Thursday, April 24, 2025

အိန္ဒိယလုပ် ဘရာမို့စ်ဒုံးကျည် ဒုတိယအသုတ် ဖိလစ်ပိုင်ကို...

ဘရာမို့စ် တိုက်ခိုက်ရေးဒုံကျည်များကို သုံးသုတ်ခွဲပေးပို့မည့် အစီအစဉ်အရ ပထမအသုတ် ပေးပို့ပြီးနောက် တစ်နှစ်အကြာဖြစ်‌ေသာယခုအချိန်တွင် အိန္ဒိယနိုင်ငံက ဒုတိယအသုတ် ဒုံးကျည်များကို ဖိလစ်ပိုင်သို့ ပေးပို့လိုက်ကြောင်း သိရသည်။ ပထမအသုတ်...

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးထပ်လှုပ်မည်ဟု...

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးမားစွာလှုပ်မည်ဟု TikTok အကောင့်မှတစ်ဆင့် သတင်းမှ-ားလွှင့်ခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဧပြီ ၂၂ ရက်နံနက် ၁၀...

ငလျင်ဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်အစိုးရမှ အစားအစာနှင့်...

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံအစိုးရမှ အစားအစာနှင့် ဆေးဝါပစ္စည်းများကို ယနေ့ ဧပြီ ၂၃ ရက်က ဟနွိုင်းမြို့ရှိ မြန်မာသံရုံးသို့လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ...

ရုရှား၌လက်နက်ရုံပေါက်ကွဲ၊လူ ၄၅၀ ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ရ

မော်စကို၊ဧပြီ ၂၃ ရုရှားနိုင်ငံ ဗလာဒီမာအိုဘလက်စ်နယ်မြေ Kirzhach ခရိုင်ရှိ စစ်လက်နက်ခဲယမ်း သိုလှောင်ရုံတစ်ခုတွင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူပေါင်း ၄၅၀ ခန့်ကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကပြောကြားခဲ့သည်။ အင်္ဂါနေ့အစောပိုင်းကဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုတွင် လူလေးဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့်...
HomeNewsLocal Newsငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် မြန်မာ့လက်ရွေးစင်...

ငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးစိန်ဝင်းကြီး မိသားစုအား အလှူငွေပေးအပ်

မန္တ‌လေးမြို့ငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသ ည့် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးစိန်ဝင်းကြီး အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဘောလုံးမိသားဝင်များက သွားရောက်ဂါဝရပြုဆုတောင်းခဲ့ကြကြော င်း သိရသည်။

ထို့နောက် ကျန်ရစ်သူမိသားစုဝင်များကို အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဘောလုံးမိသားစုက ကျပ်ငွေ(၅၅)သိန်း အားကူညီခဲ့ပြီး၊ မန္တ လေးမြို့ အရိုးကုဆေးရုံကြီးသို့ ကျပ်သိန်း (၅၀)၊ လူနာရှင်တစ်ဦးလျင် ကျပ်(၅၀,၀၀၀)နှုန်းဖြင့် လူနာ (၄၉) ဦး တို့အားလှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ပျော်ဘွယ်မြို့ ၊ မြို့ကန်ဦးကျောင်းတိုက် ကူညီကယ် ဆယ်ရေး လုပ်ငန်းများအတွက် မြန်မာ့ဘောလုံး မိသားစုက ကျပ်သိန်း(၁၀၀) သွား ရောက်ကူညီလှုဒါန်းခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ငလျင်ဒဏ်သင့်ဒေသများသို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နည်းပြများ၊ ကစားသမားဟောင်းများ၊ ဒိုင်လူကြီးများ၊ MF F/MNL ဝန်ထမ်းများ ပါဝင်သည့် မြန်မာ့ဘောလုံး မိသားစုက ကူညီလှူဒါန်းခြင်းများ သွားရောက်ဆောင်ရွက်လျက် ရှိသည်ဟု အဖွဲ့ချုပ်က အသိပေးထားသည်။10:26

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိန္ဒိယလုပ် ဘရာမို့စ်ဒုံးကျည် ဒုတိယအသုတ် ဖိလစ်ပိုင်ကို ပေးပို့

ဘရာမို့စ် တိုက်ခိုက်ရေးဒုံကျည်များကို သုံးသုတ်ခွဲပေးပို့မည့် အစီအစဉ်အရ ပထမအသုတ် ပေးပို့ပြီးနောက် တစ်နှစ်အကြာဖြစ်‌ေသာယခုအချိန်တွင် အိန္ဒိယနိုင်ငံက ဒုတိယအသုတ် ဒုံးကျည်များကို ဖိလစ်ပိုင်သို့ ပေးပို့လိုက်ကြောင်း သိရသည်။ ပထမအသုတ် ပေးပို့စဉ်ကကဲ့သို့ အိန္ဒိယလေတပ် သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြင့် သယ်ယူပို့ဆောင်ခြင်းမဟုတ်ဘဲ ဒုတိယအသုတ်ကို သင်္ဘောဖြင့် ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု အိန္ဒိယ၏ အင်္ဂလိပ်ဘာသာသုံး သတင်းစာများဖြစ်သည့် The Economic Times နှင့် The New Indian Express တို့က ဖော်ပြသည်။ ဖိလစ်ပိုင်သည် အိန္ဒိယ-ရုရှား ဖက်စပ်လုပ်ငန်းဖြစ်သော BrahMos Aerospace Private Ltd...

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးထပ်လှုပ်မည်ဟု TikTok တွင်သတင်းမှ-ားလွှင့်ခဲ့သူ ဂျွန်မိုးသဲကိုဖမ်းဆီး

ဧပြီ ၂၁ ရက်တွင် ငလျင်ကြီးမားစွာလှုပ်မည်ဟု TikTok အကောင့်မှတစ်ဆင့် သတင်းမှ-ားလွှင့်ခဲ့သူ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲအား ဧပြီ ၂၂ ရက်နံနက် ၁၀ နာရီက မုံရွာမြို့တွင် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြကြောင်း သိရသည်။ စစ်ဆေးချက်များအရ ဂျွန်မိုးသဲသည် အများပြည်သူအထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ မဟုတ်မမှန်ရေးသားဖော်ပြခဲ့သည်ကို ဖော်ထုတ်သိရှိခဲ့ရသဖြင့် ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ၎င်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မုံရွာမြို့၌ပြုလုပ်သည့် ဆန္ဒပြပွဲများတွင် အကြိမ်(၂၀)ခန့်လိုက်ပါဆောင်ရွက်ခဲ့သဖြင့် မုံရွာနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က...

ငလျင်ဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်အစိုးရမှ အစားအစာနှင့် ဆေးဝါးများလှူဒါန်း

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံအစိုးရမှ အစားအစာနှင့် ဆေးဝါပစ္စည်းများကို ယနေ့ ဧပြီ ၂၃ ရက်က ဟနွိုင်းမြို့ရှိ မြန်မာသံရုံးသို့လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အစားအစာနှင့်ဆေးဝါးပစ္စည်းများအား ဗီယက်နမ်နိုင်ငံဆိုင်ရာ ဗင်နီဇွဲလား ဘိုလီဗာရီယန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Juan Carlos Fernandes Juarez ကပေးအပ်လှူဒါန်းရာ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးစိုးကိုကိုမှလက်ခံရယူ၍ ကျေးဇူးတင်မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့ပြင် ဒါကာမြို့ရှိ Parbatya Bhikkhu Sangha Bangladesh (PBSB)နှင့် စေတနာရှင်များစုပေါင်း၍ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် တာကာ(၁၄၀၀၀၀၀)ကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071