Friday, January 17, 2025

မော်လမြိုင်မြို့ SONY ဆိုင်မီးလောင်မှုတွင် တွေ့ရှိခဲ့ရသည့်...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ် ကွက်၊ အောက်လမ်းမကြီးတွင်ဖွင့်လှစ်ထားသည့် SONY ဆိုင်တွင် ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့လည် ၁ နာရီခန့်က...

ပင်လုံမြို့ရှိ နန်းကင်ပူ စေတီထီးတော်တင်ပွဲနှင့် တရားကျင်းပရန်...

ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့ရှိ နန်းကင်ပူစေတီ ထီးတော်တင်ပွဲနှင့် တရားပွဲကျင်းပရန် ယနေ့ ဇန်နဝါရီ(၁၇)ရက်၌ မိုင်းဖုန်းဆရာတော် ကြွချီသွားကြောင်း ဆရာတော်၏ တပည့်သာဝကများထံက သိရသည်။ ယခုကြွချီသည့်ခရီးစဉ်အတွင်း ဆရာတော်အနေဖြင့်...

ဆေးယဉ်ပါး တီဘီမျိုးဗီဇဓာတ်ခွဲစမ်းသပ်မှု နည်းပညာဆိုင်ရာများကို ကိုရီးယားနိုင်ငံမှ...

မြန်မာနိုင်ငံအမျိုးသား တီဘီတိုက်ဖျက်ရေး စီမံကိန်းမှ ပညာရှင်များက ကိုရီးယားနိုင်ငံမှ လာရောက်သော ပညာရှင်များနှင့် ပူးပေါင်း၍ တီဘီဆေးသစ်များ၏ ဆေးယဉ်ပါးမှုနှင့် ဆေးယဉ်ပါးတီဘီမျိုးဗီဇဓာတ်ခွဲစမ်းသပ်မှု နည်းပညာဆိုင်ရာ စာတွေ့လက်တွေ့လုပ်ဆောင်မှုများကို...

ကျားဖျန့်နှိမ်နှင်းရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန်အမြဲအသင့်ရှိဟု BGF...

ထိုင်း - မြန်မာ နယ်စပ် မြဝတီဘက်ခြမ်းရှိ အွန်လိုင်းလိ--မ်လည်မှုဂိုဏ်းများနှင့် ပတ်သက်၍ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းနှိမ်နှင်းသွားမည်ဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားမှု ထွက်ပေါ်လာပြီးနောက် ပူးပေါင်းဆောင်ရွက်ရန်...
HomeInternationalငလျင်အလွန်၌တိဘက်ဆည်တမံငါးခု၌ပြဿနာရှိနေ

ငလျင်အလွန်၌တိဘက်ဆည်တမံငါးခု၌ပြဿနာရှိနေ

ပြီးခဲ့သည့် သီတင်းပတ်က နိုင်ငံအနောက်တောင်ပိုင်းဒေသတွင် လှုပ်ခတ်ခဲ့သော ၆ ဒဿမ ၈ ရစ်ခ်တာစကေးအဆင့်ရှိ ငလျင်လှုပ်ပြီးတွင် ရေအားလျှပ်စစ်ဆည်တမံ ၁၄ ခုကို စစ်ဆေးခဲ့ရာတွင် ၅ ခု၌ အက်ကြောင်းထင်မှုများအပါအဝင် အပြစ်အနာအဆာများ တွေ့ရှိခဲ့သည်ဟု အရေးပေါ်ဌာန အရာရှိတစ်ဦးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါဆည်ငါးခုအနက် သုံးခုကို ပြင်ဆင်ထိန်းသိမ်းမှုများလုပ်ဆောင်ပြီးဖြစ်ကြောင်း တိဘက်ဒေသ အရေးပေါ်စီမံခန့်ခွဲရေးအရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ငလျင်ဗဟိုချက်ဖြစ်ခဲ့သော Tingri စီရင်စုရှိ ရေအားလျှပ်စစ်ဆည်တစ်ခု၏ နံရံများသည် နိမ့်ဆင်းသွားခဲ့သဖြင့် ဆည်အောက်ပိုင်းရှိ ကျေးရွာခြောက်ရွာမှ လူ ၁,၅၀၀ ခန့်ကို အမြင့်ပိုင်းနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ရသည်ဟု သူက ပြောဆိုခဲ့သည်။

နောက်ဆည်တစ်ခုတွင်မူ ဆည်ရေစီးထွက်မှုကြောင့် စောင့်ကြည့် စောင့်ကြည့်ရေးကိရိယာများ တပ်ဆင်ထားသည်ဟု ဆိုခဲ့သည်။

လူပေါင်း ၁၂၆ ဦးထက်မနည်း ‌ေ-သဆုံးစေခဲ့ပြီး ရာနှင့်ချီကာ ဒဏ်ရာရရှိခဲ့သည့် ငလျင်သည် ကမ္ဘာ့အစွန်အဖျားအကျဆုံး ငလျင်လှုပ်ရာဒေသများထဲမှ တစ်ခုတွင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ ရေအားလျှပ်ဆည်များကိုတည်ဆောက်ခြင်း၏ အန္တရာယ်ကို သတိပေးလိုက်ခြင်းဖြစ်သည်။

အတိတ်က ငလျင်လှုပ်ခတ်မှုများအတွင်း အထူးသဖြင့် မြေပြိုခြင်းများနှင့် ကျောက်ဆောင်ပြိုကျခြင်းများကြောင့် ဆည်များပျက်စီးခဲ့သည်။ နီပေါနိုင်ငံတွင် ၂၀၁၅ ခုနှစ်က လှုပ်ခတ်ခဲ့သော အားပြင်းငလျင်ကြီးကြောင့် ၎င်း၏ ရေအားလျှပ်စစ်ဆည်များထဲမှ ငါးပုံတစ်ပုံနီးပါးကို တစ်နှစ်ကျော်ကြာ ပိတ်ခဲ့ရသည်။

၂၀၀၈ ခုနှစ်က လှုပ်ခတ်ခဲ့သော စီချွမ်ငလျင်နောက်ပိုင်း တရုတ်နိုင်ငံ၏ ပဉ္စမမြောက် လူအ‌ေ-သအပျောက်အများဆုံးဖြစ်သည့် တိဘက်တွင် ဇန်နဝါရီ ၇ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေအိမ် ၃,၆၀၀ ကျော် ပျက်စီးခဲ့ကာ၊ ဘာသာရေးအဆောက်အအုံများ ထိခိုက်ခဲ့ပြီး ယခုတိုင် ရစ်ခ်တာစကေး ၅ ဒဿမ ၀ ရှိ နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်နေဆဲဖြစ်သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မော်လမြိုင်မြို့ SONY ဆိုင်မီးလောင်မှုတွင် တွေ့ရှိခဲ့ရသည့် ငွေကျပ်သိန်း(၃၀၀)ခန့်နှင့်ရွှေထည်ပစ္စည်းအချို့ကို ပိုင်ရှင်ထံပြန်အပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ် ကွက်၊ အောက်လမ်းမကြီးတွင်ဖွင့်လှစ်ထားသည့် SONY ဆိုင်တွင် ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့လည် ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဘိုဘိုဝင်း လူမှုကူညီရေးအဖွဲ့တို့ထံမှ သိရသည်။ ထိုသို့ မီးလောင်ကျွမ်းခဲ့သဖြင့် မော်လမြိုင်ခရိုင်/မြို့နယ်/နယ်မြေမီးသတ်စခန်းများမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက တစ်နာရီကျော်ကြာ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် မွန်းလွဲ ၂ နာရီ ၁၁ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးငြိမ်းသွားပြီးချိန်၌ ပျက်စီးမှုများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ရှင်းလင်းမှုများပြုလုပ်ရာ ဆိုင်အတွင်း၌ မီးလောင်ကျွမ်းခြင်းမရှိဘဲကျန်ခဲ့သည့် မီးခံသေတ္တာအတွင်းမှ ငွေကျပ်သိန်း(၃၀၀)ခန့်နှင့် ရွှေထည်ပစ္စည်းအချို့ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း...

ပင်လုံမြို့ရှိ နန်းကင်ပူ စေတီထီးတော်တင်ပွဲနှင့် တရားကျင်းပရန် မိုင်းဖုန်းဆရာတော် ကြွချီ

ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့ရှိ နန်းကင်ပူစေတီ ထီးတော်တင်ပွဲနှင့် တရားပွဲကျင်းပရန် ယနေ့ ဇန်နဝါရီ(၁၇)ရက်၌ မိုင်းဖုန်းဆရာတော် ကြွချီသွားကြောင်း ဆရာတော်၏ တပည့်သာဝကများထံက သိရသည်။ ယခုကြွချီသည့်ခရီးစဉ်အတွင်း ဆရာတော်အနေဖြင့် ပင်လုံမြို့ရှိ နန်းကင်ပူစေတီ ထီးတော်တင်ဆက်ကပ်တင်လှူပွဲအပြင် ပင်လုံမွေတော်ကျောင်း၊ နောင်လှိုင်အထွက် ပန်ကန်ရွာတို့ ရှိ စေတီများကိုလည်း ထီးတော်တင်လှူသွားရန်ရှိကြောင်းနှင့် ဒေသခံများကိုလည်း တရားဟောကြားသွားရန်ရှိကြောင်း သိရသည်။ "ဆရာတော် ပင်လုံဘက်သွားမယ့် ခရီးစဉ်ရှိတာတော့ကြားထားတယ်။ ဘယ်လိုကြွမလဲဆိုတာတော့မသိရသေးဘူး။ ဆရာတော်ကို ဖူးချင်တဲ့သူတွေ စောင့်ပြီးဖူးကြမယ်လို့တော့ကြားထားပါတယ်"ဟု တောင်ကြီး‌မြို့ ဒေသခံတစ်ဦးက ပြောသည်။ ဆရာတော်အနေဖြင့် ဇန်နဝါရီ (၁၅)ရက်နှင့် (၁၆) ရက်တို့၌ တောင်ကြီး...

ဆေးယဉ်ပါး တီဘီမျိုးဗီဇဓာတ်ခွဲစမ်းသပ်မှု နည်းပညာဆိုင်ရာများကို ကိုရီးယားနိုင်ငံမှ လာရောက်သော ပညာရှင်များနှင့် ပူးပေါင်း၍ စာတွေ့လက်တွေ့ သင်ကြားပြသပေး

မြန်မာနိုင်ငံအမျိုးသား တီဘီတိုက်ဖျက်ရေး စီမံကိန်းမှ ပညာရှင်များက ကိုရီးယားနိုင်ငံမှ လာရောက်သော ပညာရှင်များနှင့် ပူးပေါင်း၍ တီဘီဆေးသစ်များ၏ ဆေးယဉ်ပါးမှုနှင့် ဆေးယဉ်ပါးတီဘီမျိုးဗီဇဓာတ်ခွဲစမ်းသပ်မှု နည်းပညာဆိုင်ရာ စာတွေ့လက်တွေ့လုပ်ဆောင်မှုများကို သင်ကြားပြသပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံအကြိုလှုပ်ရှားမှုအနေဖြင့်ညွှန်ကြားရေးမှူးချုပ်၊ ဆေးသုတေသနဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန (Myanmar CDC)နှင့် အမျိုးသားမှီငြမ်းပြုတီဘီဓာတ်ခွဲခန်းတို့မှ ပြည်သူ့ကျန်းမာရေးနှင့် ဓာတ်ခွဲဘက်ဆိုင်ရာ ဆရာဝန်များ၊ သုတေသီများ၊ ဓာတ်ခွဲကျွမ်းကျင်များ စုစုပေါင်း(၁၅)ဦးအား တီဘီဆေးသစ်များ၏ ဆေးယဉ်ပါးမှုနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071