ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ တွေ့ဆုံ
နစက အဖွဲ့ဝင်၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့ မေ ၂၁ ရက်နံနက်ပိုင်းက နေပြည်တော်၌တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့က နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြပြီး ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးတို့အား ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအား ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့်အတူ နစက အဖွဲ့ဝင်ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်း ချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အ တွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်တို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အလားတူ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့မှလည်း RCSS အတွင်းရေးမှူး(၁)စဝ်စိုင်းငင်း၊ RCSS ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်စဝ်ဆောင်းဟန်တို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြသည်။
RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်ဆွေးနွေးပွဲအား မေ ၂၂ ရက်တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။