွဲစိတ်ဆရာဝန်ကြီးများနှင့် ပူးပေါင်းပြီး လူနာ(၃)ဦးကိုလ ည်းကောင်း၊ စုစုပေါင်း လူနာ(၆)ဦးကို လယ်ဝေးမြို့နယ် ခု တင် (၁၀၀) ဆေးရုံတွင် ခွဲစိတ်ကုသမှုပေးခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံမှ ဆေးအဖွဲ့ကလည်း အဆိုပါဆေးရုံတွင် ငလျင်ဘေးသင့် လူနာများအား ဆေးကုသမှု ပေးခဲ့ကြောင်း သိရသည်။