Thursday, April 24, 2025

ဝါရင့်ကွင်းလယ်လူလှိုင်းဘိုဘိုအား ရှမ်းယူနိုက်တက်အသင်း ခေါ်ယူ

လာမည့် ‌ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှုများ ဆက်တိုက်ပြုလုပ်နေသော ရှမ်းယူနိုက်တက် အသင်းသည် ဝါရင့်ကွင်းလယ်လူလှိုင်းဘိုဘိုအား ခေါ်ယူအားဖြည့်လိုက်ပြီဖြစ်သည်။ အသက် (၂၉)နှစ်အရွယ် လှိုင်းဘိုဘိုသည် မန္တလေး၊ ပလိပ်ဘောလုံးသင်တန်းကျောင်းမှ ထွက်ပေါ်လာသူ...

Meta ၏ဉာဏ်ရည်တုသည် လူကဲ့သို့မြင်နိုင်၊ ဆင်ခြင်နိုင်၊...

ဧပြီ ၂၃ Meta ၏ FAIR အဖွဲ့သည် စက်ရုပ်၏မြင်သိနားလည်မှုနှင့် ဉာဏ်ရည်ကို တော်လှန်ရန် ရည်ရွယ်၍ ဒီဇိုင်းထုတ်တီထွင်ထားသော အစဉ်အလာမှ ဖေါက်ထွက်သော ကိရိယာငါးခုကို...

ကမ္ဘောဒီးယားနှင့်စင်္ကာပူတို့ ပညာရေးပူးပေါင်းမှုမြှင့်တင်မည်

စင်္ကာပူ၊ဧပြီ ၂၃ ကမ္ဘောဒီးယားနိုင်ငံပညာရေး လူငယ်နှင့်အားကစားဝန်ကြီးဌာနဝန်ကြီးမစ္စတာ Hang Chuon Naron သည် စင်္ကာပူပညာရေးဝန်ကြီး မစ္စတာ Chan Chun Sing နှင့်တွေ့ဆုံစဉ်...

တယ်လီကွန်းလိ-မ်လ-ည်သူ (၉၀၀) ကျော်ကို မြန်မာကတရုတ်သို့လွှဲပြောင်းပေး

ပေကျင်း၊ဧပြီ ၂၃ တယ်လီကွန်းလိ-မ်လ-ည်မှုဖြင့် သံသယရှိသူ (၉၂၀) ကျော်ကို မြန်မာနိုင်ငံမှတာဝန်ရှိသူအရာရှိများက တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မြန်မာနိုင်ငံမြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်အနီးရှိ အကြီးစားတယ်လီကွန်းလိမ်လည်မှုစင်တာများကို...
HomeNewsငလျင်အပြီးထိုင်းကွန်ဒိုဈေးကွက်

ငလျင်အပြီးထိုင်းကွန်ဒိုဈေးကွက်

မြန်မာနိုင်ငံတွင် မန္တလေး ငလျင်ကြီးလှုပ်ရာ၌ ဘန်ကောက်မြို့ထိ ပါ လှုပ်ခတ်သွားခဲ့ရာ အထပ်မြင့်  အဆောက်အအုံ ၅၉၉၄ လုံးရှိ ဘန်ကောက် မြို့ လည်း အုတ်အော်သော်နင်းဖြစ်ခဲ့ရသည်။

၂၀၂၅ခုနှစ်တွင်ထိုင်းနိုင်ငံ၏ ကွန်ဒိုမီနီယံဈေးကွက် ရင်ဆိုင်နေရသည့်စိန်ခေါ်မှုမှာ
–  နိုင်ငံတကာ ခရီးသွားများကို မှီခိုနေရသည့် အချိန်တွင် ဆောက်လုပ်ဆဲ SAO အဆောက်အဦ ပြိုကျမှုကထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပုံရိပ်ကို ထိခိုက်နိုင်ခြင်း

-ကွန်ဒိုနေထိုင်သူအများစုက ကြောက်စိတ်ကြောင့် ၎င်းတို့၏ ကွန်ဒိုများကို ရောင်းချရန် စဉ်းစားနေကြခြင်း
စသည်တို့ပါဝင်သည်။

ထိုင်းကွန်ဒိုမီနီယံအသင်းဥက္ကဋ္ဌ Prasert Taedullayasatit သည် Prachachat Business နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အဆိုပါစိုးရိမ်မှုများကို ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ၏အိမ်ခြံမြေကဏ္ဍအပေါ် မျှော်မှန်းထားသောအကျိုးသက်ရောက်မှုများအကြောင်း မေးခွန်း ၁၀ခုကိုဖြေကြားခဲ့သည်။

ကွန်ဒိုအ​ခြေအ​နေ၊ဒီနှစ်ကွန်ဒိုဈေးကွက် ပြိုကျနိုင်လား၊ကွန်ဒိုမီနီယံအသင်းသည် အဖွဲ့ဝင်များနှင့် developer များကိုဘယ်လိုချိတ်ဆက်လုပ်ဆောင်နေလဲ၊ကွန်ဒိုဥပ​ဒေများအ​ကြောင်း၊အ​ဆောက်အအုံအရည်အ​သွေးနှင့်အင်ဂျီနီယာများအရည်အ​သွေးတို့အ​ကြောင်းများပါဝင်​ဖြေကြားသွားရာမှအနည်းငယ်ကို ​ကောက်နုတ်​ဖော်ပြသွားပါမည်။

လူနေအဆောက်အအုံများမှ လူသေဆုံးမှု မရှိခဲ့ပါ။ထိုင်းနိုင်ငံသည် ရစ်ခ်ျတာစကေး ၈.၂ အဆင့်ရှိ ငလျင်ကို ခံနိုင်ရည်ရှိပြီး ပင်မတည်ဆောက်ပုံများပျက်ယွင်းမှု မရှိခဲ့ပေ။ အက်ကွဲကြောင်းများပေါ်လာသော်လည်း အဆောက်အဦများသည် ပုံသဏ္ဍာန်ပျက်နေခြင်းမျိုး ပြိုကျခြင်းမျိုးမရှိပေ။

ပြိုကျခြင်းမှ ကာကွယ်ရန်အတွက် အဆောက်အဦများကို ကွေးညွှတ်ရန် ဒီဇိုင်းထုတ်ထားသောကြောင့် အက်ကြောင်းများသည် ရှောင်လွှဲ၍မရနိုင်ပါ။ဒိအချက်ကို ရှင်းရှင်းလင်းလင်းသိပြီး လူအများ နားလည်လာတာနဲ့အမျှ ပူပန်မှု​လျော့ကျလာပါမယ်။

ကွန်ဒို​နေသူများဘေးကင်းစေရန်နှင့် ယုံကြည်မှုပြန်လည်ရရှိစေရန် Third-party အကဲဖြတ်မှုများကို လုပ်ဆောင်​နေကြပြီး ကြားနေအင်ဂျင်နီယာကုမ္ပဏီများကို ခေါ်ယူ​နေကြပါတယ်။

လူတွေက ထိတ်လန့်နေကြတယ်။ယုံကြည်မှုတွေ ပြန်ရဖို့လိုတယ်။ လူတွေရဲ့ ခံစားချက်တွေ ပြန်တည်ငြိမ်လာတဲ့အထိ ကျွန်တော်တို့ စောင့်ရပါမယ်။ လူတွေကို လက်တွေ့ဘဝထဲ ပြန်သွင်းဖို့ အချိန်တန်ပါပြီ။ ၂၀၁၁ ခုနှစ်ကအကြီးအကျယ် ရေကြီးတုန်းကဆိုရေနှစ်မီတာ​လောက်နစ်သွားတဲ့ အိမ်​တွေကိုပြန်​နေဖို့တွန့်ဆုတ်နေခဲ့ကြတာမှတ်မိ​သေးလား။ ဒါပေမယ့်  တည်ငြိမ်လာတာနဲ့အမျှ  ပြန်လာခဲ့ကြတယ်။ ဒါကဘာကိုပြလဲဆိုရင် “ရွေးချယ်စရာမရှိ၊ ပြောင်းလဲပစ်လို့မရနိုင်” လို့ခေါ်တဲ့ မော်ဒယ်တစ်ခုပါ ဟု ကွန်ဒိုအသင်းဥက္ကဋ္ဌ က ဆိုသည်။

Ref:Khaosoad

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝါရင့်ကွင်းလယ်လူလှိုင်းဘိုဘိုအား ရှမ်းယူနိုက်တက်အသင်း ခေါ်ယူ

လာမည့် ‌ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှုများ ဆက်တိုက်ပြုလုပ်နေသော ရှမ်းယူနိုက်တက် အသင်းသည် ဝါရင့်ကွင်းလယ်လူလှိုင်းဘိုဘိုအား ခေါ်ယူအားဖြည့်လိုက်ပြီဖြစ်သည်။ အသက် (၂၉)နှစ်အရွယ် လှိုင်းဘိုဘိုသည် မန္တလေး၊ ပလိပ်ဘောလုံးသင်တန်းကျောင်းမှ ထွက်ပေါ်လာသူ ဖြစ်ပြီး ရတနာပုံ (လူငယ်အသင်း) တွင်စတင် ကစားခဲ့သူတစ်ဦး ဖြစ်သည်။ ထို့နောက် ၂၀၁၃ ခုနှစ်မှ စတင်ကာ ရတနာပုံစီနီယာအသင်းတွင် ကစားခဲ့ပြီး နောက်ဆုံးဘောလုံးရာသီ (၂) ခုတွင် ရန်ကုန်ယူနိုက်တက်အသင်း၌ ပါဝင်ကစားခဲ့သည်။ ရှမ်းပြည်နယ်ကိုယ်စားပြု ကလပ်အသင်းဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းသည် ပြည်ပကစားသမား ခေါ်ယူမှုများအား ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်ဟု အသင်းက အသိပေးထားသည်။ Myanmar National League...

Meta ၏ဉာဏ်ရည်တုသည် လူကဲ့သို့မြင်နိုင်၊ ဆင်ခြင်နိုင်၊ ပူးပေါင်းနိုင်ပြီ

ဧပြီ ၂၃ Meta ၏ FAIR အဖွဲ့သည် စက်ရုပ်၏မြင်သိနားလည်မှုနှင့် ဉာဏ်ရည်ကို တော်လှန်ရန် ရည်ရွယ်၍ ဒီဇိုင်းထုတ်တီထွင်ထားသော အစဉ်အလာမှ ဖေါက်ထွက်သော ကိရိယာငါးခုကို ထုတ်ဖော်ပြသခဲ့သည်။ ဤကိရိယာများသည် ပိုမိုပြတ်သားသောအမြင်၊ လေးနက်သော ကျိုးကြောင်းဆင်ခြင်မှုနှင့် လူမှုဆက်ဆံရေးအသိအမြင်ကို မြှင့်တင်ပေးပါသည်။ စက်ရုပ်များသည် သဘာဝဘာသာစကားကို အသုံးပြု၍ အရာဝတ္တုများကို မှတ်သား ရှာဖွေဖော်ထုတ် နိုင်သည်၊ လူသားများနှင့် ထိထိရောက်ရောက် ပူးပေါင်းလုပ်ဆောင်နိုင်သည်၊ ကိုယ်တိုင်လည်း လွတ်လပ်စွာ လေ့လာသင်ယူနိုင်ပြီဖြစ်သည်။ ၎င်းသည် ပိုမိုထက်မြက်သော AI သက်သက်မျှသာ မဟုတ်ပါ။ ဉာဏ်ရည်တု AI...

ကမ္ဘောဒီးယားနှင့်စင်္ကာပူတို့ ပညာရေးပူးပေါင်းမှုမြှင့်တင်မည်

စင်္ကာပူ၊ဧပြီ ၂၃ ကမ္ဘောဒီးယားနိုင်ငံပညာရေး လူငယ်နှင့်အားကစားဝန်ကြီးဌာနဝန်ကြီးမစ္စတာ Hang Chuon Naron သည် စင်္ကာပူပညာရေးဝန်ကြီး မစ္စတာ Chan Chun Sing နှင့်တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ပညာရေးပူးပေါင်းမှုမြှင့်တင်ရန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ မစ္စတာဟန်သည် ပညာသင်ဖလှယ်ရေး အစီအစဉ်ဖြင့် စင်္ကာပူသို့ တရားဝင်ခရီးစဉ်ဖြင့် ရောက်ရှိနေခြင်းဖြစ်သည်။ မစ္စတာဟန်က ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန်ရည်ရွယ်၍ ၎င်းတို့၏ သက်ဆိုင်ရာပညာရေးစနစ်များ၏တိုးတက်မှုများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ကမ္ဘောဒီးယားနှင့်စင်္ကာပူနှစ်နိုင်ငံအကြား နှစ် (၆၀) သက်တမ်းရှိသည့် နှစ်နိုင်ငံဆက်ဆံရေးကိုလည်း အလေးပေးပြောကြားခဲ့သည်ဟု သိရသည်။ ထို့ပြင် သင်ကြားရေးစနစ်မြှင့်တင်ရန်နှင့် ပညာရေးအရည်အသွေးတိုးတက်စေရန်အတွက် ကမ္ဘောဒီးယားပညာရေးဝန်ကြီးဌာန၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071